သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-11
`အစိုးရသုံးငွေရဲ့ ၄% ကို ပညာရေးအတွက် သုံးမယ်ဆိုတာ အခုလက်ရှိ ၂% ထက်စာရင် နှစ်ဆတက်သွားတယ်လို့ ဆိုရပေမဲ့ လုံးဝကို လုံလောက်မှု မရှိဘူးလို့ ပြောနိုင်ပါတယ်၊ မြန်မာပြည် ရှေ့ရောက်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဒီထက်မက သုံးပါတယ်၊ နောက်က ပြေးလိုက်ရမဲ့ ကျမတို့ နိုင်ငံအတွက် ပညာရေးစရိတ် ပိုပြီးသုံးရမှာပါလို့ ဒီတပတ် လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ ပြောထားပါတယ်။
2011-03-11
အခုအချိန် မတ်ပဲပေါ်ချိန်ကာလမှာ သီးနှံဈေးနှုန်းတွေ ကျဆင်းလို့ ဧရာဝတီတိုင်းအတွင်း မတ်ပဲ စိုက်ပျိုးသူ တောင်သူတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သတင်းရရှိပါတယ်။
2011-03-11
မြန်မာစစ်အစိုးရ တပ်ဖွဲ့တွေက ကုလားတန်မြစ် အထက်ပိုင်းဒေသတွေမှာ အခုရက်ပိုင်းအတွင်း တပ်ရင်း လေးရင်းနဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေး ဆင်နွှဲပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
2011-03-11
ညှိနှိုင်းဆွေးနွေးတဲ့နည်း၊ နိုင်ငံရေးနည်း၊ ဒီမိုကရေစီနည်းနဲ့ လုပ်နိုင်အောင်လို့ ကြိုးစားနေတာမို့ အကြမ်းမဖက်တဲ့နည်းကို လက်ကိုင်ထားတယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မတ်လ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
2011-03-11
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ထိုင်းမြန်မာ နယ်စပ်တနေရာမှာ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ဖယ်ဒရယ်ပြည်သူ့ လွှတ်တော် ပေါ်လာရတာဟာ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့မှာ ၂၀၀၉ ခုနှစ်က ကျင်းပခဲ့တဲ့ ၁၉၉၀ ခုနှစ် အနိုင်ရ လွှတ်တော်အမတ်တွေရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ခြင်း ဖြစ်တယ်လို့ NCUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က RFA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းစဉ်မှာ ပြောကြားပါတယ်။
2011-03-11
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းဖို့ ထောက်ခံခြင်း မရှိသေးတဲ့ ဥရောပ ၆ နိုင်ငံရဲ့ လန်ဒန်မြို့က သံရုံးတွေကို မြန်မာတွေ မတ်လ ၁၀ ရက် မနေ့က သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့ရာမှာ ဥရောပ နိုင်ငံ ၂ ခုရဲ့ ထောက်ခံမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
2011-03-10
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့- အာဆီယံ ရဲ့ မူအရ ကုန်တင်ကားတွေ ကုန်ချိန်အတိအကျ အတိုင်း တင်ဆောင်ပြေးဆွဲနေကြရာက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ချက် လျှော့ပေါ့ပြီး မတ်လ ၁၀ ရက် ဒီနေ့ကစလို့ အရင်လိုပဲ တန်ချိန်ပို တင်ဆောင်ခွင့် ပေးလိုက်ပြီလို့ သိရပါတယ်။
2011-03-10
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် ရင်ကျန်းမြို့မှာ ဒီနေ့ မတ်လ ၁၀ ရက် တရုတ်စံတော်ချိန် ၁ နာရီလောက်က ငလျင်လှုပ်ခတ်သွားတာကြောင့် လူနေအိမ်တွေ ပြိုကျ ပျက်စီးပြီး သေဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
