သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-09-10
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်စူးပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက သံဃာအပါး ၁၂၀ ကျော်ကို စက်တင်ဘာ ၇ ရက် အင်္ဂါနေ့က ဆွမ်းကပ် လှူဒါန်းတယ်လို့ သိရပါတယ်၊
2010-09-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအုန်းကြိုင် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၀ ရက် ဒီကနေ့ မိတ္ထီလာမြို့မှာ မန္တလေးတိုင်း တောင်ဖက်ခြမ်းရှိ မြို့နယ် အသီးသီးက NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးကြပါတယ် ။
2010-09-10
ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပြီးတဲ့နောက်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ တရားဝင် မဲဆွယ်စည်းရုံးခွင့် ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ အခုကတည်းက အများပြည်သူပိုင် ဓမ္မာရုံ၊ စာကြည့်တိုက်တွေ အသုံးပြုပြီး စည်းရုံးဟောပြောနေပြီလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။
2010-09-09
နိုဝင်ဘာလ ၇ ရက်နေ့မှာကျင်းပမဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ စိစစ်နေရာမှာ အမတ်လောင်းတချို့ကို ကော်မရှင်က ခေါ်ယူ စစ်ဆေးမှုတွေ ရှိနေပါတယ်။
2010-09-09
ထိုင်း လာအိုနယ်စပ် ခေါန်ကန်မြို့မှာ ရှိတဲ့ ငါးဖမ်းပိုက်စက်ရုံမှာ အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမား ၅၀၀ ကျော်က ယာယီ နိုင်ငံကူးလက်မှတ် ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ စက်တင်ဘာ ၉ ရက်မှာ ဆက်လက် ဆန္ဒပြနေကြပါတယ်။
2010-09-09
နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ဇေကမ္ဘာ ဦးခင်ရွှေ၊ ယုဇန ဦးဌေးမြင့်၊ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး စတဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ ထိပ်သီး လုပ်ငန်းရှင်တချို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
2010-09-09
ပဲခူးမှာ အရပ်သား လူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီး တင်ပြထားပါတယ်။
2010-09-09
တိုင်းရင်းသားအဖွဲ့တွေနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးမှုတွေ လုပ်ဖို့ NLD ပါတီက ဗဟိုကော်မတီဝင်တွေ ဦးဆောင်တဲ့အဖွဲ့တဖွဲ့ဒီကနေ့ ခရီးစတင်ထွက်သွားပြီလို့ သိရပါတယ်။
2010-09-09
ကွယ်လွန်သူ ကမ္ဘာကျော် ဘီးတဲလ်စ်တေးဂီတအဖွဲ့ စွယ်စုံ ပညာရှင် ဂျွန်လင်နန်ရဲ့ ဇနီးသည် ယိုကို အိုနိုက ခင်ပွန်းသည်ရဲ့ အနှစ် ၇၀ မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။
2010-09-09
မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမရှို အထူးကြပ်မတ်စောင့်ကြည့်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် မင်းကြီး မစ္စစ် နာဗီပီလေးက နိုင်ငံတကာကို တိုက်တွန်းလိုက် ပါတယ်။ ရွေးကောက်ပွဲမှာ ဥပဒေနဲ့ မကိုက်ညီတာတွေ၊ ခြိမ်းခြောက်တာတွေ၊ တိုက်ခိုက်တာတွေကနေ ကာကွယ်ရမယ်လို့ သူကပြောပါတယ်။
2010-09-08
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် စနေနေ့ည သန်းခေါင်ကျော် တနင်္ဂနွေနေ့မနက်မှာ နယ်မြေခံစစ်တပ်က အရာရှိနဲ့ အချေအတင် စကားများရာက စစ်သားတွေက သေနတ်နဲ့ ပစ်လို့ ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက်က အရပ်သားလူငယ်နှစ်ဦး သေဆုံးသွားခဲ့ရတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုးထွက်ပေါ်နေတာကို ကြားသိရပါတယ်။
2010-09-08
မြန်မာနိုင်ငံကို အဖိနှိပ်ခံ ကျွန်ဘဝကနေ လွတ်မြောက်အောင် အကြမ်းမဖက် တိုက်ပွဲဝင်ရင်း ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဦးဥတ္တမအတွက် အမှတ်တရ အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားတခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၈ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံ စစ်တွေမြို့မှာတော့ ခွင့်မပြုဘူးလို့ သိရပါတယ်။
2010-09-08
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ငှက်အော်စမ်းရွာမှာ သောက်သုံးရေတွင်း တတွင်း ပြန်လည်တူးဖော်ဖို့အတွက် NLD ပါတီ လူမှုအထောက်အကူပြု အဖွဲ့က စက်တင်ဘာ ၈ ရက် ဒီကနေ့ သွားရောက်ကူညီခဲ့ကြောင်း သိရပါတယ် ။
2010-09-08
လောနိုင်ငံနယ်စပ် ထိုင်းဖက်ခြမ်းမှာ ရှိတဲ့ စက်ရုံတခုမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၃၀ဝ ကျော်ဟာ သူတို့ရဲ့ ယာယီ နိုင်ငံကူးလက်မှတ် ပတ်စပို့တွေ ပြန်ရရှိရေးအတွက် ဒီကနေ့ မနက်ပိုင်းကစပြီး အလုပ်မဆင်းပဲ ဆန္ဒပြနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
2010-09-08
အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလ စက်တင်ဘာ ၂၄ ရက်နေ့မှာ ကျင်းပမဲ့ အကြောင်း အမေရိကန် သမတအိမ်ဖြူတော်က ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။