သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-16
ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသော မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၀၀ ကျော်က လူဦးရေ ၉၀၀၀ နီးပါး စားနပ် ရိက္ခာ အကျပ်အတည်း ကြုံတွေ့နေရပါတယ်။
2011-05-16
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားအားလုံးကို ရရှိထားပြီးသား လျှော့ရက်များအပြင် တနှစ် သက်သာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမတက ဒီကနေ့ မေလ ၁၆ ရက်မှာ အမိန့်စာ ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်ကို ဒီကနေ့ ညနေ ၆ နာရီ မြဝတီ ရုပ်မြင်သံကြားမှာ ကြေညာသွားတာ ဖြစ်ပါတယ်၊
2011-05-16
မီဒီယာများအနေနဲ့ မှန်ကန်တဲ့ သတင်း အချက်အလက် ရှိရမှာဖြစ်သလို မှန်ကန်တဲ့ ရပ်တည်ချက် ရှိရမယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၆ ရက် ဒီကနေ့ ပြောလိုက်ပါတယ်။
2011-05-16
မြန်မာနိုင်ငံမှာ ခေါင်းဆောင် အပြောင်းအလဲကြောင့် နိုင်ငံမှာ ဘာအပြောင်းအလဲမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဘာတီး လစ်တနာက အာရှ ဝေါစထရိ ဂျာနယ်မှာ မေလ ၁၆ နေ့စွဲနဲ့ ဆောင်းပါး တပုဒ် ရေးသားလိုက်ပါတယ်။
2011-05-16
အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ချီးမြှင့်တဲ့ 2011 ခုနှစ်အတွက် ပြည်သူ့ ဂုဏ်ရည်ဆုကို မြန်မာပြည်တွင်းမှာ နိုင်ငံရေး အကျဉ်းသား သံဃာတော်တွေကို ကူညီ စောင့်ရှောက်ပေးနေတဲ့ ဒေါ်ရှုကို ရွေးချုယ်လိုက်ပါတယ်။
2011-05-15
နာရေးကူညီမှုအသင်း (ရန်ကုန်) က ထုတ်ဝေတဲ့ မှတ်တမ်းဗီဒီယို စီဒီခွေတွေကို ဆင်ဆာ အရင် တင်ပြဖို့နဲ့ ခွင့်ပြုချက်မရခင် မဖြန့်ဝေဖို့ သက်ဆိုင်ရာက ခေါ်ယူ တားမြစ်လိုက်ပါတယ်။
2011-05-15
ကရင်ပြည်နယ်အတွင်း အပစ်အခတ် ရပ်စဲရေးနဲ့ စစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ နေရပ် ပြန်လာ ရေးအတွက် ပါဝင်ဆောင်ရွက်ဖို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက ဦးသိန်းစိန်အစိုးရ ကို တင်ပြထားတယ်လို့ သိရပါတယ်။
2011-05-15
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ရောက် နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်း ဆေးကုသခွင့် ကောင်းကောင်းမွန်မွန် ရရှိဖို့နဲ့ တခြား နေထိုင်မှု အခွင့်အလမ်းတွေ ရဖို့ မြန်မာ အစိုးရသစ်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြ တောင်းဆိုလိုက်ပါတယ်။
2011-05-15
နယ်လှည့် သာသနာပြု ဆရာတော်တပါးဖြစ်တဲ့ ပီနန်ဆရာတော် ဘဒ္ဒန္တပညာဝံသ ဦးဆောင် မ,တည် ပြီး မလေးရှားနိုင်ငံ ပီနန်မြို့မှာ ‘ရွှေစေတီကျောင်း’ လို့ အမည်ပေးထားတဲ့ လေးထပ်တိုက် ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို မေလ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပနေတယ်လို့ သိရပါတယ်။
2011-05-15
ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေက မြန်မာ ဒုက္ခသည်တွေအပေါ် ထားတဲ့ ကြမ်းတမ်းတဲ့ သဘောထားကြောင့် ဒုက္ခသည်တွေ ပို အခက်အခဲ ဖြစ်ကြရတဲ့ အကြောင်းနဲ့ ဒုက္ခသည်တွေအပေါ် ကရုဏာထားကြဖို့ ထိုင်း ဒုက္ခသည်များ ကော်မတီ TRC အကြီးအကဲက ပြောကြားလိုက်ပါတယ်။
2011-05-15
အာစီယံဥက္ကဋ္ဌဖြစ်ရေး၊ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး အတွက် မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေ တိုးတက်ဖို့ လိုကြောင်း ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ သြစတြေလျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
2011-05-15
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သုံးရက်ကြာ သွားရောက်ခဲ့တဲ့ကိစ္စနဲ့ ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ ရယူဖို့ မြန်မာနိုင်ငံက ကြိုးစားနေတဲ့ ကိစ္စတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-05-14
သာယာဝတီခရိုင် သုံးဆယ်မြို့မှာ ကိုင်းမြေတွေ စိုက်ပျိုးမရအောင် တမံ တုတ်လို့ အထက်ကို တိုင်ကြားသူတွေ ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး က ခြိမ်းခြောက်ခဲ့တယ်လို့ သိရှိရပါတယ်။
2011-05-14
ဧရာဝတီတိုင်း မုန်တိုင်းသင့် ဒေသတွေမှာ ကျေးရွာသောက်သုံးရေ ရရှိဖို့ မင်္ဂလာမြန်မာ ပရဟိတ အသင်းက ဒေသခံ လူထုနဲ့ ပူးပေါင်းပြီး အဝီစိတွင်းတွေ တူးဖော်ပေးနေတယ်လို့ အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာဖုန်းဝင်းက ပြောပါတယ်။
2011-05-14
မုဒုံမြို့ ဆက်သွယ်ရေးရုံးကို လက်နက်ကိုင်တချို့က ဒီကနေ့ မနက် ၆ နာရီကျော်လောက်က ဝင်ရောက်စီးနင်းပြီး မိုင်းခွဲ ဖျက်ဆီးလိုက်ကြတယ်လို့ သတင်း ရရှိပါတယ်။