သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-10-06
၂၀ဝ၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ကြလို့ ရေးသားထားတဲ့ စာရွက်တွေ လိုက်လံကပ်တဲ့ လှုပ်ရှားမှုကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ အောက်တိုဘာလ ၆ရက် ဒီကနေ့မနက် လင်းအားကြီး အချိန်မှာ လူငယ်တစုက ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
2010-10-06
ကျောက်ပန်းတောင်းမြို့မှာ ကူးစက်တတ်တဲ့ ဦးနှောက် အမြှေးရောင် ရောဂါနဲ့ လူနှစ်ဦး၊ သွေးလွန်တုပ်ကွေး ရောဂါနဲ့ ကိုရင်၂ ပါး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သေဆုံးခဲ့သလို ဒီရောဂါတွေနဲ့ လူနာ တရာလောက် ဆေးရုံမှာ ဆေးကုသ ခံယူနေရတယ်လို့ သိရပါတယ်။
2010-10-06
ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ပလူဆိတ် ကျေးရွာအုပ်စုက အလယ်တန်း ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ တင်ဆောင်ပြီး မိကျောင်းအိုင်ကျေးရွာမှာ ပြုလုပ်တဲ့ ကျောင်းသားစုံညီပွဲတော် အသွား အောက်တိုဘာလ ၆ ရက် ဒီကနေ့ မနက် ၇ နာရီလောက်မှာ စက်လှေ နစ်မြုပ်ခဲ့လို့ လူ ၃၆ ယောက်လောက် ရေနစ်သေဆုံးခဲ့တယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။
2010-10-06
NLD ပါတီရဲ့ ရှမ်းပြည်စည်းရုံးရေးခရီးစဉ်မှာ တောင်ကြီးမြို့မှာ ရှမ်းပြည်နယ် မြို့နယ်အသီးသီးက ပါတီအောက်ခြေ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ပါတီရဲ့ ဆုံးဖြတ်ချက်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို အောက်တိုဘာ ၆ ရက် ဒီကနေ့ ပြောပြခဲ့တယ်လို့ အဖွဲ့ ခေါင်းဆောင် ဦးအုန်းကြိုင်က ပြောပါတယ်။
2010-10-05
ချင်းပြည်နယ်အတွင်း ဆက်လက်ဆိုးဝါးနေဆဲဖြစ်တဲ့ ကြွက်သောင်းကျန်းမှုပြဿနာ ကြောင့် မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ စတဲ့ တောင်ပိုင်းမြို့နယ်တချို့မှာ အခု နိုဝင်ဘာလအတွင်း စားနပ်ရိက္ခာ လုံးဝပြတ်တောက်မဲ့ အခြေအနေ ရှိတယ်လို့ ရန်ကုန်မြို့အခြေစိုက် ချင်းပြည်နယ် ကြွက်နှိမ်နင်းရေးနဲ့ ပြန်လည် ထူထောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဒင်က RFA ကို အောက်တိုဘာ ၅ ရက် ဒီကနေ့ ထုတ်ဖော်ပြောကြား ပါတယ်။
2010-10-05
သီရိလင်္ကာနိုင်ငံမှာ ဒုက္ခရောက်ပြီး အဆင်မပြေဖြစ်နေတဲ့ မြန်မာကလေး ၁၀၀ ကျော် ပြန်ခေါ်ဖို့ သီတဂူဆရာတော်ကြီး ကြိုးစားနေရာမှာ ၃၅ ယောက် ပါဝင်တဲ့ ပထမဦးဆုံး အသုတ်ဟာ လာမဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။
2010-10-05
နိုဝင်ဘာ ၇ ရက်နေ့ကျင်းပမဲ့ စစ်အစိုးရ ရွေးကောက်ပွဲအတွက် စစ်အစိုးရကျောထောက် နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်လောင်းတချို့ဟာ ရုပ်ရှင်ဂီတနဲ့ သဘင် အနုပညာရှင်တွေကို လိုက်လံ ငှားရမ်းနေတယ်လို့ သိရပါတယ်။
