သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-04
စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ဘတ်ဂျက် ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ် သုံးစွဲမယ့် အထူးရံပုံငွေ ဥပဒေမှာ အချိန်အခါ၊ အကန့်အသတ်မရှိ သုံးစွဲခွင့်နဲ့ အစစ်အဆေး အမေးအမြန်း မရှိ သုံးစွဲခွင့် ပြုထားတာတွေဟာ တိုင်းပြည်မှာ မလုပ်သင့်တဲ့ ကိစ္စ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ကြေညာချက် တရပ် ထုတ်ပြန် ဖေါ်ပြလိုက်ပါတယ်။
2011-03-04
မြန်မာစစ်အစိုးရက ပြည်ပ ဆန်တင်ပို့ခွင့်ကို ပိတ်ထားပေမဲ့ မြန်မာဖက် နယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့ကနေ အိန္ဒိယ နိုင်ငံဖက် မိုးရေးမြို့ဖက်ကို ဆန်တွေ မှောင်ခို သယ်ယူ ရောင်းချနေကြတယ်လို့ သိရပါတယ်။
2011-03-04
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စီအာပီပီ ခေါင်းဆောင်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းမှာ ဒီကနေ့ အစည်းအဝေး ပြုလုပ်ပြီး မြန်မာနိုင်ငံ အရေး ကိစ္စတွေကို ဆွေးနွေးခဲ့ ပါတယ်။
2011-03-04
မြန်မာ၊ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတွေဟာ ၂၀၁၀ခုနှစ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို အောင်မြင်အောင် မဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ အမေရိကန် သမ္မတက ထည့်သွင်း သတ်မှတ် လိုက်ပါတယ်။
2011-03-04
ဂျပန်နိုင်ငံရဲ့ အာဏာရ ဒီမိုကရက်တစ်ပါတီ DPJ အထွေထွေ အတွင်းရေးမှူး နဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mr. Katsuya Okada က က ကြာသပတေးနေ့ ညနေပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ပြီး မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် သူတို့ပါတီနဲ့ ဂျပန် အစိုးရက ကူညီနိုင်မယ့် နည်းလမ်းတွေကို မေးမြန်းခဲ့ပါတယ်။
2011-03-03
ဧရာဝတီတိုင်း ဟင်္သာတခရိုင်မှာလည်း အစိုးရဆီက လုပ်ငန်း လွှဲပြောင်း ရယူလိုက်တဲ့ ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေဟာ အစိုးရသတ်မှတ်တဲ့ ဈေးနဲ့ ရောင်းချတာ မှန်ပေမဲ့ အရေအတွက် ကန့်သတ်လိုက်တာကြောင့် ယာဉ်ပိုင်ရှင်တွေ ဒုက္ခရောက်နေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။
2011-03-03
အာဏာပိုင်တွေ ထိမ်းသိမ်းထားတဲ့ မြန်မာတိုင်းမ် အမှုဆောင် အရာရှိချုပ်ဟောင်း သြစတြေးလျနိုင်ငံသား Mr Ross Dunkley ကို မတ်လ ၃ ရက် ဒီနေ့ ရုံးထုတ်စစ်ဆေးပြီးနောက် အမှုကို မတ်လ ၈ ရက်နေ့ ထပ်မံ ချိန်းဆိုလိုက်ပါတယ်။
2011-03-03
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် စည်းဝေးပွဲတွေ မတ်မ ၃ ရက် ဒီကနေ့ ဆက်လက် ကျင်းပရာမှာ ပြည်သူ့ ငွေစာရင်းကော်မတီကို ကြံ့ဖွံ့ပါတီကိုယ်စားလှယ် အများစုနဲ့ အသီးသီး ဖွဲ့စည်းလိုက်တယ်လို့ သိရှိရပါတယ်။
2011-03-03
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေအနေနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေ အခု လက်ရှိထက် ပိုမို လုပ်ဆောင်ကြပြီး NLD အခိုင်အမာ တည်ရှိမှုကို ပြသကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2011-03-03
မြန်မာစစ်အစိုးရဟာ ရုရှားနိုင်ငံက အသစ် မှာယူထားတဲ့ MiG-29 အမျိုးအစား တိုက်လေယာဉ်တွေကို အခု မတ်လအတွင်း စတင် လက်ခံရရှိမယ်လို့ ဗြိတိန်နိုင်ငံထုတ် Flight International နိုင်ငံတကာ လေကြောင်း သတင်းစာစောင်က ရေးသားဖော်ပြလိုက်ပါတယ်။
2011-03-03
မြန်မာစစ်အစိုးရဟာ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေကြောင့် လောင်စာဆီ ဈေးနှုန်းမြင့်တက်ပြီး ပေါ်ပေါက်လာနိုင်တဲ့ စားသောက်ကုန်စရိတ် ကြီးမြင့်မှုကို ထိန်းချုပ်နိုင်ဖို့ ပြည်ပကို ဆန်တင်ပို့ခွင့် ပိတ်ပင်ထားတယ်လို့ ကုန်သည်ကြီးများအသင်း အရာရှိတဦးက မတ်လ ၂ ရက် မနေ့က ပြောပါတယ်။
2011-03-03
မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပြစ်ဒဏ်ခတ် ပိတ်ဆို့ရေးကို EU ဥရောပသမဂ္ဂအနေနဲ့ ဆက်လက် ထားရှိဖို့နဲ့ ကုလသမဂ္ဂရဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးမှာ EU အဖွဲ့ဝင်နိုင်ငံတွေက အားပေး ထောက်ခံ ကူညီကြဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK က မတ်လ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2011-03-03
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ဖို့ အမေရိကန်နိုင်ငံက ဘယ်လို ကူညီ ဆောင်ရွက်နိုင်သလဲဆိုတဲ့ ဆွေးနွေးပွဲတရပ်ကို မတ်လ ၂ ရက်က အမေရိကန်သမတ အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
2011-03-02
အရှေ့အလယ်ပိုင်းဒေသက အာရပ်နိုင်ငံတွေမှာလိုပဲ အိုမန်နိုင်ငံမှာလည်း အာဏာရှင် အစိုးရ တွေကို ဆန့်ကျင်တဲ့ ဆူပူမှုတွေ ဖြစ်ပွားနေတဲ့အတွက် အဲဒီမှာ ရှိတဲ့ မြန်မာနိုင်ငံသား အလုပ်သမား တွေက သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
2011-03-02
မြန်မာလူငယ်ကွန်ရက်အဖွဲ့တွေ ဦးစီးဖွင့်လှစ်ပြီး အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင်မှု ခံခဲ့ရတဲ့ အမေ့အိမ် စာသင်ကျောင်းကို လာမဲ့ မတ်လ ၇ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ ကျောင်းတာဝန်ခံတွေက မတ်လ ၂ ရက် ဒီကနေ့ ထုတ်ဖော် ပြောကြားကြပါတယ်။