သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-07
မြန်မာပြည်တဝှမ်း ဒီကနေ့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ရာမှာ ပြည်နယ် အတော်များများမှာ ဒေသခံ တိုင်းရင်းသားပါတီတွေက အရွေးချယ်ခံရ တယ်လို့ ဆိုပါတယ်။ အထက်မြန်မာပြည် မန္တလေးမြို့နဲ့ ရန်ကုန်တိုင်းမှာ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ကမာရွတ် မြို့နယ်တွေက ရပ်ကွက်အများစုမှာ NDF အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားလှယ်တွေ အနိုင်ရတယ်လို့ သတင်းရပါတယ်။
2010-11-06
ကရင်နီပြည်နယ်အတွင်း ထိုင်းနယ်စပ်အနီး တနေရာမှာ သောကြာနေ့ညပိုင်းက ကရင်၊ ကရင်နီ နဲ့ မွန် တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြောက် ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့ ဆွေးနွေးကြပြီး ပြည်သူ့လွှတ်တော်တရပ် ဖွဲ့စည်းလိုက်တယ် ဆိုတဲ့ ကိစ္စအပေါ် အမေရိကန်အခြေစိုက် NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက သူတို့အနေနဲ့ သဘောတူ ထောက်ခံခဲ့တာ မဟုတ်ကြောင်း တုန့်ပြန် ငြင်းဆိုလိုက်ပါတယ်။
2010-11-06
ဝါရင့်နိုင်ငံရေးသမားကြီးဦးထွေးမြင့်က- “ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကပဲ လွှတ်တော်ကိုယ်စားလှယ် နေရာအများဆုံးကို ရရှိမှာ ဖြစ်တယ်၊ ဒီရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့တာဟာ အင်မတန် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ အစိုးရသစ် ဘယ်လိုပဲ ဖွဲ့ဖွဲ့၊ တွေ့ဆုံဆွေးနွေးရေးကို နောက်ဆုံး လက်ခံရမှာ ဖြစ်တယ်၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ မြန်မာ့ နိုင်ငံရေးမှာ ပိုမို ထင်ရှားလာမှာဖြစ်တယ်” လို့ RFA နဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။
2010-11-06
မြန်မာနိုင်ငံကို လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံတနိုင်ငံ ဖြစ်လာတဲ့အထိ ဗြိတိန် အစိုးရ အနေနဲ့ အစဉ်တစိုက် ဆက်ပြီး ဖိအားပေးသွားမှာပါလို့ ဗြိတိန် ဝန်ကြီး ချုပ်ရဲ့ ကိုယ်ရေးအရာရှိက လန်ဒန်မြို့မှာ မနေ့က ဆန္ဒပြကြတဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ပြောဆိုလိုက်ပါတယ်။
2010-11-06
မနက်ဖန် စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ နယူးဇီလန်နိုင်ငံရောက် မြန်မာ့ ဒီမို ကရေစီ အင်အားစုတွေက အော့ကလန် မြို့တော်ရင်ပြင်မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2010-11-06
မနေ့က ညပိုင်းက ကရင်နီပြည်နယ်အတွင်းမှာ ကရင်၊ ကရင်နီနဲ့ မွန်တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲက ရွေးချယ်တင်မြောက်ခံ ကိုယ်စားလှယ်တွေ ဆွေးနွေးပြီး ပြည်သူ့လွှတ်တော် တရပ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
2010-11-06
ကြိုတင်မဲ ကောက်ယူတာတွေနဲ့ ပတ်သက်ပြီး တစည ပါတီက ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကို တခြားပါတီတွေနဲ့ ပေါင်းပြီး တရားစွဲဆိုမယ်လို့ RFAကို ပြောပါတယ်။
2010-11-06
ကျောက်ပန်းတောင်းမြို့မှာ NLD အဖွဲ့ဝင်တွေက ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာရွက် ၂ သောင်းလောက် ဒီကနေ့ ဆက်လက် ဖြန့်ဝေခဲ့ရာမှာ ရဲတပ်ဖွဲ့နဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့တွေက နောက်က လိုက်ပြီး ဓာတ်ပုံရိုက်ယူခဲ့ပေမယ့် တားမြစ်ပိတ်ပင်မှု မရှိဘူးလို့ သိရပါတယ်။
2010-11-05
အမေရိကန် ပြည်ထောင်စုရဲ့ သမတကတော်ဟောင်း မစ္စက် လော်ရာဘုရှ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည် ထွန်းကားဖို့ တက်ကြွစွာ ပါဝင် လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ မစ္စက် လော်ရာ ဘုရှ်ဟာ သမတကတော် ဘဝမှာ ထိုင်း-မြန်မာနယ်စပ်အထိ သွားရောက်ပြီး မြန်မာ ဒုက္ခသည်တွေအရေး ကူညီပေးခဲ့ပါတယ်။
2010-11-05
မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု အဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၅ ရက် ဒီကနေ့ နိုင်ငံခြားရေးဌာနကို သွားရောက်ပြီး ဒုတိယ နိင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံကာ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။
2010-11-05
မကြာမီ ရက်ပိုင်းမှာ စစ်အစိုးရက ကျင်းပတော့မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြပွဲတွေကို ဘယ်လ်ဂျီယမ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက မြန်မာစစ်အစိုးရ သံရုံးများရှေ့မှာ နိုဝင်ဘာ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2010-11-05
စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ နေရာတချို့မှာ လွတ်လပ်မှု မရှိသလို၊ လျှို့ဝှက်မဲပေးစနစ် မဟုတ်ဘူးလို့ စုံစမ်း သိရှိရပါတယ်။ အဲဒီလို ဖြစ်နေတာက မကွေးတိုင်း တောင်တွင်းကြီးမြို့မှာပါ။
2010-11-05
နိုဝင်ဘာ ၅ ရက် ဒီကနေ့ မန္တလေးတိုင်းက မြို့နယ် ၂၀လောက်မှာ ရွေးကောက်ပွဲမှာ မဲမပေးပဲ နေကြဖို့ NLD အဖွဲ့ဝင်တွေ ဒီနေ့ နိုဝင်ဘာ ၅ ရက်မှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။
2010-11-05
စစ်အစိုးရအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ မသွားရောက်ရေး ဆော်သြနေတဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က အခု ဒီလှုပ်ရှားဆော်သြမှုကို အုပ်စုလိုက် ခရီးသွားမဲ့ သူတွေကိုပဲ အဓိကထား ဖိအားပေးမှာ ဖြစ်တယ်လို့ နိုဝင်ဘာ ၄ ရက် မနေ့က ထုတ်ပြန် ကြေညာပါတယ်။
2010-11-05
ခရီးသွားလုပ်ငန်းက ရတဲ့ဝင်ငွေဟာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုပြီး အားပေးရာ ရောက်တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာပြည် မလာကြဖို့ ဆော်သြခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုအခါ ဒီကိစ္စနဲ့ပတ်သက်ပြီး အနည်းငယ် ပြင်ဆင်မှုတွေ ရှိတယ်လို့ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က RFA ကို ပြောပါတယ်။