သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-01-12
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဘယ်လို စောင့်ကြည့်သင့်သလဲဆိုတာကို နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန် အောက်လွှတ်တော်အမတ် Joseph Crowley က ဆိုပါတယ်။
2011-01-11
ဒါရိုက်တာ၊ စာရေးဆရာ မောင်ဝဏ္ဏ (၆၅ နှစ်)ဟာ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ၄ နာရီ ၂၀ က အဆုတ်ကင်ဆာ ရောဂါနဲ့ ရန်ကုန်မြို့ သင်္ကန်းကျွန်း သာဓုခြံ နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။
2011-01-11
ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်က လယ်သိမ်းခံ လယ်သမား အယောက် သုံးရာကျော်ဟာ နစ်နာချက်တွေ ဖြေရှင်းပေးဖို့အတွက် တဦးချင်း အတွေ့အကြုံတွေ ရေးသား လက်မှတ်ထိုးပြီး အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးမှာ တင်ပြလိုက်ကြတယ်လို့ သိရပါတယ်။
2011-01-11
ကရင် ဗုဒ္ဓဘာသာ ဒီကေဘီအေ တပ်တွေနဲ့ စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် - စကခ ၁၂ လက်အောက်ခံ တပ်ရင်းတွေ ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ဖလူး၊ ဝေါလေနဲ့ စုကလီး နယ်မြေတွေမှာ တိုက်ပွဲ ၂ ကြိမ် ပြင်းထန်စွာ ဖြစ်ခဲ့တယ်လို့ ဒီကေဘီအေ တပ်မှူးက ပြောပါတယ်။
2011-01-11
အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာငွေ ခွဲဝေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီက အရာရှိ Mr. Paul Grove ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တည်ထောင်ထားတဲ့ တောင်ဒဂုံ အေအိုင်ဒီအက်စ် ရောဂါဝေဒနာသည်များ စောင့်ရှောက်ရေး ဂေဟာကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းမှာပဲ သွားရောက် လည်ပတ်ခဲ့ပါတယ်။
2011-01-11
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အထက်လွှတ်တော် ဆီးနိတ်က အဆင့်မြင့် အရာရှိတဦး ပါဝင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့တယ်လို့ သတင်း ရရှိပါတယ်။
2011-01-10
နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ်ပြီး လက်ရှိ သာသနမောဠိရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဥက္ကဌ ဦးသြဘာသရဲ့ စစ်သားဘ၀ အတွေ့အကြုံတချို့ကို တွေ့ဆုံမေးမြန်းထားပါတယ်။
2011-01-10
ထိုင်းနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ အပတ်တွေအတွင်း မြန်မာဖက်ကို ပြန်ပို့ခဲ့တဲ့ ဒုက္ခသည်တွေဟာ မိမိဆန္ဒ အလျောက် မြန်မာဖက်ကို ပြန်လိုသူတွေသာ သိက္ခာရှိရှိ၊ လုံခြုံစိတ်ချစွာ ပြန်ပို့ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
2011-01-10
စစ်အစိုးရက အသက် ၁၈ နှစ်ပြည့်ပြီးသူ ကျား မ မရွေး စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ စစ်အစိုးရဟာ တပ်သားသစ် အင်အား နည်းနေတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် အခုလို ဥပဒေပြဌာန်းပြီး တပ်သားသစ် စုဆောင်းဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။
2011-01-10
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် အကောင်ထည်ဖော်ဆောင်ရေး ဆက်လက် အားပေးပံ့ပိုးသွားဖို့ ဖိလစ်ပိုင် အထက် လွှတ်တော် အမတ် Loren Legarda က ဖိလစ်ပိုင်အစိုးရကို တိုက်တွန်း လိုက်ပါတယ်။
2011-01-10
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ချင်းပြည်နယ်) ဥက္ကဋ္ဌ ပူးဗာလီယာန်းကို တွေ့ဆုံပြီး ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၀၈-၂၀၀၉ ခုနှစ်တွေက ကြွက်တွေ သောင်းကျန်းလို့ စားနပ်ရိက္ခာ ရှားပါးတဲ့ဒေသတွေကို ဆန် အကူအညီပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။
2011-01-10
မြန်မာစစ်အစိုးရရဲ့ ပထမအကြိမ် လွှတ်တော်သစ်ကို အခုလ ၃၁ ရက်နေ့မှာ ခေါ်ယူကျင်းပမှာ ဖြစ်ကြောင်း စစ်အစိုးရ သတင်းမီဒီယာတွေက ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။
2011-01-09
မြန်မာစစ်အစိုးရက တွေ့ဆုံဆွေးနွေးရေး လုပ်မယ်လို့ သူ မယုံကြည်တဲ့ အကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြောပါတယ်။
2011-01-09
မနက်ဖြန် ဇန်နဝါရီလ ၁ဝ ရက်နေ့မှာ ကျရောက်မယ့် ၆၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ အနီးက အီကဲဘူခူရို မြို့မှာ ဂျပန်နိုင်ငံရောက် ကချင် တိုင်းရင်းသားတွေက ဇန်နဝါရီလ ၉ ရက် ဒီကနေ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
2011-01-09
ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစောနိုင်နဲ့ မြို့နယ်အတွင်းက လူငယ်တချို့ ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ့ HIV/AIDS လူနာဂေဟာကို ဒီကနေ့ သွားရောက်ပြီး ငွေလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။