သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-10
RFA က အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ ‘လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ မေးဖြေခန်း ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်မှာ နိုင်ငံကျော် တေးသံရှင်တွေ ဖြစ်ကြတဲ့ ဒေါ်မာမာအေး (အမေရိကန်) ၊ အဆိုတော် လားရှိုး သိန်းအောင် (ခေါ်) ဂျင်မီဂျက်၊ ရှမ်းတိုင်းရင်းသား အဆိုတော် ဆခဟ (ထိုင်း)၊ မိုင်အိုက်ဖုန်း (ထိုင်း-မြန်မာနယ်စပ်)နဲ့ ဦးဌေးတင့် (နယ်သာလန်) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
2010-12-10
မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ လျှို့ဝှက် နျူကလီးယား အစီအစဉ်တခု လုပ်ဆောင်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက ၂၀၀၄ ခုနှစ်လောက်တည်းက သံသယ ရှိနေကြောင်း WikiLeaks အဖွဲ့က ဖြန့်ဝေလိုက်တဲ့ သံတမန်ရေးဆိုင်ရာ လျှို့ဝှက်မှတ်တမ်းတွေအရ သိရပါတယ်။
2010-12-10
ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ ၆၂ ကြိမ်မြောက် ကမ္ဘာ့ လူ့အခွင့်အရေးနေ့ကို လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ရက် HRDP အဖွဲ့က ဦးဆောင်ပြီး ဧရာဝတီတိုင်း ဘိုကလေးမြို့နဲ့ ပဲခူးတိုင်း ပြည်မြို့တွေမှာ ပြုလုပ်ခဲ့ပါတယ်။
2010-12-10
အာရှတိုက် နိုင်ငံပေါင်း ၁၁ နိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီဇင်ဘာ ၁၀ ရက် ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2010-12-10
ဒီကနေ့ ကျရောက်တဲ့ ၆၂ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရွှေဂုံတိုင်လမ်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။
2010-12-10
အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun ဟာ နေပြည်တော်မှာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၊ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီတို့နဲ့ ဒီဇင်ဘာ ၉ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2010-12-10
မြန်မာနဲ့ ဖီဂျီနိုင်ငံတွေမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဆေအိဂျိ မအဲဟာရက ဒီဇင်ဘာ ၉ ရက် မနေ့က တိုက်တွန်းလိုက်ပါတယ်။
2010-12-10
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့အတွက် လိုအပ်ချက် အားလုံး ဆောင်ရွက်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ဒီဇင်ဘာ ၁၀ ရက် ဒီကနေ့မှာ ပြောကြားပါတယ်။
2010-12-10
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်းဟာ ဒီဇင်ဘာ ၁၀ ရက် ဒီကနေ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီကျော်ကြာ တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။
2010-12-09
ကျားဖြူပါတီခေါ် SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီရဲ့ ပထမအကြိမ်ညီလာခံကို တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ခန်းမမှာ ကျင်းပဖို့ ပြည်နယ်အာဏာပိုင်တွေက မူလက ခွင့်ပြုခဲ့ပေမဲ့ အထက်အမိန့်ကြောင့် အနီးကပ်ကျမှ ဖျက်သိမ်းလိုက်ရတယ်လို့ SNDP ပါတီရဲ့ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးစဝ်ယွန်းပိုင်က RFA ကို ဒီဇင်ဘာ ၉ ရက် ဒီကနေ့ ပြောပါတယ်။
2010-12-09
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ မနီလာသိန်း အစာငတ်ခံ ဆန္ဒပြနေတဲ့ အတွက် ထောင်ဝင်စာတွေ့ ခွင့်ပိတ်ထားတယ်လို့ မနီလာသိန်းရဲ့ မိသားစုတွေက RFAကို ပြောပါတယ်။
2010-12-09
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၉ ရက် ဒီကနေ့ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုးရီးယားနိုင်ငံ သံအမတ်ကြီးနဲ့ ဂျာမနီနိုင်ငံ သံံအမတ်ကြီးတို့ကို နေအိမ်မှာ လက်ခံ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
2010-12-09
ဒီဇင်ဘာလ ၈ ရက် ဗုဒ္ဓဟူးနေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် လှူဒါန်းခဲ့တဲ့ သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား ဓါတ်ပုံသတင်း
2010-12-09
ယူကရိန်းနိုင်ငံ Kiev မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဝါရှင်တန်ကို ပေးပို့ခဲ့တဲ့ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ လျှို့ဝှက်ပေးစာအရ - ယူကရိန်းနိုင်ငံဟာ အမေရိကန် ပြည်ထောင်စုရဲ့ ကန့်ကွက်ချက်ကို လက်ခံ ရရှိကြောင်း၊ မြန်မာစစ်အစိုးရအတွက် လက်နက်တွေ တင်ပို့ရောင်းချခြင်း မရှိတော့ကြောင်း ပြောဆိုခဲ့ တယ်လို့ WikiLeaks အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
2010-12-09
ကရင်ပြည်နယ် ဝေါလေဒေသမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒီကေဘီအေ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်ဖက်ကို ဒီဇင်ဘာ ၈ ရက် မနေ့က ကျောင်းသားတပ်မတော် (ABSDF) တပ်ဖွဲ့ဝင်တွေ ပူးပေါင်း အင်အားဖြည့်ခဲ့ကြပါတယ်။