သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-07
မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ၂၃နှစ်တာ အတွင်း အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ Dream of Peaceful Revolution အမည်ရှိ မှတ်တမ်းတင် ရုပ်ရှင်ကား တစ်ကား ပြီးစီးသွားပြီလို့ သိရပါတယ်။
2011-08-07
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ကိုမင်းကိုနိုင်ရဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်စူးပြီး ထောင်ထဲမှာ စပ်ဆို ရေးသားလိုက်တဲ့ "ပြန်လာပြီ ပန်ထွာဧကရီ" သီချင်း ကို သြဂုတ်လ ၈ ရက်နေ့မှာ ဖြန့်ဝေမယ်လို့ သိရပါတယ်။
2011-08-07
မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေတဲ့ Sibutramine (ဆဘူထရာမင်း) ဓာတုဗေဒဆေး ပါတဲ့ ပိန်ဆေး၊ အဆီကျဆေးတွေ ဘေး အန္တရာယ် ကင်းရှင်းမှုမရှိတဲ့အတွက် တင်သွင်းတာ ရပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက အမိန့်ထုတ်လိုက်ပါတယ်။
2011-08-07
မြန်မာသင်္ဘောသား ၁၄ ဦးကို ပင်လယ်ဓားပြတွေလက်ထဲက ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုမာလီ အရှေ့မြောက်ပိုင်းဒေသ သီးခြား ပြည်နယ် Puntland အစိုးရက ပြောကြားကြောင်း မြို့တော် Garowe အခြေစိုက် RBC အသံလွှင့်ဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။
2011-08-07
စစ်ရေးတင်းမာမှု ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-တနိုင်း လမ်းမကြီးပေါ်မှာ ည ၇ နာရီ နောက်ပိုင်း ဖြတ်သန်းသွားလာခွင့် မပြုကြောင်း အစိုးရ အာဏာပိုင်တွေက ဒီကနေ့ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
2011-08-07
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သြဂုတ်လ ၁၄ ရက်နေ့မှာ ပဲခူးတိုင်း သနပ်ပင်မြို့နဲ့ ပဲခူးမြို့တို့ကို သွားရောက်မယ်လို့ သိရပါတယ်။
2011-08-07
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ရှစ်လေးလုံး အရေးတော်ပုံ ကာလက အတွေ့အကြုံတွေနဲ့ ရှုမြင်သုံးသပ်ချက်တွေကို ဆွေးနွေးထားကြပါတယ်။
2011-08-07
မြန်မာအစိုးရက ဇူလိုင်လကစပြီး အငြိမ်းစား ပင်စင်လစာငွေ တိုးမြင့် ထုတ်ပေးမယ်လို့ ကြေညာခဲ့ပေမယ့် အခုချိန်ထိ ထုတ်ယူလို့ မရသေးဘူးလို့ ပင်စင်လစာငွေ သွားထုတ်တဲ့ အငြိမ်းစားတွေက ပြောပါတယ်။
2011-08-07
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရေကြောင်းကတဆင့် သစ်မှောင်ခို တင်သွင်းဖို့ ကြိုးစားခဲ့သူ မြန်မာလူမျိုး ၅ ဦးကို ထိုင်းရေတပ်က မနေ့က ဖမ်းဆီးခဲ့ပါတယ်။
2011-08-07
၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလကစပြီး ၉ လလောက် ရပ်နားထားခဲ့တဲ့ Yangon Airway ခရီးစဉ်တွေကို ယခင် ပိုင်ရှင်ဟောင်း ဦအိုက်ဟော့ရဲ့ ကုမ္ပဏီက ပြန်လည်ပြေးဆွဲခွင့် ရရှိသွားတယ်လို့ ရန်ကုန်မြို့ လက်မှတ် အရောင်းကိုယ်စားလှယ်များ အသိုင်းအဝိုင်းက ပြောပါတယ်။
2011-08-07
မြန်မာနိုင်ငံ သွေးစည်းညီညွတ်ရေး တည်ဆောက်မှု အဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို အမေရိကန် နိုင်ငံ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့လည်က ESL ကျောင်းမှာ သြဂုတ်လ ၆ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
2011-08-06
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံ မြို့သစ်မြို့နယ် စက်မှုဇုန် (၁) မှာရှိတဲ့ အက်စ်ဂျီအိုင် အထည်ချုပ်စက်ရုံ (၁) နဲ့ စက်ရုံ (၄) က အလုပ်သမားတွေ လုပ်ခလစာနဲ့ အချိန်ပိုကြေး တိုးပေးဖို့အတွက် ဒီကနေ့ မနက် ၇ နာရီမှာ အလုပ်မဆင်းဘဲ စက်ရုံရှေ့မှာ ဆန္ဒပြခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
2011-08-06
ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း ရဲ့ ဝမ့်ဟိုင်းဌာနချုပ်ကို ဝိုင်းထားတဲ့ မြန်မာအစိုးရတပ်တွေဟာ သြဂုတ်လ ၃ ရက်ကနေ ၅ ရက်နေ့အထိ ဆန်ရိက္ခာ သယ်ယူနေချိန်မှာ SSA မြောက်ပိုင်းတပ်က ချုံခို တိုက်ခိုက်ခဲ့ကြောင်း SSA မြောက်ပိုင်းရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက RFA ကို ပြောပါတယ်။
2011-08-06
၈၈ လူထုအရေးတော်ပုံ ၂၃ နှစ်ပြည့် အခမ်းအနားတရပ်ကို သြစတြေလျ နိုင်ငံ ဆစ်ဒနီမြို့မှာ ABSDF သြစတြေလျ ဌာနခွဲနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ ပူးပေါင်းပြီး ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
2011-08-06
နိုင်ငံတကာ အလှူရှင်တွေ လှူဒါန်းထား တဲ့ စာအုပ်စာတမ်း၊ စာရေးကိရိယာ တွေကို မရှိနွမ်းပါးတဲ့ စာသင်ကျောင်း တွေကို NLD ပါတီက လှူဒါန်းနေရာမှာ ဒီကနေ့ ဒလမြို့နယ်က ကျောင်းတွေကို သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။