သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-12
ဒီမိုကရေစီစနစ်ကို လိုလားတဲ့ အပြောင်းအလဲ တွေကို မြောက်အာဖရိက နိုင်ငံတွေမှာ တင်မကပဲ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများ မှာ တွေ့ရကြောင်း တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားက မနေ့က မိန့်ကြားလိုက်ပါတယ်။
2011-07-11
ဟင်္သာတမြို့က အလုပ်ရှင်ရဲ့ ညှဉ်းပန်း နှိပ်စက်မှုကို ခံခဲ့ရတဲ့ ကလေး အလုပ်သမား မောင်ထိပ်ကွက် ခေါ် မောင်စိုးထက်အောင်ရဲ့အမှုမှာ နှစ်ဘက် ကြားနာစစ်ဆေးမှုတွေ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။
2011-07-11
နိင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ကြီး အနေနဲ့ နိုင်ငံတော် အစိုးရသစ်ကို သြဝါဒ ပေးရန်၊ သွန်သင် ဆုံးမပေးပါရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးက လျှောက်ထား လိုက်ပါတယ်။
2011-07-11
မြန်မာအစိုးရတပ်ဖွဲ့တွေက ကချင်၊ ကရင် နဲ့ ရှမ်းပြည်နယ် အတွင်းက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OMCC က ပြင်းထန်စွာ ကန့်ကွက်လိုက်ကြောင်း အခု ရက်ပိုင်း အတွင်း ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
2011-07-11
ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်း အတွင်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာပါ။
2011-07-11
ရန်ကုန်မြို့တွင်း လူစည်ကားရာ နေရာတွေမှာ ဗုံး လို့ယူဆနိုင်တဲ့ မသင်္ကာစရာ ပစ္စည်း တွေ့ရှိခဲ့ရင် တပ်မတော် အင်ဂျင်နီယာ B.E တပ်ကို အကြောင်းကြား သတင်း ပေးကြဖို့ ရန်ကုန်မြို့ တချို့ရပ်ကွက်တွေမှာ သက်ဆိုင်ရာက ဆိုင်းဘုတ်တွေ ကပ်ထားတယ်လို့သိရပါတယ်။
2011-07-11
အလယ်တန်း အထက်တန်း ကျောင်းသား လူငယ်တွေ ပညာရည် မြင့်မားလာစေဖို့ရည်ရွယ်ပြီး လက်ရှိ ပညာသင်နှစ် အတွက် အခမဲ့ စာသင်ကျောင်း တစ်ကျောင်းကို ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ် NLD စည်းရုံးရေး အဖွဲ့ဝင်တွေက ဦးဆောင်ပြီး ကွမ်းခြံကုန်း မြို့နယ် မရမ်းကျေးရွာမှာ ဇူလိုင်လ ၁၀ ရက်နေ့ မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။
2011-07-10
ကျန်းမာရေး၊ ပညာရေး အထောက်အပံ့တွေ ကူညီဖို့အတွက် လူငယ်ဟစ်ပ်ဟော့ အဆိုတော် ရသ ဦးဆောင်ပြီး ပရဟိတ အဖွဲ့တဖွဲ့ကို ဒီနေ့ စတင်ဖွဲ့စည်း ထူထောင်လိုက်တယ်လို့ သိရပါတယ်။
2011-07-10
အသက် ၁၅ နှစ်ရွယ် ကလေးစစ်သား မောင်ရေချမ်း စစ်တပ်က ထွက်လိုတာ ကို ထွက်ခွင့်မပေးဘဲ အကြိမ်ကြိမ် ပြန်လည်ဖမ်းဆီး နှိပ်စက်နေကြောင်း မိဘဖြစ်သူတွေက ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။
2011-07-10
မကွေးတိုင်း သရက်အကျဉ်းထောင်မှာ ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်ခံထားရ တဲ့ စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်ဆရာတော် ဦပညာစာရ အမှုအတွက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှာ မကြာခင် အထူးအယူခံ ဝင်သွားမယ်လို့ ဆရာတော်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို ပြောပါတယ်။
2011-07-10
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံ ညောင်ဦး ခရီးစဉ်အတွင်း ကြိုဆို နှုတ်ဆက်ခဲ့သူတွေနဲ့ လက်ဆောင် ပစ္စည်းပေးသူ တချို့ကို ခရီးစဉ်အပြီး ရက်ပိုင်းမှာ အာဏာပိုင်တွေက စုံစမ်းမေးမြန်းတာ တွေ ရှိတယ်လို့ သိရပါတယ်။
2011-07-10
သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာဦးမြင့်ဟာ မနက်ဖြန်နေ့လည်မှာ ရန်ကုန် ရွှေဂုံတိုင်လမ်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ စီးပွားရေးဆိုင်ရာ စာတမ်းတစောင် လာရောက် ဖတ်ကြားမယ်လို့ သိရပါတယ်။
2011-07-10
အစိုးရ ဝန်ကြီးဌာနတွေနဲ့ အသင်းအဖွဲ့ တွေရဲ့ အထိမ်းအမှတ် ဖျော်ဖြေပွဲတွေ အပါအဝင် ပြဇာတ်၊ အငြိမ့်နဲ့ ပဒေသာ ကပွဲတွေကို ပရိသတ်ရှေ့ မကပြခင် သက်ဆိုင်ရာမှာ ဝတ်စုံပြည့်နဲ့ ကြိုတင် စစ်ဆေးခံရ မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မ့ာရုပ်ရှင် လုပ်ငန်းက ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2011-07-10
ရှမ်းပြည်တောင်ပိုင်း တောင်ကြီး- လုွိင်လင်ကားလမ်းပေါ်ရှိ ခေါင်နွဲ့ရွာ အနီးမှာ ဇူလိုင်လ ၉ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ယာဉ်တန်းတတန်းကို ဆက်ကြေးတောင်းခံနေတဲ့ SSA တပ်ဖွဲ့နဲ့ မိုင်းပွန် အခြေစိုက် ခမရ (၅၁၃) တပ်ဖွဲ့တဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သတင်းရရှိပါတယ်။
2011-07-10
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ … မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ သုံးလတာ ခရီးအပေါ် ရှုမြင်သုံးသပ်ချက်တွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။