သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-07
မြို့နယ်တွေမှာ ပါတီစည်းရုံးရေး လုပ်ငန်းတွေကို ပိုပြီး အားသွန် ဆောင်ရွက်ဖို့ မတ်လ ၇ ရက် တနင်္လာနေ့က ကျင်းပတဲ့ NLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်၊
2011-03-07
ရန်ကုန်မြို့တော်မှာ နေ့စဉ် ဥဒဟိုပြေးလွှားနေတဲ့ တက္ကဆီ အငှားယာဉ်တွေကို ခေတ်မီ မီတာ တပ်ဆင်ပြီး ပြေးဆွဲကြဖို့ စစ်အစိုးရက ကြိုးပမ်းလာခဲ့တာ ၅ နှစ်နီးပါးလောက် ရှိလာပြီဖြစ်ပေမဲ့ အခုထိ မအောင်မြင်သေးတာ တွေ့ရပါတယ်။
2011-03-07
မြန်မာစစ်အစိုးရပြဌာန်းလိုက်တဲ့ နိုင်ငံ့ဘဏ္ဍာ ခွဲဝေ သုံးစွဲရေးဆိုင်ရာ ဥပဒေသစ်ထဲမှာ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍနှစ်ခုလုံးအတွက် သုံးစွဲမှုဟာ အလွန် နည်းပါးလွန်းနေတယ်လို့ လေ့လာသူတွေက ဝေဖန် ထောက်ပြကြပါတယ်။
2011-03-06
ဓာတ်ဆီဈေးတက်ပြီး ဓာတ်ဆီမှောင်ခို လုပ်ငန်း တွင်ကျယ်နေတာကြောင့် ရန်ကုန်မြို့က ပုဂ္ဂလိက ဓာတ်ဆီဆိုင် တွေမှာ ညလုံးပေါက် စောင့်အိပ်ပြီး ဓာတ်ဆီတန်းစီ ဝယ်ယူနေသူတွေ ရှိသလို တချို့လည်း တဆိုင်ပြီးတဆိုင် လှည့်ပြီး ဝယ်ယူနေကြတယ်လို့ သိရပါတယ်။
2011-03-06
အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ လက်ရှိ မြန်မာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။
2011-03-06
စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ အဖွဲ့အစည်းတွေကို မဆလ အစိုးရလက်ထက်က ဖြတ်လေးဖြတ် သောင်းကျန်းသူစစ်ဆင်ရေး စီမံချက်အတိုင်း ချေမှုန်းဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြုလုပ်တဲ့ စစ်အစိုးရ လေးလပတ် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း တိုင်းရင်းသား အဖွဲ့အစည်းတွေဆီက သတင်းတွေအရ သိရပါတယ်။
2011-03-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေရာမှာ အခုနောက်ပိုင်း အတင်းအဓမ္မ မြေသိမ်းယာသိမ်းခံရတဲ့ လယ်သမားတွေအတွက် လိုက်လံ ဆောင်ရွက်ပေးရတာတွေ ပိုများလာတယ်လို့ သိရပါတယ်။
2011-03-06
ရုရှနိုင်ငံ အလယ်ပိုင်းမှာ မနေ့က လေယာဉ်ပျက်ကျလို့ သေဆုံးသွားတဲ့ မြန်မာလေယာဉ်မှူး နှစ်ဦးဟာ တပ်မတော်လေတပ်က ဒုဗိုလ်မှူးကြီး ထိန်လင်းအောင်နဲ့ ဗိုလ်မှူးဇော်ထွန်းအောင် တို့ ဖြစ်တယ်လို့ ရန်ကုန် မင်္ဂလာဒုံ လေတပ် အသိုင်းအဝန်းက စုံစမ်း သိရပါတယ်။
2011-03-06
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာ ရှိတဲ့ အင်ဒီယားနားတက္ကသိုလ်-ပါဂျူး တက္ကသိုလ်ရဲ့ ကူညီ ထောက်ပံ့မှုအရ မြန်မာ့ ဒီမိုကရေစီရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံ တရပ်ကို အင်ဒီယားနား တက္ကသိုလ်မှာ မတ်လ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်ကြာ ကျင်းပနေပါတယ်။
2011-03-06
ထိုင်းနိုင်ငံ တပ်ခရိုင် ဖုတ်ဖရမြို့နယ်မှာ ရှိတဲ့ မြန်မာ ဘုန်းကြီးကျောင်းတွေက မြန်မာသံဃာတော်တွေကို ထိုင်းနိုင်ငံ မှာ နေထိုင်ခွင့်လက်မှတ် မရှိရင် မြန်မာပြည် ပြန်ပို့မယ်လို့ သက်ဆိုင်ရာက ပြီးခဲ့တဲ့လ က သတိပေးခဲ့ပေမယ့် အခုအခါ အဆင်ပြေသွားပြီလို့ သိရပါတယ်။
2011-03-05
မကြာသေးမီက ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသူကျောင်းသားတွေဟာ မြန်မာနိုင်ငံနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ခရီး အတွေ့အကြုံတွေကို ဒီနေ့ ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။
2011-03-05
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ ပဲခူးတိုင်း အတွင်းက မြို့နယ် စည်းရုံးရေး ကော်မတီဝင်တွေ၊ တိုင်း စည်းရုံးရေး ကော်မတီဝင်တွေ တွေ့ဆုံပွဲကို ဒီကနေ့မနက် ၁ဝ နာရီက ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။
2011-03-05
‘တကမ္ဘာလုံးက လေးစားရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခြင်း’ အမည်ရတဲ့ ဆောင်းပါးတပုဒ်ကို မနေ့က နေ့စွဲနဲ့ ထုတ်ဝေတဲ့ Glamour မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
2011-03-05
မြန်မာအစိုးရ အနေနဲ့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိကျတဲ့ စကားပြော ဆွေးနွေးမှုတွေ လုပ်ဖို့လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ခါဆစ်ဖိရုမ်း (Kasit Piromya) က ပြောလိုက်ပါတယ်။
2011-03-04
ဒီတပတ် လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာဆိုရင်- `ရေနံနဲ့သဘာဝဓါတ်ငွေ့နဲ့ ပတ်သက်လို့ရှိရင် အမေရိကန် ပိတ်ဆို့မှုကြောင့် နည်းပညာတွေမရလို့ အခွင့်အလမ်းတွေ ရှုံးတယ်ဆိုတဲ့ဖက်ကိုပဲ ကြည့်ပြီး ရေနံနဲ့ ဓါတ်ငွေ့မှ လက်ရှိ ရရှိနေတဲ့ အင်မတန်များတဲ့ ဝင်ငွေတွေကို ပြည်သူတွေ အကျိုးအတွက် ဘယ်လောက်သုံးလဲ ဆိုတာကိုလဲ မကြည့်လို့တော့ မဖြစ်ပါဘူး`ဆိုပြီး မြန်မာပြည်ပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ စီးပွါးရေးသမားတဦးရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။