သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-06
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခင် ကာလမှာ တွေ့ဆုံဖို့ ဆောင်ရွက်နေကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက သြဂုတ်လ ၅ ရက်နေ့က ကုန်သည်ကြီးများအသင်း အဆောက်အဦ မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ သတင်းထောက်တွေ ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
2011-08-06
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ရဲ့ တောင်ဒဂုံမြို့နယ် ပါတီဝင် ၄၅ ဦး ပါတီက နှုတ်ထွက်သွားကြောင်း ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက အာအက်ဖ်အေကို ပြောပါတယ်။
2011-08-05
အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီကနေ သီးခြား ခွဲထုတ် နေတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မဟုတ်မှန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP အစည်းအဝေးမှာ ငြင်းဆို သွားတယ်လို့ သိရပါတယ်။
2011-08-05
သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားအဖွဲ့ ၄ ဖွဲ့ထံ ဇူလိုင်၂၈ ရက်နေ့က ပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့် ပေးစာနဲ့ ပတ်သက်ပြီး ထိုင်း မြန်မာ နယ်စပ် အခြေစိုက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC က ဒေါ်အောင်ဆန်းစုကြည်ကို အိတ်ဖွင့်စာတစောင် ဒီကနေ့ ပြန်ကြား လိုက်ပါတယ်။
2011-08-05
အပစ်ရပ်ရေး လာရောက် ဆွေးနွေးတဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို မည်သူက တာဝန်ပေးခဲ့သလဲ ဆိုတဲ့ မေးခွန်းအပါအဝင် အစိုးရဲ့ သဘောထား တွေကို ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ KIO က မေးမြန်းခဲ့ တယ်လို့ သိရပါတယ်။
2011-08-05
မလေးရှားအစိုးရက ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြား အလုပ်သမားတွေ တရားဝင် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် Legalization အစီအစဉ် အတွက် ပတ်စပို့စာအုပ် လုပ်ပေးဖို့ ကိစ္စနဲ့ ပတ်သက်လို မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက အလုပ်သမား အေးဂျင်စီတွေနဲ့ ဂျာနယ် ထုတ်ဝေသူတွေကို မနေ့က ရှင်းပြတယ်လို့ သိရပါတယ်။
2011-08-05
၈၈ အရေးတော်ပုံ ၂၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီကနေ့ သံဃာတော်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက် ဖြစ်ပေါ်ဖို့ အတွက် ဝိုင်းဝန်း ကြိုးပမ်းကြဖို့ တိုက်တွန်း လိုက်ပါတယ်
2011-08-05
မြန်မာအစိုးရရဲ့ မြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ မက်ထရို မြို့ပတ် မြေအောက်ရထားလမ်း ဖေါက်လုပ်ရေး လုပ်ငန်းအတွက် ကန်ထရိုက် ရထားတဲ့ ရုရှားကုမ္ပဏီဟာ ပြည်တွင်း မြေအောက် ရထားလမ်း စီမံကိန်းတွေ ထက် နေပြည်တော် စီမံကိန်းကို ပိုပြီး အားစိုက် ဆောင်ရွက် နေတယ်လို့ The Moscow News က မနေ့က ဖေါ်ပြ လိုက်ပါတယ်။
2011-08-05
ကချင်ပြည်နယ် မေခ၊ မလိခ မြစ်ဆုံမှာ တရုတ်အစိုးရပိုင် China Power Investment (CPI) ကော်ပိုရေးရှင်းနဲ့ မြန်မာအစိုးရ ဖက်စပ်ပြီး မြစ်ဆုံဆည် စီမံကိန်းကြီး ဆောက်လုပ်နေတာဟာ ဧရာဝတီ မြစ်ကြီး ပျောက်ကွယ်ဖို့ ဖြစ်လာတာကြောင့် ဝိုင်းဝန်း ကာကွယ်ကြဖို့ အမေရိကန်အခြေစိုက် US campaign for Burma အဖွဲ့က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
2011-08-04
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်လာဖို့ ဂျပန်အစိုးရက အခုထက်ပိုပြီး လုပ်ဆောင်သင့်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2011-08-04
နေပြည်တော်မှာ အခုလ လယ်ပိုင်း အတွင်း ကျင်းပဖို့ရှိတဲ့ မက်ခရို စီးပွားရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားဖို့ စီစဉ်နေ တယ်လို့ သိရပါတယ်။
2011-08-04
လာမည့် တနင်္လာနေ့မှာ ကျင်းပမယ့် ၈၈ မျိုးဆက် ကျောင်းသားများရဲ့ ဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနားကို နိုင်ငံရေး ပါတီတွေ ၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား သံရုံးတွေကိုလည်း ဖိတ်ကြားထားကြောင်း သတင်း ရရှိ ပါတယ်။
2011-08-04
လူငယ် ကွန်ရက်အဖွဲ့က ဖွင့်လှစ် ထားတဲ့ ရန်ကုန်မြို့က ဗေဒါကျောင်းကို မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး Mr.Yaron Mayer ဒီနေ့ သွားရောက်ပြီး ကျောင်းကော်မတီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-08-04
အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်မှာ မြန်မာ ကလေး စစ်သားဟောင်း တစ်ယောက် ကိုယ်တိုင် တက်ရောက် ထွက်ဆိုတဲ့ ကြားနာပွဲ တရပ်ကို မနေ့ညနေပိုင်းက ပထမဆုံးအကြိမ် အဖြစ် ကျင်းပခဲ့ ပါတယ်။
2011-08-04
သမ္မတ အိုဘားမား က မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံ ကိုယ်စားလှယ် အဖြစ် Mr Derek Mitchell ကို အဆိုပြု ထားခြင်းကို အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော်က အင်္ဂါနေ့မှာ တညီတညွတ် တည်း အတည်ပြု လိုက်ကြပါတယ်။