သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-09
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့(CPJ) က ၁၉၉၆ ခုနှစ် နောက်ပိုင်း မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ သတင်းသမားတွေကို အကျဉ်းချမူ့တွေ တိုးပွားလာတယ်လို့ ဒီဇင်ဘာ ၈ ရက် ဗုဒ္ဓဟူးနေ့ က ကြေညာချက် ထုတ်ပြန်ပါတယ် ။
2010-12-08
ထိုင်းနိုင်ငံ ဗန်ကောက်မြို့လယ်မှာ တည်ရှိတဲ့ Siam Discovery ကုန်တိုက်ကြီးမှာ ပြသတဲ့ Madame Tussauds ပြခန်းမှာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူရုပ်ထုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက စတင်ပြသထားတယ်လို့ သိရပါတယ်။
2010-12-08
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်အစိုးရတပ်တွေ ဖမ်းဆီးသွားတဲ့ KNU-KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားပြီ ဖြစ်ကြောင်း၊ သူတို့အားလုံးကို စစ်အစိုးရတပ်က သတ်ဖြတ်လိုက်တာ ဖြစ်ကြောင်း KNU-KNLA ငြိမ်းချမ်းရေး ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တင်မိုသီ က RFA ကို ဒီဇင်ဘာ ၈ ရက် ဒီကနေ့ အတည်ပြု ပြောပါတယ်။
2010-12-08
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ဆောင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်လို့ တိုက်ရိုက် ဝေဖန်တဲ့ သတင်းဆောင်းပါးတပုဒ် ကို ဒီကနေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ ရေးသားထားပါတယ်။
2010-12-08
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ NLD အဖွဲ့ဝင်တွေက သံဃာတော်တွေနဲ့ သီလရှင်တွေကို သင်္ကန်းနဲ့ ဝတ္ထုငွေတွေ ဒီဇင်ဘာ ၈ ရက် ဒီကနေ့ ဆက်ကပ်လှူဒါန်းရာမှာ သံဃာတော် အပါး ၇၅၀ ကျော် ကြွရောက် အလှူခံတယ်လို့ သိရပါတယ်။
2010-12-08
ရွေးကောက်ပွဲဝင် ပါတီတခုဖြစ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ဒီဇင်ဘာ ၈ ရက် ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်နိုင်မဲ့ လုပ်ငန်းတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2010-12-08
အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Josep Yun ဟာ မြန်မာနိုင်ငံကို ရောက်ပြီး နာရီပိုင်းအတွင်းမှာပဲ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတချို့နဲ့တွေ့ဆုံခဲ့ပါတယ်။
2010-12-08
မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို တစိုက်မတ်မတ် ထောက်ခံအားပေးနေတဲ့ အမေရိကန် ဒီမိုကရက် အောက်လွှတ်တော်အမတ် Joseph Crowley က ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကို နိုင်ငံတကာက စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
2010-12-08
ပြီးခဲ့တဲ့ နိုဝင်ဘာလက နေပြည်တော်မှာ ၁၃ ရက်ကြာ ပြုလုပ်ခဲ့တဲ့ ကျောက်မျက်ရတနာ ပြပွဲမှာ စုစုပေါင်း ကျောက်မျက်ရတနာ အမေရိကန်ဒေါ်လာ သန်း ၁,၄၀၀ ကျော်ဖိုး ရောင်းချခဲ့ရကြောင်း အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
2010-12-08
ထိုင်းနဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာ မွန်ပြည်နယ် ဘုရားသုံးဆူဂိတ်ကို ၄ နှစ်လောက် ပိတ်ထားခဲ့ရာကနေ ဒီဇင်ဘာ ၇ ရက် မနေ့က ပြန်လည် ဖွင့်လှစ်ပေးလိုက်ပေမဲ့ အခုရက်ပိုင်းအတွင်း အဲဒီ နယ်မြေတလျှောက်မှာ စစ်အစိုးရတပ်ဖွဲ့တွေ တပ်ရင်းတွေ အလိုက် ထပ်ပြီးတိုးမြင့် ချထားလိုက်တယ်လို့ သိရပါတယ်။
2010-12-08
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး V. S. Seshadri က ရန်ကုန်တိုင်း ဒဂုံမြို့နယ် သံတမန်လမ်းမှာ ရှိတဲ့ သူရဲ့နေအိမ်ကို ဖိတ်ကြားပြီး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2010-12-08
နိုင်ငံတကာ အကူအညီတွေ ပေးနေတဲ့ တိုင်းပြည်တွေအနေနဲ့ လူမှုအဖွဲ့အစည်းကို အားကောင်းတောင့်တင်း လာစေမယ့် မူဝါဒမျိုးတွေ ချမှတ်ပြီး အကူအညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။
2010-12-07
မြန်မာနိုင်ငံထဲမှာ လျှို့ဝှက် လှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ ၊ ဗကသများ အဖွဲ့ချုပ်အပါအဝင် စုစုပေါင်းအဖွဲ့၁၀ ဖွဲ့က စစ်အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲဟာ စစ်ဝတ်စုံနဲ့ အုပ်ချုပ်တဲ့ အစိုးရကနေ အရပ်ဝတ်ပုံစံကို အသွင်ပြောင်း အုပ်ချုပ်သွားဖို့ လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ သုံးသပ်ချက် အစီရင်ခံစာတစောင် ဒီဇင်ဘာ ၇ ရက် ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ် ။
2010-12-07
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပတ်ဗီဇာ ကုန်ဆုံးသွားပြီ ဖြစ်တဲ့ သားငယ် ကိုထိန်လင်းကို ၂၀၁၀ ဒီဇင်ဘာ ၇ ရက်နေ့ က ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို လိုက်လံ ပို့ဆောင်ခဲ့ပါတယ်။
2010-12-07
အိန္ဒိယအစိုးရ အနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ အင်အားစုတွေကို ထောက်ခံအားပေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။