သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-01-03
ပြည်ပရောက် မြန်မာ အလုပ်သမားတွေက မြန်မာနိုင်ငံကို လွှဲငွေပို့ရာမှာ ကိုယ်စားလှယ်ကနေ တဆင့် လွှဲတဲ့ ဟွန်ဒီလွှဲငွေက အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ ပို့ငွေချည်း သက်သက်ကိုက အကြမ်းအားဖြင့် ဒေါ်လာ သန်း ၅၀၀ ခန့်ရှိတယ်လို့ မကြာခင် ရက်ပိုင်းက ထွက်ပေါ်လာတဲ့ သြစတြေးလျအခြေစိုက် စီးပွားရေးပညာရှင်တစုရဲ့ စစ်တမ်းတရပ်က ဆိုပါ တယ်။
2011-01-03
ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်ကို ရှုံးနိမ့်သွားတဲ့ စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်က ရွေးကောက်ပွဲ မသမာမှုနဲ့ တရားစွဲဆို လိုက်တယ်လို့ သိရပါတယ်။
2011-01-03
ရှေ့နေကွန်ရက် ဖွဲ့စည်းဖို့ စတင် ဆောင်ရွက်တဲ့ အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးအောင်သိန်းနဲ့ မန္တလေးတိုင်းအတွင်းက လူငယ် ဥပဒေပညာရှင် ၁၅ ဦးခန့် ဒီကနေ့ ဇန်နဝါရီ ၃ ရက်မှာ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
2011-01-03
မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အ ကူအညီပေးရေး အဖွဲ့က တာဝန်ယူ ဦးဆောင်ပြီးတော့ လွတ်လပ်ရေးနေ့ အကြိုအနေနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဇန်နဝါရီ ၃ ရက် ဒီကနေ့ သွေးလှူဒါန်းကြတယ်လို့ သိရပါတယ်။
2011-01-03
အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေ စုပေါင်း စီစဉ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆု ၂၀၁၁ ခုနှစ်အတွက် အမည်စာရင်းတွေ ပေးပို့ကြဖို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့က ဇန်နဝါရီ ၂ ရက် မနေ့က ပြောပါတယ်။
2011-01-03
မြန်မာနိုင်ငံက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို ချက်ချင်း လွှတ်ပေးဖို့ သံဃာ့ တပ်ပေါင်းစုနဲ့ ဗကသ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားတဲ့အဖွဲ့ ၁၁ ဖွဲ့ ဒီကနေ့ ဇန်နဝါရီ ၃ ရက်မှာ စုပေါင်း တောင်းဆိုလိုက်ပါတယ်။
2011-01-03
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းြမို့ဒီမိုကရေစီ အင်အားစုတွေက တယ်လီဖုန်းနဲ့ ဆက်သွယ် နှုတ်ခွန်းဆက်ရင်းနဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း မေးမြန်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2011-01-02
၂၀၁၁ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အပူပြင်းဆုံး နှစ်တနှစ် ဖြစ်လိမ့်မယ်လို့ မြန်မာ့မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်း ပြောဆိုပါတယ်။
2011-01-02
နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးနဲ့ လူမှု အထောက်အကူပြုရေး ရန်ပုံငွေအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ စတင် ကျင်းပတဲ့ လွတ်လပ်ရေးနေ့အကြို ရန်ပုံငွေ ဈေးရောင်းပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
2011-01-02
နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့လ က ဂျပန် မိုင်နိချိသတင်းစာ သတင်း ထောက်နဲ့ တွေ့ဆုံခဲ့ပြီး လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်အထိ မပြတ်ရေးသားခဲ့တဲ့ မြန်မာပြည်က ပေးစာများ (Letters from Burma) ဆောင်းပါးကဏ္ဍ ကို ဆက်လက်ရေးသားမယ့်အကြောင်း ပြောဆိုခဲ့ အပြီး မနေ့က ဇန်နဝါရီလ ၁ ရက်နေ့ထုတ် သတင်းစာ မှာ ပထမဆုံးဆောင်းပါး ဖော်ပြခဲ့ပါတယ်။
2011-01-02
၂၀၁၁ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ နှစ်တနှစ် ဖြစ်လာဖို့ မျှော်လင့်ပါတယ်လို့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ KIO ကချင်လွတ်မြောက်ရေး အဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။
2011-01-02
မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ခေါင်းဆောင်တချို့ရဲ့ ၂၀၁၀ ခုနှစ် နှစ်ချုပ် သုံးသပ်ချက်တွေကို စုစည်းတင်ပြထားပါတယ်။
2011-01-02
၂၀၁၀ မှာ လူငယ် ပန်းချီဆရာတွေ လူငယ်ဂရက်ဖစ် ဖန်တီးသူတွေ လူငယ် ကဗျာဆရာတွေ အနုပညာ ရပ်ဝန်းထဲ ဝင်ရောက်လာပါတယ်။ နည်းပညာသစ်နဲ့ အနုပညာရေစီးကြောင်း အပြောင်းအလဲ ဖြစ်ရပေမယ့် ပွင့်လင်းမြင်သာတဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ အနုပညာ ဖန်တီးမှုအားက ဒီ့ထက် ပို လှပ လန်းဆန်းမယ်လို့ ရှုမြင်သူလည်း ရှိပါတယ်။
2011-01-02
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ ကုန်လွန်သွားတဲ့ ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ထူးခြားဖြစ်ရပ်တွေအပေါ် ဆွေးနွေး တင်ပြထားပါတယ်။
2011-01-01
၂ဝ၁ဝ၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဂီတနဲ့ ရုပ်ရှင်လောက မြင်ကွင်းနဲ့ ၂ဝ၁၁ ခုနှစ်မှာ ကြုံတွေ့ရနိုင်တဲ့ အလားအလာတွေနဲ့ ပတ်သက်လို့ အဆိုတော် ဇော်ဝင်းထွဋ်၊ ခင်မောင်တိုး၊ ဆောင်းဦးလှိုင်၊ မာရဇ္ဇ၊ ဂျေမီနဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုလွင်မိုးတို့ရဲ့ ပြောပြချက်တွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က စုစည်း တင်ပြထားပါတယ်။