သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-01-09
မြန်မာစစ်အစိုးရက တွေ့ဆုံဆွေးနွေးရေး လုပ်မယ်လို့ သူ မယုံကြည်တဲ့ အကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြောပါတယ်။
2011-01-09
မနက်ဖြန် ဇန်နဝါရီလ ၁ဝ ရက်နေ့မှာ ကျရောက်မယ့် ၆၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ အနီးက အီကဲဘူခူရို မြို့မှာ ဂျပန်နိုင်ငံရောက် ကချင် တိုင်းရင်းသားတွေက ဇန်နဝါရီလ ၉ ရက် ဒီကနေ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
2011-01-09
ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစောနိုင်နဲ့ မြို့နယ်အတွင်းက လူငယ်တချို့ ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ့ HIV/AIDS လူနာဂေဟာကို ဒီကနေ့ သွားရောက်ပြီး ငွေလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
2011-01-09
ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကိုယ်စား လှယ် ၈ ဦးကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ထပ်မံ တရားစွဲဆိုလိုက်တယ် လို့ သိရပါတယ်။
2011-01-09
မြန်မာ စစ်အစိုးရက အသက် ၁၈ နှစ်နဲ့ အထက် အမျိုးသား အမျိုးသမီးတိုင်း စစ်မှု မထမ်းမနေရ အမိန့်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တယ်လို့ မြန်မာ စစ်အစိုးရရဲ့နိုင်ငံတော် ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
2011-01-09
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ ကုန်လွန်သွားတဲ့ ၂ဝ၁ဝ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ထူးခြားဖြစ်ရပ်တွေထဲက လျှို့ဝှက် နျူကလီးယား အစီအစဉ်၊ တရုတ်အစိုးရနဲ့ ထိုင်းအစိုးရ အကူအညီနဲ့ ရေကာတာတွေ၊ ရေနက်ဆိပ်ကမ်းတွေ၊ ရထားလမ်းတွေ ဆောက်လုပ်မယ့် သတင်းတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-01-08
မြဝတီ-ကော့ကရိတ် ကားလမ်းပေါ်မှာ မနေ့က မြေမြှုပ်မိုင်းတလုံး ပေါက်ကွဲခဲ့တာဟာ သူတို့ ဆောင်ရွက်ချက် ဖြစ်တယ်လို့ DKBA အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလားဘွယ်က ထုတ်ဖော် ပြောဆိုပါတယ်။
2011-01-08
၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့နဲ့ ကချင်ရိုးရာ မနောပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ မနေ့က စတင် ကျင်းပနေပါတယ်။ အခုနှစ် ကျင်းပတဲ့ မနောပွဲဟာ အရင်နှစ်ကထက် လာရောက်သူ နည်းပါး တဲ့အတွက် စည်ကားမှု မရှိဘူးလို့ သိရပါတယ်။
2011-01-08
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး နောက်ပိုင်း ပြည်တွင်းပြည်ပ မြန်မာတွေက ကိုယ်စားပြုရာ အဖွဲ့အစည်းအလိုက် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး ကွန်ရက်ငယ်တွေ စတင် ဖွဲ့စည်းနေကြရာမှာ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမျိုးရန်နောင်သိန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ အမျိုးသားလူငယ်ကွန်ရက် ဆိုပြီး ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီလ ၇ ရက် နေ့စွဲနဲ့ ကြေညာပါတယ်။
2011-01-07
ဒီတပတ် ဇန်နဝါရီ ၇ ရက်နေ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်မှာ ကိုထွေး (ပြင်သစ်)၊ ကိုထွေးလေး (ရန်ကုန်)၊ ဦးခင်မောင်စိုး (မန္တလေး)၊ မသွယ်သွယ်ဇော် (မလေးရှား)၊ ကိုနောင်နောင် (ဂျပန်)နဲ့ မမြကြေးမုံ (နော်ဝေ) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
2011-01-07
အာဖဂန်နစ္စတန်နိုင်ငံမှာ ကမ္ဘာ့အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲ ဆင်နွှဲနေတဲ့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တဦး ဖြစ်တဲ့ မြန်မာလူမျိုး ကိုဖြိုးသူထိုက်ဟာ တာဝန်ထမ်းဆောင်ရင်း နှစ်ဆန်းတရက်နေ့က ကျဆုံးသွားတဲ့အတွက် ရုပ်အလောင်းကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု အာလင်တန် နိုင်ငံတော် သချုႋင်းမှာ စစ်အခမ်းအနားနဲ့ မြေမြှုပ် သြင်္ဂိုဟ်မယ်လို့ သိရပါတယ်။
2011-01-07
မနှစ် ၂၀၁၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကနေ လွှတ်တော်သုံးရပ်အတွက် အမတ် စုစုပေါင်း ၉ ဦး ရွေးချယ်ခံခဲ့ရတဲ့ ချင်းအမျိုးသားပါတီ CNP က စီးပွားရေးလုပ်ပြီး ပါတီရန်ပုံငွေ ရှာမယ်လို့ ဒီကနေ့ ဇန်နဝါရီ ၇ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
2011-01-07
သေဒဏ် ချမှတ်ခံထားရတဲ့ ကလေးစစ်သား မောင်ဖြိုးစည်သူရဲ့ အမှုကို ကူညီဆောင်ရွက်ပေးဖို့ မိဘတွေနဲ့ ကလေးစစ်သား ပပျောက်ရေး ဆောင်ရွက်သူတွေက ရန်ကုန်မြို့က ILO ရုံးမှာ ဇန်နဝါရီ ၇ ရက် ဒီကနေ့ တင်ပြလိုက်တယ်လို့ သိရပါတယ်။
2011-01-07
ဒီကနေ့ ဇန်နဝါရီ ၇ ရက်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ရဲ့ လပတ်အစည်းအဝေး ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင် အပါအဝင် စုစုပေါင်း ၁၁ ဦး တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-01-07
မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ အသစ်တွေရှိတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းတွေမှာ တရုတ်ကုမ္ပဏီကြီး တခုနဲ့ပဲ ဖက်စပ် လုပ်ကိုင်သွားမယ်လို့ စစ်အစိုးရရဲ့ ထုတ်ဖော် ကြေညာချက်ကို ကြည့်ရင် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံမှာ ထိပ်ဆုံးက ဖြစ်လာပြီးလို့ နိုင်ငံတကာ မြေကမ္ဘာအခွင့်အရေး အဖွဲ့ (EarthRights International) ERI ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Paul Donowitz က ပြောပါတယ်။