သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-09-03
ချင်းပြည်နယ်နဲ့ မြေပြန့်ဒေသ ဆက်သွယ်ထားတဲ့ ဟားခါး -မှန်တောလမ်း ဖောက်လုပ် ပြီးစီးခဲ့ပြီး မကြာခင် ရက်ပိုင်းကမှ လမ်းဖွင့်ပွဲ ပြုလုပ်ခဲ့ပေမဲ့ အဲဒီလမ်းဖောက်လုပ်ရာမှာ ကုန်ကျ စရိတ်တွေ အကြွေးတင်နေတဲ့အတွက်ဆိုပြီး ဟားခါးမြို့ပေါ်က ဒေသခံတွေဆီက အဓမ္မ တောင်းယူနေကြောင်း သိရပါတယ်။
2010-09-03
စစ်ကိုင်းတိုင်း ၊ အထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ တစညပါတီက ဒေသဆိုင်ရာ ခေါင်းဆောင် ၅ ဦး ကို ဖမ်းဆီးပြီး တရားစစ်ဆေးတာ မရှိပဲ ခန္တီးမြို့ အကျဉ်းထောင်မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ် ။
2010-09-03
ကလေးထောင်မှာ အကျဉ်းကျခံနေရတဲ့ HRDP ခေါ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူနဲ့ မြှင့်တင်သူများ ကွန်ရက် အဖွဲ့ဝင် ကိုမြင့်နိုင် ခေါ် ကိုမြင့်လှိုင်ဟာ ကျန်းမာရေးအခြေအနေ မကောင်းဘူးလို့ သိရှိရပါတယ်။
2010-09-03
ပဲခူးမြို ရေဘေးဒုက္ခသည်တွေရဲ့ အခြေအနေ တချို့ကို စုစည်းတင်ပြထားပါတယ်။
2010-09-03
နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ သပိတ်မှောက်ဖို့ CRPP လို့ ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီက စက်တင်ဘာ ၃ ရက် ဒီကနေ့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
2010-09-03
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် တင်သွင်းပြီးကာမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်လို့ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ကိုယ်စားလှယ်လောင်း ဦးစိုးလွင် မနေ့က နုတ်ထွက်သွားပါတယ်၊
2010-09-03
ပခုက္ကူ သံဃာအရေးအခင်း ၃ နှစ်ပြည့်ချိန်ကစပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရဖို့ ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲကို အကြမ်းမဖက် နည်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်ကြဖို့ အထက်ဗမာပြည် သောသုဇနဘိက္ခူ သံဃာ့အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2010-09-02
မကြာခင်က စစ်တပ်အတွင်း ရာထူးအပြောင်းအလဲမှာ ကာကွယ်ရေးဦးစီးချုပ် ရာထူးက နုတ်ထွက်သွားပြီလို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမဲ့ အပတ်အတွင်း တရုတ်ပြည်ကို သွာရောက်ဖို့ ရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့ စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
2010-09-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို ပန်ကြားထားတဲ့ မဲမပေးချင်ရင် မဲမပေးပဲ နေနိုင်ခွင့်ရှိကြောင်း သဘောထားပါ စာရွက်စာတမ်းတွေကို ဖြန့်ဝေမှုနဲ့ ရန်ကုန်တိုင်း ဒလမြို့နယ်က NLD အတွင်းရေးမှူးတဦးကို စက်တင်ဘာ ၁ ရက် မနေ့က အာဏာပိုင်တွေ ခေတ္တ ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
2010-09-02
လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်ဖွင့်လှစ်တဲ့ သရုပ်ဆောင်သင်တန်းမှာ သွားရောက် အကူအညီ ပေးခဲ့တဲ့အတွက် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ၄ ဦးကို မြန်မာစစ်အစိုးရ လက်အောက်ခံ ရုပ်ရှင် အစည်းအရုံးက ရုပ်ရှင် အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
2010-09-02
၂၀၁၀ ရွေးကောက်ပွဲကို တရားသလား မတရားဘူးလား တချိန်မှာ ဆန်းစစ်တဲ့အခါ လူမနေသေးတဲ့ နေပြည်တော် မြို့နယ် ၃ ခုကို မန္တ္တလေးတိုင်းထဲ ထည့်ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် သတ်မှတ်ခဲ့တာမျိုးတွေလည်း ထည့်သွင်း စဉ်းစားထိုက်တယ်လို့ ယူဆသူတွေ ပြည်တွင်းမှာ ရှိနေပါတယ်။
2010-09-02
စစ်အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ လုပ်ငန်းရှင် ဦးဌေးမြင့်ပိုင်တဲ့ ယုဇနကုမ္ပဏီကို လယ်သမား ၁၇ ဦးက တရားစွဲဆိုတဲ့အမှုကို မြစ်ကြီးနား ပြည်နယ်တရားရုံးမှာ စတင်စစ်ဆေးရာမှာ ဒီကနေ့ လယ်အသိမ်းခံရတဲ့ လယ်သမားတွေကို စပြီး စစ်ဆေးတယ်ပါတယ်။
2010-09-02
ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်တဲ့အချိန် သီတင်းနှစ်ပတ်အတွင်း အမတ်လောင်းစာရင်းတွေ တင်သွင်းရမယ်ဆိုတဲ့ ကိစ္စမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွဲပြီး ကျန်တဲ့ နိုင်ငံရေးပါတီ အများစု အနေနဲ့ ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အချိန်မီ စာရင်းမပေးနိုင်ခဲ့ကြဘူးလို့ ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းက ပြောကြပါတယ်။
2010-09-01
မြန်မာစစ် အစိုးရရဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပြဌာန်းချက်တွေဟာ အရင်က ဘယ်နိုင်ငံမှာမှ ကျင့်သုံးမှုမရှိတဲ့ စံနဲ့ စနစ်တွေကို အခြေခံထားပြီး ဒီဥပဒေနဲ့ ကန့်သတ်ချက်တွေဟာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်နေတဲ့ အကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။
2010-09-01
မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရတဲ့ ဦးသူရ ခေါ် လူရွှင်တော် ဇာဂနာကို ထောင်ဝင်စာ တွေ့ခွင့်ပြုပေးဖို့ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးနဲ့ သက်ဆိုင်ရာ အရာရှိတွေထံ မိသားစုက သြဂုတ်လ ၃၀ ရက်နေ့က စာရေးသား တောင်းဆိုလိုက်တယ်လို့ ကိုဇာဂနာရဲ့ ခယ်မဖြစ်သူ မငြိမ်းက RFA ကို ပြောပါတယ်။