2010-10-05
ဒီကနေ့ အောက်တိုဘာလ ၅ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ မြန်မာနိုင်ငံမှာ ကျောင်းဆရာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ အခြေအနေတွေကို လူအများ သတိပြုမိအောင် နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတဦးက တကိုယ်တော် ဆန္ဒပြတယ်လို့ သိရပါတယ်။
2010-10-05
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကို စစ်အစိုးရက ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး၊ ပါတီအထွေထွေ အတွင်းရေးမှူးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၅ ရက် ဒီကနေ့ ဗဟိုတရားရုံးမှာ အမှုတင်ပြပြီး တရားစွဲဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ရှေ့နေ ဦးဉာဏ်ဝင်းက ဗဟိုတရားရုံးမှာ ဒီကနေ့ မနက်ပိုင်းက တင်ပြခဲ့တာဖြစ်ပါတယ်။
2010-10-04
ပဲခူးတိုင်း ဝေါမြို့မှာနေတဲ့ မိဘတွေက ကလေးစစ်သားအဖြစ် စုဆောင်းခံလိုက်ရတဲ့ သားကို ပြန်ခေါ်နိုင်ဖို့ ရန်ကုန်အိုင်အယ်လ်အို ရုံးခွဲကို ဒီနေ့ အောက်တိုဘာ ၄ ရက်မှာ စာရေးပြီး အကူအညီ တောင်းထားတယ်လို့ သိရပါတယ်။
2010-10-04
ရွေးကောက်ပွဲမှာ မဲမထည့် မနေရ ညွှန်ကြားချက်တွေ အာဏာပိုင်တွေက ထုတ်ပြန်သလို ပယ်မဲ မဖြစ်ရေးအတွက်ကြိုတင် ဆောင်ရွက်ရန် ညွှွန်ကြားမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
2010-10-04
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှာ ကျင်းပတဲ့ ဥရောပ-အာရှ ထိပ်သီးညီလာခံကနေ မြန်မာပြည်သူတွေ ဖိနှိပ်ခံနေရတာကို တညီတညွတ်တည်း ကန့်ကွက်ရှုတ်ချဖို့ အခွင့်အလမ်းကောင်းတခု ဖြစ်တယ်လို့ ဗြိတိသျှ ဒုတိယ ဝန်ကြီးချုပ် Nick Clegg က တိုက်တွန်းလိုက်ပါတယ်။
2010-10-04
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ ပါတီတခု ဖြစ်တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ SNLD က စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မသမာမှုနဲ့ အဂတိလိုက်စားမှု စောင့်ကြည့်ရေး နှိုးဆော်တဲ့ လှုပ်ရှားမှု တွေကို ရှမ်းပြည်နယ်တွေနဲ့ကချင်ပြည်နယ်တွေမှာ ဆောင်ရွက်နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2010-10-04
ပဲခူးမြို့မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှု၊ ရဲတပ်ဖွဲ့က အရပ်သား လူငယ် ၆ ဦးကို ထိုးကြိတ်မှုတွေမှာ ကျူးလွန်ခဲ့တဲ့ စစ်ဖက်နဲ့ ရဲဖက်က အရာရှိတွေ၊ တပ်သားတွေကို ထိန်းသိမ်း ချုပ်နှောင် စစ်ဆေးနေပြီး၊ မကြာခင် စီရင်ချက် ချမှတ်တော့မယ်လို့ သိရပါတယ်။
2010-10-03
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ ယုဇန ကုမ္ပဏီပိုင်မြေထဲမှာ ပြည်သူ့စစ် ဖွဲ့စည်းပြီး အောက်တိုဘာလ ၂ ရက်နေ့ က လက်နက်အပ်ပွဲ ကျင်းပသွားတယ်လို့ သိရပါတယ်။