သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-15
မြန်မာ သင်္ဘောသား ၁၂ ယောက်ပါတဲ့ သင်္ဘောတစီးကို ဂျပန်ငလျင်ကြောင့် နောက်ဆက်တွဲ လိုက်လာတဲ့ ဆူနာမီ ရေလှိုင်း ဘေးရန်ကနေ ဂျပန်ကမ်းခြေစောင့်တပ်က ကယ်ဆယ်နိင်ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-03-15
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းနဲ့ တောင်ဒဂုံမြို့နယ်က လေပြင်းဒဏ်ခံရပြီး အိုးအိမ် ပျက်စီးသွားတဲ့သူတွေ ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူမှုရေး လူငယ်အဖွဲ့တွေက မိုးကာဖျင်စတွေ၊ အဝတ်အထည်တွေ သွားလှူကြပြီး ကျန်းမာရေး မကောင်းတဲ့သူတွေကို အခမဲ့ ဆေးကုပေးခဲ့ပါ တယ်။
2011-03-15
ထိုင်းမြန်မာနယ်စပ်က မြန်မာနိုင်ငံက ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
2011-03-15
ဂျပန်နိုင်ငံမှာ အခုကြုံတွေ့နေရတဲ့ ငလျင်ဘေးကြီးမှာ ဝန်ကြီးချုပ် နာအိုတို ခန်းရဲ့ အစိုးရက ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ကူညီဆောင်ရွက် ပေးနေတာတွေဟာ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အာဏာရှင် အစိုးရ ဆောင်ရွက်ခဲ့တာတွေနဲ့ နှိုင်းဆလို့ မရအောင် ကွာခြားတယ်လို့ ၂၀၀၈ ခုနှစ် နာဂစ်လေမုန်တိုင်းတုန်းက အခြေအနေတွေကို မမေ့နိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေက ပြောပြကြပါတယ်။
2011-03-15
မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားတဲ့ EU ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက သံအရာရှိတွေဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ အရေးယူမှု ပြန်ရုပ်သိမ်းဖို့ တောင်းဆိုထားတဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တချို့နဲ့ပါ ရန်ကုန်မြို့က အီတလီသံရုံးမှာ မတ်လ ၁၅ ရက် ဒီကနေ့ နေ့လည်က တွေ့ဆုံခဲ့ကြပါတယ်။
2011-03-15
ဂျပန်အစိုးရက မြေငလျင် ဒုက္ခသည်တွေအတွက် အထောက်အပံ့တွေ ကူညီပေးနေပေမဲ့ အစားအစာနဲ့ ရေလုံလောက်မှု မရှိသေးကြောင်းနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် မနက်အစောပိုင်းမှာပဲ ဖူကူရှီးမား ဒိုင်အိချိ လျှပ်စစ်ဓာတ်အားပေး စက်ရုံက အနုမြူဓာတ်ပေါင်းဖိုမှာ တတိယမြောက် ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
2011-03-15
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၁၄ ရက် မနေ့ညနေက ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ပြင်သစ်သံရုံး ယဉ်ကျေးမှူဌာနကို သွားရောက်ပြီး အဲဒီဌာနက ဖွင့်ထားတဲ့ ပြင်သစ်ဘာသာ သင်တန်းမှာ သင်ယူနေတဲ့ မြန်မာ ကျောင်းသူကျောင်းသား ၅၀ ခန့်နဲ့ တွေ့ဆုံခဲ့ ပါတယ်။
2011-03-15
မြန်မာနိုင်ငံမှာ စစ်အစိုးရက ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို စုံစမ်း ဖော်ထုတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မတ်လ ၁၄ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။
2011-03-14
မတ်လ ၁၄ ရက် ဒီနေ့ကျင်းပတဲ့ လွှတ်တော်နှစ်ရပ်လုံးမှာ ခါတိုင်းနေ့တွေလိုပဲ အမေးနဲ့ အဖြေ ကဏ္ဍတွေ ရှိခဲ့သလို၊ အမတ်တွေ တင်တဲ့အဆိုတွေကို စစ်အစိုးရဝန်ကြီးတွေ ပြန်ဖြေပြီးတဲ့နောက်မှာ အချေအတင် ဆွေးနွေး မဲခွဲရမဲ့ အဆင့်တောင် မရောက်တော့ပဲ ပြန်လည် ရုပ်သိမ်းတာတွေ ရှိခဲ့ပါတယ်။
2011-03-14
ကရင်ပြည်နယ် မြောက်ပိုင်းဒေသ ဖာပွန်ခရိုင်၊ တောင်ငူနဲ့ ညောင်လေးပင် အရှေ့ခြမ်းက ရှေ့တန်း စစ်စခန်းတွေဆီကို ရိက္ခာနဲ့ ခဲယမ်းမီးကျောက်တွေ ပို့ဆောင်နေရာမှာ ပေါ်တာ ခေါ် အထမ်းသမားတွေနဲ့ မြင်းတွေ၊ လား တွေကို ပြောင်းလဲ အသုံးပြုနေတယ်လို့ သိရပါတယ်။
2011-03-14
ပြီးခဲ့တဲ့သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ် ခံလိုက်ရတဲ့ ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးကနေ အခုချိန်ထိ ဆက်သွယ် ကူညီတာမျိုး မလုပ်သေးဘူးလို့ သိရပါတယ်။
2011-03-14
ထိုင်းမြန်မာနယ်စပ်မှာ ခိုလှုံနေတဲ့ မြန်မာပြည်က ဒုက္ခသည်တွေအတွက် ရေရှည်ဖြေရှင်းပေးနိုင်မဲ့ အစီအစဉ်တွေ လိုအပ်နေကြောင်း ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေကို သွားရောက် လေ့လာခဲ့တဲ့ ဥရောပသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ မဟာမင်းကြီး မစ္စ ခရစ်တလီနာ ဂျော်ဂျီဗာက မတ်လ ၁၄ ရက် ဒီကနေ့ ဗန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
2011-03-14
ပါတီရဲ့ အနာဂတ်ထက် တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ဒီမိုကရေစီ ရရှိရေးက ပိုပြီး အရေးကြီးတယ်လို့ မတ်လ ၁၄ ရက် ဒီကနေ့ မကွေးတိုင်း စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း သိရပါတယ်။
2011-03-14
ဂျပန်နိုင်ငံမှာ ဒီလ ၁၁-ရက်နေ့က ငလျင်ဒဏ်နဲ့ နောက်ဆက်တွဲ ဆုနာမိ ဒီရေလှိုင်း ဒဏ်တွေကြောင့် နောက်တနေ့မှာ အနုမြူ ဓာတ်အားပေး စက်ရုံ အမှတ် ၁ ပေါက်ကွဲခဲ့အပြီး နောက်ထပ် ဓာတ်အားပေးစက်ရုံ အမှတ် ၂ နဲ့ ၃ တို့လည်း ပေါက်ကွဲနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေတဲ့ အတွက် ဂျပန် တနိုင်ငံလုံး စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
2011-03-14
ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးတဲ့ ၂၃ နှစ်ပြည့်နေ့နဲ့ မတ်လ ၁၆ ရက် တံတားနီနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ ဗာဂျီးနီးယားနဲ့ မေရီလန်းပြည်နယ်တွေက ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ မြန်မာ့အရေး လှုပ်ရှားသူ ၄၀ နီးပါး က မတ်လ ၁၃ ရက် မနေ့က ဝါရှင်တန်ဒီစီမြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။