သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-09
ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေအတွက် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ စင်တင်ဂီတပွဲဟာ ပွဲပြုလုပ်ခွင့် ပါမစ်နဲ့ ပွဲကျင်းပမယ့် ရုံမရတာကြောင့် ပွဲရက်ကို ရွှေ့ဆိုင်းရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
2011-12-09
ဒီမိုကရေစီ အသွင်ပြောင်းလဲရေးအတွက် အိမ်နီးချင်းတွေက အားပေးခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ရှေးရှုတဲ့ လိုက်လျောမှုအသွင်တွေ တွေ့မြင်လာနေရပြီလို့ အင်ဒိုနီးရှားသမ္မတ Yudhoyono က ပြောလိုက်ပါတယ်။
2011-12-09
နိုင်ငံရေးအကျဉ်းသားများ ကူညီ ထောက်ပံ့ရေး အစီအစဉ်အရ မန္တလေး NLD အဖွဲ့ဝင်တွေက ခန္တီးထောင်မှာ ရှိနေတဲ့ NLD အဖွဲ့ဝင် ဦးညီပုနဲ့ သားဖြစ်သူ ကိုကျော်သူရ အတွက် အလှူငွေ ၃ သိန်း ၁ သောင်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
2011-12-09
ဂျပန်နိုင်ငံ ကီတကျူရှုးမြို့က မိုဂျိ ငြိမ်းချမ်းရေးစေတီနဲ့ မြန်မာ သံဃာတော်တွေ သီတင်းသုံး နေထိုင် နေတဲ့ ဘုန်းတော်ကြီးကျောင်းကို ဖျက်သိမ်းတော့မှာ ဖြစ်တဲ့အတွက် သံဃာတော်တွေကို ကျောင်းတော်က ထွက်ခွာဖို့ ဂျပန် ဂေါပကအဖွဲ့က အကြောင်းကြားထားပါတယ်။
2011-12-08
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က တရုတ် ရေနံဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ သတိပေးချက်ကို မျက်ကွယ်ပြုလိုက်တဲ့ နော်ေ၀ အစိုးရရဲ့ လုပ်ရပ်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။
2011-12-08
အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေထဲမှာ စီးပွားရေး လုပ်ကိုင်မယ် ဆိုရင် မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံလို့ မကောင်းဆုံး နိုင်ငံ ဖြစ်နေသေးတယ်လို့ စင်္ကာပူနိုင်ငံ အခြေစိုက် Vriens & Partners သုတေသနအဖွဲ့ရဲ့ ဒီနှစ်အတွက် ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖေါ်ပြလိုက်ပါတယ်။
2011-12-08
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခံရခြင်း အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲ အခမ်းအနားကို လာမယ့် စနေနေ့ ဒီဇင်ဘာလ ၁၀ ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့ ကြည့်မြင်တိုင် ရွှေညဝါ ကျောင်းတိုက်မှာ ကျင်းပမယ်လို့ အခမ်းအနား စီစဉ်သူတွေက ပြောပါတယ်။
2011-12-08
နောက်ဆုံး စုဆောင်းရရှိတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းကို လာမယ့် သီတင်းပတ်ထဲမှာ ထုတ်ပြန်မယ်လို့ အကျဉ်းထောင် အသီးသီးမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်း စိစစ်ကောက်ယူနေသူတွေက အာရ်အက်ဖ်အေကို ပြောပါတယ်။
2011-12-08
အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောက်လုပ်မယ့် ချင်းတွင်းမြစ် အထက်ပိုင်းက ထမံသီရေ ကာတာစီမံကိန်း ရပ်တန့်ပေးဖို့ နယူးဒေလီမြို့မှာ ဒီကနေ့မနက်က တောင်းဆိုဆန္ဒပြခဲ့ ပါတယ်။
2011-12-08
မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိဇာတ်ကား ရိုက်ကူးနိုင်ဖို့ ရုပ်ရှင်ရိုက်ကွင်းနဲ့ စတူဒီယိုတွေ တည်ဆောက်ရေးမှာ အသုံးပြုနိုင်အောင် ပဲခူးတိုင်းအတွင်းက မြေဧက ၁၀၀ ကို မြန်မာအစိုးရက အသုံးပြုခွင့်ပေးမယ်လို့ သိရပါတယ်။
2011-12-08
ဗာတီကန် ပုပ်ရဟန်းမင်းကြီး Benedict ရဲ့အထူးကိုယ်စားလှယ် ဂိုဏ်းချုပ်ဘုန်းတော်ကြီး Martino ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံက နိုင်ငံရေး၊ ဘာသာရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အမှာစကား လက်ဆောင်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
2011-12-07
၁၉၉၀ ပြည့်နှစ်တွေက စပြီး မြန်မာ အပါအဝင် ကမ္ဘာတစ်လွှား အကျဉ်းချထားခံရတဲ့ သတင်းထောက်တွေနဲ့ စာနယ်ဇင်းသမား အရေအတွက်ဟာ ၂၀ ရာခိုင်နှုန်း ကျော်လာပြီး အများဆုံး အခြေအနေကို ရောက်နေတယ်လို့ သိရပါတယ်။
2011-12-07
ပြင်သစ်နိုင်ငံ ပဲရစ်မြို့အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က ၂၀၁၁ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး သတင်း မီဒီယာဆုကို ရန်ကုန် အခြေစိုက် Weekly Eleven သတင်းဂျာနယ် ထုတ်ဝေတဲ့ Eleven Media Group ကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
2011-12-07
ရှမ်းပြည်မြောက်ပိုင်း မုန်းကိုး အခြေစိုက် အစိုးရ စစ်ဗျူဟာကုန်းကို ကေအိုင်အေ တပ်ရင်း ၃၆ နဲ့ ၃၈ တပ်တွေက ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၁ နာရီလောက်က ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ နယ်စပ်သတင်းတွေ အရ သိရပါတယ်။
2011-12-07
မြန်မာနဲ့ ပတ်သက်လာရင် အမေရိကန်နဲ့ တရုတ် ထိပ်တိုက် ရင်ဆိုင် မတွေ့ဘဲ ညှိနှိုင်း ဆွေးနွေးယူကြမယ့် သဘော တွေ့ရတယ်လို့ တရုတ်နိုင်ငံ အခြေစိုက် ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရဲဘော် ဖိုးသံချောင်းက ပြောပါတယ်။