သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-09
မနေ့က မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အနှစ် ၁၀၀ မြောက် ကမ္ဘာ့ အမျိုးသမီးများနေ့မှာ ရန်ကုန်မြို့ရှိ အထည်ချုပ် စက်ရုံတချို့က အမျိုးသမီး အလုပ်သမတွေက သူတို့ရဲ့ နစ်နာနေတဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာကို တိုင်ကြားကြတယ်လို့ သိရပါတယ်။
2011-03-09
ပြည်သူ့လွှတ်တော် စည်းဝေးပွဲကို မတ်လ ၉ ရက် ဒီကနေ့ ဆက်လက် ကျင်းပရာမှာ လွှတ်တော် ကိုယ်စားလှယ် တဦးနှစ်ဦးက လယ်ယာမြေ သိမ်းဆည်းခံနေရတာတွေ၊ လယ်မြေ ပိုင်ဆိုင်ခွင့် ပြုဖို့ကိစ္စတွေ မေးမြန်းတာကို စစ်အစိုးရရဲ့ လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးက လယ်ယာကိစ္စတွေအားလုံးကို ဥပဒေဘောင်ထဲကနေ ဆောင်ရွက်ခဲ့တယ်လို့ ပြန်လည် ဖြေကြားခဲ့ကြောင်း သိရပါတယ်။
2011-03-09
နိုင်ငံအတွင်း အပြောင်းအလဲတွေ အတွက် လူထုကိုယ်တိုင် ပါဝင်တဲ့နည်းဟာ အစကောင်းတဲ့ နည်း၊ သေချာတဲ့ နည်းဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၉ ရက် ဒီကနေ့ NLD ပါတီ၊ ဧရာဝတီတိုင်း စည်းရုံးရေး ကော်မတီဝင်တွေကို ပြောကြားလိုက်ပါတယ်။
2011-03-08
လောင်စာဆီ ဈေးနှုန်းတွေ တရိပ်ရိပ် တက်လာနေချိန်မှာ တရုတ်ပြည်ဖက်ကို မြန်မာ နိုင်ငံဖက်က ဒီဇယ်ဆီများ တင်ပို့နေကြတာ ဖြစ်တယ်လို့ တရုတ်မြန်မာနယ်စပ် အခြေစိုက် ကုန်သည်တွေက ပြောဆိုကြပါတယ်။
2011-03-08
ကရင်နီ တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့တွေနဲ့ စစ်အစိုးရတပ်များ ရှမ်းပြည်နယ်နဲ့ ကရင်နီ နယ်စပ်မှာ မနေ့က မနက် ၇နာရီက၊ တိုက်ပွဲ ဖြစ်ပွားတာကြောင့် စစ်အစိုးရဖက်က ၄ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိတယ်လို့ KNPP က ဒီနေ့ မတ်လ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2011-03-08
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရန်ကုန်တိုင်းအတွင်း ပျံကျဈေးသည်တွေကို အတိုးမဲ့ အသေးစား ငွေချေးပေးနေတဲ့ အစီအစဉ်ဟာ အောင်မြင်မှု ရနေတယ်လို့ သိရှိပါတယ်။
2011-03-08
ပြည်တွင်း လောင်စာဆီဈေးနှုန်းနဲ့အတူ ကုန်ဈေးနှုန်းတွေ တရှိန်ထိုး မြင့်တက်နေ
2011-03-08
ဒီကနေ့ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ နှစ်တရာပြည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ မြန်မာ အမျိုးသမီးတွေ၊ ကမ္ဘာ့အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စာနာမိကြောင်းနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို ပြသဖို့လိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။
2011-03-08
သမတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက ကျန်းသစ္စာ ကျိန်ဆိုပြီး သမတတာဝန် မယူရသေးခင်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အရာရှိကြီးတွေ နေရာအတွက် အမည်စာရင်း တင်သွင်းပြီး ရွေးချယ် ခန့်အပ်နေတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြီး ဝေဖန်လိုက်ပါတယ်။
2011-03-08
ရွေးချယ်ခံထားရတဲ့ သမတသစ် ဦးသိန်းစိန်နဲ့ ဒုတိယသမတတွေ၊ ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အခု မတ်လ တတိယပတ်အတွင်း နေပြည်တော်မှာ ပြုလုပ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ညွှန်ကြားထားတယ်လို့ နေပြည်တော် ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2011-03-08
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်က နာမည်ကျော် ဘာကလေ တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေကို တယ်လီဖုန်းနဲ့ စကားပြောဖို့ ရှိတယ်လို့ သိရပါတယ်။
2011-03-07
လာမဲ့ သီတင်းပတ် နှစ်ပတ် လောက်ဆိုရင် ဖျာပုံနဲ့ ဘိုကလေးမြို့နယ်ထဲက ရွာတချို့မှာ သောက်သုံးရေ ရှားပါး ပြတ်လတ်တော့မဲ့ အခြေအနေ ဖြစ်နေပြီလို့ RFA က စုံစမ်း သိရှိရပါတယ်။
2011-03-07
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာ နှစ်ရက်ကြာ ကျင်းပနေတဲ့ နိုင်ငံတကာရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ညီလာခံကို ဒုတိယမြောက်နေ့အဖြစ် မတ်လ ၆ ရက် မနေ့က အပြီးသတ် ကျင်းပခဲ့ပြီး၊ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တယ်လို့ ညီလာခံ ဖြစ်မြောက်ရေးအဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးဇော်လွင်ထွန်းက ပြောပါတယ်။
2011-03-07
ဧရာဝတီမြစ်ဆုံ ရေကာတာ ဆောက်လုပ်မဲ့ နေရာအနီးက ဧရာဝတီမြစ်ကူး တံတား တိုင်ထူရေး လုပ်ငန်းကို ဒီနှစ်နွေရာသီအတွင်း အပြီးသတ် နိုင်အောင် နေ့ဆိုင်းညဆိုင်းနဲ့ ဆောက်လုပ်နေတယ်လို့ သိရပါတယ်၊
2011-03-07
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ မျှော်မှန်းထားလို အောင်မြင်မှု မရှိတဲ့ အတွက် ပြန်ပြီး စဉ်းစား သုံးသပ်သင့်ပြီ ဖြစ်ကြောင်း ဘယ်လ်ဂျီယမ် အခြေစိုက် ICG ခေါ် နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောလိုက်ပါတယ်။