သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-04-04
၂၀၁၁ အတာသြင်္ကန်အတွက် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုမှ ‘ငုံ့မခံရဖို့ တုံ့ပြန်ကြစို့’ ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၃ ကြိမ်မြောက် သြင်္ကန်သံချပ်ခွေသစ်ကို ထုတ်ဝေလိုက်ပါတယ်။
2011-04-03
အစိုးရသစ် တက်လာပြီးနောက် ထပ်တိုးလာတဲ့ ဝန်ကြီးဌာန တခုဖြစ်တဲ့ မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရတဲ့အတွက် ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
2011-04-03
ရခိုင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပထမဦးဆုံး အခမဲ့ ပညာသင်ကျောင်း တကျောင်းကို ဒီကနေ့ ဖွင့်လှစ်ခဲ့ပါတယ်။
2011-04-03
ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာ အင်းလျားလမ်းလို၊ အခုသံလွင်လမ်းလို့ ခေါ်တဲ့ ဝင်ဒါမီယာလို နေရာမျိုးတွေမှာ ဈေးခေါ်ရင် ခေါ်သလောက် ဝယ်နိုင်သူတွေရှိတယ်လို့ သိရပါတယ်။
2011-04-03
ပြည်မြို့ သံတချောင်းလမ်း၊ ပြည်တက္ကသိုလ်ရှေ့က ဈေးဆိုင်ခန်းတွေကို အာဏာပိုင်တွေက စက်ရုံပိုင် ဆိုင်ခန်းဆိုပြီး ဆိုင်ရှင်တွေကို အင်အားသုံးဖယ်ရှားဖို့ ကြိုးစားခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။
2011-04-03
မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ် ပြောင်းလဲတယ်လို့ ပြောဆိုနေပေမယ့် အမေရိကန်နဲ့ မြန်မာအကြား မနီးစပ်နိုင်အောင် ခွဲခြားထားတဲ့ ပြဿနာတွေ မဖြေရှင်းနိုင်သေးသရွေ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဆက်ပြီး ရှိနေမှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဂျိုးဇက် ဆေးဗားစတိန်း (Josef Silverstein) က ပြောကြားလိုက်ပါတယ်။
2011-04-03
USCB အမေရိကန် ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ရဲ့ နှစ်ပတ်လည်ဆွေးနွေးပွဲကို ဝါရှင်တန် ဒီစီမြို့တော် George Washington တက္ကသိုလ်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2011-04-03
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းသစ် အဖြစ် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရ ဖွဲ့စည်းလိုက်တဲ့ အကြောင်းနဲ့ ပြီးဆုံးသွားတဲ့ လွှတ်တော်ဆွေးနွေးပွဲတွေ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-04-02
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကွန်ယက်ဟာ မန္တလေးတိုင်း အတွင်းက နိုင်ငံရေး အကျဉ်းသား ၉ ဦးရဲ့ မိသားစု တစုကို ငွေကျပ် ငါးသောင်းကျစီ ဒီကနေ့ ကူညီခဲ့တယ်လို့ သိရပါတယ်။
2011-04-02
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒီမိုကရေစီ အင်အားစုတွေ စုပေါင်းဖွဲ့စည်းထားတဲ့ FDB ခေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု အဖွဲ့က ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကို အသိအမှတ် မပြုနိုင်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2011-04-02
မန္တလေးတိုင်းက လူမှုရေးကွန်ယက်အဖွဲ့ ၄ဝ ကျော် စုပေါင်း ကမကထပြုပြီး ဂျပန်နိုင်ငံက မြေငလျင်နဲ့ ဆူနာမီ လှိုင်းဒဏ် သင့်သူတွေနဲ့ ရှမ်းပြည်နယ် အရှေ့တောင်ပိုင်းက မြေငလျင်ဒဏ် သင့်သူတွေ အတွက် ဘာသာဝင်ပေါင်းစုံ မေတ္တာပို့ ဆုတောင်း ဝတ်ပြုပွဲနဲ့ ရန်ပုံငွေရှာပွဲကို မန္တလေးမြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2011-04-02
တရုတ်နိုင်ငံမှာ လူကြိုက်အများဆုံး အမျိုးသမီး သရုပ်ဆောင်တဦးဖြစ်တဲ့ Yao Chen ဟာ ထိုင်းမြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းကို သွားရောက် ပြီး ဒုက္ခသည်တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က သတင်းထုတ်ပြန်ပါတယ်။
2011-04-02
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မေလ ၅ ရက်နေ့ ကျင်းပမယ့် ပထမဆုံးအကြိမ် အာစီယံ-ဥရောပ စီးပွားရေး ညီလာခံမှာ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ဥရောပသမဂ္ဂ EU က ခွင့်ပြုမယ့်အကြောင်း အင်ဒိုနီးရှား၊ ဘရုနိုင်းနဲ့ အာစီယံဆိုင်ရာ EU သံအမတ်ကြီး Julian Wilson က ပြောကြားလိုက်ပါတယ်။
2011-04-02
ရှမ်းပြည်နယ်အရှေ့ပိုင်းက ငလျင် ဘေးဒဏ်သင့် ပြည်သူ ထောင်ပေါင်း များစွာအတွက် အမိုးအကာတွေ ရရှိဖို့ အထူး လိုအပ်နေတဲ့အကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2011-04-02
သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရသစ် အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်လာ အောင် လုပ်ဆောင်သွားဖို့ ထပ်မံ တိုက်တွန်းကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး တာကေးရှိ-မာဆုမို့တို က မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။