သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-13
ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ အင်တာနက် သတင်းမဂ္ဂဇင်း ဝက်ဆိုက် ကို ဘယ်သူဘယ်ဝါ မသိရသူတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
2011-03-13
စစ်အစိုးရ စာပေစိစစ်ရေးဟာသူတို့ စိတ်ကြိုက် ပေါ်လစီဆောင်းပါး ရေးပေးမယ့် လူငယ်တွေ လိုက်လံ စုဆောင်းနေတယ်လို့ ရန်ကုန်မြို့ စာပေအသိုင်းအဝိုင်း အဆိုအရ သိရပါတယ်။
2011-03-13
စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့တဲ့ ၂၃ နှစ်ပြည့်အဖြစ် ဒီနေ့ မတ်လ ၁၃ ရက်နေ့မနက်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေ ဆွမ်းကျွေးအလှူဒါန ပြုလုပ်ခဲ့ကြသလို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် ကျောင်းသားတွေကလည်း ရန်ကုန်မြို့မှာ အနက်ရောင် လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်။
2011-03-13
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ ၁၉၈၈ မတ်လ ၁၃ ရက် နေ့က လုံထိန်းရဲတွေရဲ့ လက်ချက်နဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ ရတာနဲ့ အဲဒီနေ့ရက်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် ပြည်ပရောက် မြန်မာတွေက သတ်မှတ်ဂုဏ်ပြု ခဲ့တဲ့ကိစ္စကို အခြေပြု ဆွေးနွေးတင်ပြထားပါတယ်။
2011-03-13
တနင်္သာရီကမ်းရိုးတန်း ထားဝယ် မြို့နယ်မှာ ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းကို စတင်နေရာမှာ အခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ဒေသခံတွေရဲ့ ရာဘာခြံနဲ့ သီဟိုဠ်ခြံ ဧက ၃ ရာကျော် ကို အာဏာပိုင်တွေက သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
2011-03-13
မန္တလေးနဲ့စစ်ကိုင်းမြို့အကြား ဧရာဝတီမြစ်အတွင်း အခုနှစ် သဲသောင်တွေ ထွန်းခဲ့တဲ့အတွက် မြစ်ကြောင်း တိမ်ကောပြီး ရေပြင် အကျယ် ပေ ၁၅ဝ လောက်သာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2011-03-13
လွန်ခဲ့တဲ့ ၂၃ နှစ်က ရန်ကုန် စက်မှုတက္ကသိုလ် ဆန္ဒပြမှုမှာ အစိုးရက ပစ်ခတ်တဲ့အတွက် သေဆုံးခဲ့တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို ဂုဏ်ပြုတဲ့ အခမ်းအနားကို နယ်သာလန်နိုင်ငံရောက် လူငယ်တွေ စုပေါင်းပြီး ဒီကနေ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
2011-03-13
ဂျပန်နိုင်ငံမှာ လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ် ဆုံးရှုံးခဲ့ရတဲ့ ဂျပန်ပြည်သူတွေ အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာတစောင်ကို NLD အဖွဲ့ဝင် အားလုံးကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ရှိ ဂျပန်သံအမတ်ကြီးထံ ပေးပို့လိုက်ပါတယ်။
2011-03-13
အာဏာရှင်စနစ် ဖြိုလှဲနိုင်ဖို့အတွက် မြန်မာပြည်သူတွေရဲ့ အားထုတ်မှုက ထုထည်ကြီးမား
2011-03-12
နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအားဖြင့် ပေါက်ကွဲလုနီးပါး အနေအထားမျိုး ရောက်နေပြီ။
2011-03-12
ကယားပြည်နယ် တဖက်ကမ်း ထိုင်းနိုင်ငံမြောက်ပိုင်း မဲဟောင်ဆောင်ခရိုင်မှာ ရှိတဲ့ ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) မှာ ဒီကနေ့မနက် ၄ နာရီလောက်က မီးလောင်မှုတရပ် ဖြစ်ပွားခဲ့ပါတယ်။
2011-03-12
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေဟာ လူငယ်တွေကိုပါ နိုင်ငံရေး အသိစိတ်ဓာတ် ရှိအောင် သွတ်သွင်းထားနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-03-12
ဂျပန်နိုင်ငံမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈.၈ ရှိတဲ့ ငလျင်ကြီးကြောင့် လူရာချီ သေဆုံး၊ ပျောက်ဆုံးနေကြ ပေမယ့် ဂျပန်ရောက် မြန်မာလူမျိုးတွေ အသေအပျောက် သတင်း မကြားရသေးဘဲ ဘေးကင်းကြတယ်လို့ သိရပါတယ်။
2011-03-12
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ် ဖွဲ့ထားပေမယ့် လူ့အခွင့် အရေး အခြေအနေတွေ တိုးတက်လာဖို့ မမြင်တာကြောင့် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လျစ်လျူရှု မထားသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ AI နဲ့ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် သွေးစည်းညီညွတ်ရေး အဖွဲ့ CSW တို့က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2011-03-12
ထိုင်းနိုင်ငံ နယ်စပ်က မြန်မာဒုက္ခသည် စခန်းတွေကို လေ့လာပြီး ဒုက္ခသည်တွေ ကို ကူညီရေး ထိုင်းအစိုးရနဲ့ ဆွေးနွေးဖို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် ဥရောပသမဂ္ဂ နိုင်ငံများအဖွဲ့ EU က လူသားချင်းစာနာမှု အကူအညီပေးရေးဌာန အကြီးအကဲ Kristalina Georgieva ဟာ ဒီကနေ့ စနေနေ့မှာ ထိုင်းနိုင်ငံကို ရောက်မယ်လို့ သိရပါတယ်။