သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-17
မြန်မာနိုင်ငံမှာ အစိုးရသစ် ပြောင်းလဲ ပြီးနောက် တရားစီရင်ရေးအာဏာနဲ့ စီမံခန့်ခွဲမှုတွေ သတ်သတ်မှတ်မှတ် မစီစဉ်နိုင်သေးတဲ့အတွက် ရန်ကုန်တိုင်း အတွင်းက တရားရုံးတွေမှာ အမှုတွေ မစစ်ဆေးနိုင်ဘဲ ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။
2011-07-17
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ… မြန်မာနိုင်ငံမှာ ဒီမိုကရေစီလူ့ဘောင် ဖော်ဆောင်လိုကြ တဲ့ လူငယ်ပိုင်းအနေနဲ့ နိုင်ငံရေးလောက ဝင်ရမှာကို မကြောက်ကြဘဲ တိုင်းကျိုးပြည်ကျိုး ဘယ်လိုဘယ်ပုံ ထမ်းဆောင်သွားသင့်တယ် ဆိုတာကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-07-16
မြန်မာအစိုးရ ကျင်းပမယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ သတင်းရရှိပါတယ်။
2011-07-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ဟာ ခြေထောက်မှာ ပြင်းပြင်းထန်ထန် ကိုက်ခဲတဲ့ဝေဒနာ ကြောင့် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗဟိုလမ်းက အာရှတော်ဝင်ဆေးရုံမှာ တက်ရောက် ကုသခံနေရ တယ်လို့ သတင်းရရှိပါတယ်။
2011-07-15
`ရက်ပေါင်း (၁၀၀) ကျော်လာပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဘယ်လောက်အထိ အပြောင်းအလဲ ဖေါ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိတယ် ဆိုတာကို အခုထိ ခန့်မှန်းလို့ မရသေးပါဘူး။
2011-07-15
ပစိဖိတ်သမုဒ္ဒရာ ရေပြင်မှာ သာမန် မဟုတ်တဲ့ အပူချိန် မြင့်တက်လာပြီး El Nino အယ်လ်နီညို လို့ခေါ်တဲ့ ရာသီဥတု ဖြစ်စဉ် တရပ် ပေါ်ပေါက်လေ့ ရှိပါတယ်။
2011-07-15
KIO ဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပခဲ့တဲ့ လူထု အစည်းအဝေးက ထွက်လာတဲ့ ဆွေးနွေးချက်တွေကို ဒီကနေ့ည ကြေညာချက် ထုတ်ပြန်ပါတယ်။
2011-07-15
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပညာဒါန လုပ်ငန်းတွေကို ကူညီပံ့ပိုးတဲ့ အနေနဲ့ ပြည်ပက စေတနာရှင်တွေ ပေးပို့ လှူဒါန်းတဲ့ ကျောင်းသုံး ပစ္စည်းတွေကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ပညာဒါနကျောင်းတွေကို မနေ့က လှူဒါန်းလိုက်ပြီလို့သိရပါတယ်။
2011-07-15
မုံရွာမြို့ပေါ်က လူစည်ကားရာ နေရာ ၇ နေရာလောက်မှာ ကျောင်းသား လူငယ်လို့ နံမည်တပ်ထားတဲ့အဖွဲ့တွေက လာမည့်ရက်ပိုင်းမှာ ဆန္ဒပြရေး အပါအဝင် တောင်းဆိုချက် သုံးရပ် ပါဝင်တဲ့ နှိုးဆော်စာတွေကို ဒီကနေ့မနက် ၅ နာရီလောက်မှာ ဖြန့်ဝေခဲ့တယ်လို့သိရပါတယ်။
2011-07-15
ထိုင်းနိုင်ငံ အတွင်းမှာ ရှိတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို ဇွန်လ ၁၅ ရက်က စတင်ပြီး ဇူလိုင် ၁၄ ရက်နေ့ အထိ မှတ်ပုံတင်ခွင့် ပြုခဲ့ရာမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၅-သိန်းခွဲကျော် ပါဝင် မှတ်ပုံတင်ခဲ့ပါတယ်။
2011-07-14
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ဝိုင်းဝန်း ထောက်ခံ ပါဝင်ကြဖို့ မြန်မာ့အရေး ပူးပေါင်းလှုပ်ရှားသူများ အဖွဲ့ Burma Partnership က အာဆီယံ နိုင်ငံ အစိုးရတွေကို တိုက်တွန်း တောင်းဆိုလိုက် ပါတယ်။
2011-07-14
နိုင်ငံရေး အကျဉ်းသားတွေကို ဝေးလံတဲ့ထောင်တွေကို ပို့ထားတဲ့ အတွက် မိသားစု လာရောက် တွေ့ဆုံဖို့ ခက်ခဲတဲ့ အပြင် လာရောက်ချိန်မှာလည်း မိနစ် အနည်းငယ်သာ တွေ့ဆုံခွင့် ရတဲ့ အကြောင်း သိရပါတယ်။
2011-07-14
ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို အကောင်အထည် မဖော်ဖို့ ပညာရှင်တွေ တားမြစ်တဲ့ကြားက တရုတ် အစိုးရပိုင် ကုမ္ပဏီနဲ့ မြန်မာ အစိုးရနဲ့ နီးစပ်တဲ့ အေရှားဝေါလ် ကုမ္ပဏီတို့က ရှေ့ဆက် ဆောင်ရွက်နေတယ်လို့ Burma Rivers Network မြန်မာမြစ်များ ကွန်ယက် အဖွဲ့က ဒီနေ့ ပြောကြားလိုက် ပါတယ်။
2011-07-14
လက်ရှိ ဦးသိန်းစိန်အစိုးရ အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံ့တာဝန်တွေကို အမြန် ဆောင်ရွက်ဖို့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းလိုက် ပါတယ်။
2011-07-14
မကွေးတိုင်း နတ်မောက် မြိ့နယ်ထဲမှာ ဒေသခံ အာဏာပိုင်တွေနဲ့ မြေစာရင်း ဦးစီးဌာန ဝန်ထမ်းတွေ မမှန်မကန် ဆောင်ရွက်နေတာကို လယ်သမားတွေက ILO အရာရှိကို ဒီနေ့ တင်ပြလိုက်ကြတယ်လို့သတင်းရရှိ ပါတယ်။