2011-03-10
နေပြည်တော်မြို့မှာ ဒီကနေ့ မတ်လ ၁၀ ရက်က ကျင်းပတဲ့ လွှတ်တော်နှစ်ရပ်လုံးမှာ အမတ်တွေ မေးကြတဲ့ မေးခွန်းတွေကို စစ်အစိုးရဝန်ကြီးတွေက ပြန်ဖြေသလို၊ အဆိုတွေတင်တာ၊ ပယ်ချတာ၊ ပြန် ရုပ်သိမ်းတာတွေလည်း ရှိခဲ့ပါတယ်။
2011-03-10
လူ့ အခွင့်အရေး အပြည့်အဝ ရှိတဲ့ နိုင်ငံဖြစ်ဖို့ အတွက် မြန်မာနိုင်ငံဟာ ငြိမ်းချမ်းဖို့ လိုကြောင်း၊ အဲ ဒီလို ဖြစ်လာအောင် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ပူးပေါင်း ကူညီမှု လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မတ်လ ၁၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
2011-03-10
ပဲခူးတိုင်း အနောက်ခြမ်း မင်းလှမြို့နယ်က ပန်းစံပြည်တော်သာ ရေနုတ်မြောင်း ပြန်ဖွင့်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံ လယ်သမားတွေနဲ့ ပဲခူးတိုင်း လူငယ်ကွန်ရက်အဖွဲ့ဝင်တချို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထံ မတ်လ ၉ ရက် မနေ့က သွားရောက် အကူအညီ တောင်းခံခဲ့ကြောင်း သိရပါတယ်။
2011-03-10
တရုတ်နိုင်ငံ ယူနယ်ပြည်နယ်က ဒါတန်း (Datang) အကြီးစား ရေအား လျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီနဲ့ စစ်အစိုးရတို့ကြား သဘောတူစာချုပ်တွေအရ၊ ကယားပြည်နယ်တွင်း သံလွင်မြစ်ပေါ်အခြေခံပြီး ရေအားလျှပ်စစ် ထုတ်နိုင်မဲ့ ရေကာတာကြီး ၃ ခု တည်ဆောက်ဖို့ ရှိရာမှာ ဒေသခံတွေကို ဆိုးကျိုးတွေသာ ဖြစ်စေမှာမို့ ၊ အဲဒီ စီမံကိန်းကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ် မတ်လ ၁၀ ရက် ဒီကနေ့မှာပဲ စတင်ကြောင်း KDRG လို့ ခေါ်တဲ့ ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
2011-03-10
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆက်လက် ဆိုးဝါးနေဆဲ ဖြစ်ပေမဲ့ အခုအချိန်ဟာ နိုင်ငံ တိုးတက်ဖို့ အခွင့်အလမ်းတွေ ရှိနေတဲ့ သမိုင်းဝင်ကာလတခု ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက အစီရင်ခံစာတစောင် မတ်လ ၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2011-03-09
စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်းရှိ လယ်ယာမြေဧက ၂၀ လောက်မှာ ပုဂ္ဂလိက ကုမ္ပဏီတခုက သတ္ထုတွင်းဝန်ကြီး ဌာနကို ရွှေတူးဖော်ခွင့် လုပ်ကွက်တွေ ဖော်ပြပြီး လျှောက်ထားခဲ့တာကို မစစ်မဆေးပဲ ခွင့်ပြုမိန့် ချပေးလိုက်တဲ့အတွက် ပိုင်ရှင်လယ်သမားကြီးတွေဟာ မိမိတို့ လယ်ယာမြေတွေ ပျိုးခင်းတွေ ပျက်စီးကုန်ပြီး နစ်နာ ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်၊
2011-03-09
ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) နဲ့ မြန်မာစစ်အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနတို့ သဘောတူညီ ထုတ်ဝေထားတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး အသိပညာပေး စာရွက်တွေ ပုသိမ်မြို့မှာ မတ်လ ၈ ရက် မနေ့က လိုက်လံဝေငှတာကို ဒေသခံ ရဲအရာရှိတွေက ဖမ်းဆီးစစ်ဆေးပြီး နောက်နောင် မဝေငှရဘူးလို့ တားမြစ်လိုက်ကြောင်း သိရှိရပါတယ်။