သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-01-06
တရုတ်အစိုးရ ရေနံကုမ္ပဏီက မြန်မာနိုင်ငံ အလယ်ပိုင်းမှာ သဘာဝဓာတ်ငွေ့နဲ့ ရေနံစိမ်း အမြောက်အမြား တွေ့ရှိတယ်လို့ မြန်မာအစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
2011-01-06
၂၀၁၀ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ အနိုင်ရရှိခဲ့တဲ့ USDP ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၁၀ ယောက်နေ အယောက် ၂၀ အထိ ရှိနိုင်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး တွံတေး၊ ကော့မှူးနဲ့ ကွမ်းခြံကုန်း မဲဆန္ဒနယ်တွေက ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။
2011-01-06
ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်မှာ တောင်သူလယ်သမား ၄ ရာနီးပါး ဇန်နဝါရီ ၆ ရက် ဒီကနေ့ ဆန္ဒပြခဲ့ကြတယ်လို့ RFA က သတင်းရရှိပါတယ်။
2011-01-06
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က စစ်အစိုးရအပေါ် တရားစွဲဆိုထားတာကို ဗဟိုတရာရုံးက ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး အယူခံတင်ဖို့ အသင့်ဖြစ်ပြီလို့ NLD ပါတီရဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီက ပါတီ ဗဟို ဥပဒေ အထောက်ကူပြု အဖွဲ့ဝင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးပြီး ဆုံးဖြတ်လိုက်တာပါ။
2011-01-05
လွန်ခဲ့တဲ့ သုံးနှစ်ကမှ စတင်ဖောက်လုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ်ဟာ မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှု အများဆုံးနဲ့ မော်တော်ယာဉ် တိမ်းမှောက်မှုတွေကြောင့် လူထိခိုက်သေဆုံးမှု အဆိုးဆုံး ဖြစ်တယ်လို့ ခရီးသွား ပြည်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2011-01-05
တနင်္သာရီတိုင်း ရေးမြို့အခြေစိုက် ခမရ (၅၈၆) က တပ်သား ဝင်းရန်နိုင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ ဒီကေဘီအေ တပ်မဟာ ၅ ထံ လက်နက်ချ ခဲ့တယ်လို့ သိရပါတယ်။
2011-01-05
ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ အမျိုးသားရေး-အမျိုးသားစိတ်ဓာတ်ကို မွေးခဲ့ရပေမဲ့ လွတ်လပ်ရေးရဖို့ ပြည်ထောင်စုရေး-ပြည်ထောင်စုစိတ်ဓာတ်ကို ပျိုးထောင်ခဲ့ရတယ်လို့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။
2011-01-05
မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) အမှတ် ၁၅ ကနေ လယ်ယာမြေတွေ သိမ်းယူထားတာကို အိုင်အယ်အိုကို တိုင်တန်းခဲ့တာကြောင့် လက်တုံ့ပြန် အရေး ယူတဲ့ အနေနဲ လယ်မြေတွေပေါ်က သီးနှံတွေကို စစ်တပ်က ရိတ်သိမ်းခွင့် မပြုဘူးလို့သတင်း ရရှိပါတယ်။
2011-01-05
ဇန်နဝါရီလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကရင် နှစ်သစ်ကူးနေ့ကို ပြည်တွင်းပြည်ပမှာ အသွင်အမျိုးမျိုးနဲ့ ကျင်းပရာမှာ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ တခုပါ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-01-04
၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးစီးပြီး မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ဒီနေ့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက ကျင်းပခဲ့ကြပါတယ်။
2011-01-04
ဒီကနေ့ ဇန်နဝါရီ ၄ ရက် မနက် ၈ နာရီလောက်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှိတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးခွဲ ရှေ့မှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်အဖြစ် ပြောင်းလဲခဲ့သူ DKBA ၉ သုံးလုံး တပ်ရင်းက စောထိန်လင်း ခေါ် စောသံမဏိဟာ လက်ပစ်ဗုံး နှစ်လုံး ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြောင်း သတင်းရရှိပါတယ်။
2011-01-04
လွတ်လပ်ရေးရဲ့ အနှစ်သာရတွေကို အမှန်တကယ် ခံစားနိုင်ဖို့ ပြည်သူလူထု တရပ်လုံးနဲ့ အတိုက်အခံ အင်အားစုတွေအားလုံး ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်သွားကြဖို့ လိုအပ်ကြောင်း ဒီကနေ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ သံဃာ့တပ်ပေါင်းစုက တိုက်တွန်း လှုံ့ဆော်လိုက်ပါတယ်။
2011-01-04
ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့ကလည်း ရန်ကုန်မြို့ ချော်တွင်းကုန်း ပါရမီလမ်းက၊ အဖွဲ့ရဲ့ ခေါင်းဆောင် သခင်သိန်းဖေရဲ့ နေအိမ်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
2011-01-04
ဒီကနေ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အထူး အစီအစဉ်တရပ်အဖြစ် နိုင်ငံရေး အကျဉ်းသားတွေကို မဲစနစ် တာဝန်ခွဲဝေ ယူတဲ့ အစီအစဉ်တရပ်ကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး အမျိုးသားဒီမိုကရေစီ ဌာနချုပ်မှာ နေ့လည် ၃ နာရီလောက်က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
2011-01-04
၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဒီကနေ့ ဇန်နဝါရီ ၄ ရက် မနက် ၁၁ နာရီမှာ ရန်ကုန် ရွှေဂုံတိုင်လမ်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်သလို။ လွတ်လပ်ရေး တိုက်ပွဲဝင် ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ CRPP အဖွဲ့ဝင်တွေ စတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်။