သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-12
ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးခိုလုံနေကြရသော မြဝတီမြို့နဲ့ အနီးတဝိုက်က ပြည်သူများ၏ အခြေအနေကို တင်ပြထားပါသည်။
2010-11-11
လက်ရှိမြန်မာ့နိုင်ငံရေးမှာ ရွေးကောက်ပွဲ ဟန်ပြကျင်းပပြီး၊ တကယ်တော့ မြန်မာစစ်အစိုးရဟာ စစ်ပဒေသရာဇ်စနစ် နဲ့သာမြန်မာနိုင်ငံကို ဆက်လက် အုပ်ချုပ်သွားဖို့ ပြင်ဆင်ထားတာ ဖြစ်နိုင်တယ်လို့ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှာ မြန်မာ့နိုင်ငံရေး ခေတ္တ သုတေသန လုပ်နေတဲ့ လန်ဒန်စီးပွားရေးတက္ကသိုလ်က ဒေါက်တာဇာနည် ကပြောပါတယ်။
2010-11-11
မြန်မာနိုင်ငံ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ နိုဝင်ဘာ(၇)ရက်နေ့က မြဝတီမြို့ကို တရားမဝင် ဝင်ရောက်မှုနဲ့(၂) ညအိပ် (၃) ရက်ကြာ အဖမ်းခံရပြီး နိုဝင်ဘာ(၉) ရက်နေ့ ညနေမှာပြန်လွတ်လာသူ APF ဂျပန် ရုပ်သံသတင်းဌာန ပိုင်ရှင် Mr. Toru Yamaji က မြန်မာနိုင်ငံရဲ့ အချုပ်သားတွေဟာ အခြေခံရပိုင်ခွင့် တွေ ဆုံးရှုံးနေတယ်လို့ သူ့အတွေ့အကြုံကို RFA က သီးသန့်မေးမြန်းစဉ် ပြန်လည်ပြောဆိုပါတယ်။
2010-11-11
ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့နယ်က မဲစာရင်းပြုထားတဲ့ မှတ်တမ်းတွေကို ဖျက်ဆီးရမယ်လို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ဝန်ထမ်းတွေကို လျှို့ဝှက် ညွှန်ကြားလိုက်တယ်လို့သိရပါတယ်။
2010-11-11
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင် တွေ့ဆုံနိုင်ဖို့ တိုင်းနဲ့ပြည်နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ ဒီကနေ့ရန်ကုန်မြို့ကို ရောက်လာနေကြပြီလို့သိရပါတယ်။
2010-11-11
ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူနေဒေါ်ခင်ခင်ဝင်းနဲ့ သမီးဒေါ်ဝင်းမမတို့ အမှုအတွက် ဗဟိုတရားရုံးကို တင်သွင်းထားတဲ့ အထူးအယူခံကို ဒီကနေ့ ဗဟိုတရားရုံးက ပယ်လိုက်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
2010-11-10
ဗိုလ်မှူးကြီးစောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တပ်မဟာ ၅ တပ်တွေနဲ့ စစ်အစိုးရတပ်တွေ မြဝတီမြို့ပေါ်မှာ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် ၊ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့မှာတော့ အခြေအနေတွေ အတော်အတန် ငြိမ်သက်နေပြီလို့ သိရပါတယ်။
2010-11-10
စစ်အစိုးရက ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့အတွက် အသိအမှတ် မပြု နိုင်ကြောင်း ပဲခူးတိုင်းအတွင်းမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက လက်မှတ်ရေးထိုးတဲ့ ကြေညာချက်တစောင် နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ ထုတ်ပြန်ပြီး နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။
2010-11-10
NDF ပါတီအနေနဲ့ ရွေးကောက်ပွဲအတွင်း မသမာမှုမျိုးစုံ ကြုံတွေ့ခဲ့ရတာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်တင်ပြဖို့ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ ဆုံးဖြတ်ချက်ချခဲ့ပြီး ပြည်သူကို အစီရင်ခံတဲ့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
2010-11-10
ရန်ကုန်မြို့ ဩစတြေးလျနိုင်ငံ သံရုံးက သံအမတ်ကြီး Michelle Chan ဦးဆောင်တဲ့ သံကိုယ်စားလှယ်အဖွဲ့ဟာ အန်အယ်လ်ဒီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်းတို့နဲ့ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ နေ့လည် ၁ နာရီက ဦးတင်ဦးရဲ့ နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊
2010-11-10
လာမဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ချုပ်ရက်စေ့ပြီ ဖြစ်တဲ့ အတွက် ပြန်လွှတ်ပေးရမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ကန်သတ်ချက်တွေနဲ့ လွှတ်ပေးတာမျိုးကို လက်ခံမှာ မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။
2010-11-10
မြန်မာစစ်အစိုးရနဲ့ ပတ်သက်ပြီး လက်ရှောင်နေတာဟာ မဟာဗျူဟာ အကျိုးစီးပွားကြောင့် ဖြစ်ကြောင်း အိန္ဒိယအစိုးရ အရာရှိကြီးတယောက်က အေအက်ပီ သတင်းဌာနကို ပြောလိုက်ပါတယ်။
2010-11-10
တရုတ်ပြည်ကို သွားရောက်ခဲ့တဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းဟာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း မြန်မာပြည်အခြေအနေတွေကို ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2010-11-09
လွန်ခဲ့တဲ့ နှစ်ရက်က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဖမ်းဆီးခံထားရတဲ့ တိုကျိုအခြေစိုက် ဂျပန် APF သတင်းထောက်ကို ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ပြည်နှင်ဒဏ် ပေးလိုက်ပြီလို့ မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ APF သတင်းဌာန တာဝန်ရှိသူတွေက ပြောပါတယ်၊
2010-11-09
စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ပြီးသွားပေမဲ့ တပြည်လုံး အတိုင်းအတာနဲ့ အနိုင်အရှုံးစာရင်းကို တိတိကျကျ မကြေညာနိုင်သေးတာ တွေ့ရပါတယ်။ ဒါဟာ မဲမသမာမှုတွေကြောင့်လို့လည်း စုံစမ်းသိရှိရပါတယ်။