သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-04
ကနေဒါနိုင်ငံက သတ္တုတူးဖေါ်ရေး ကုမ္ပဏီဖြစ်တဲ့ Ivanhoe ကုမ္ပဏီဟာ မြန်မာနိုင်ငံ မုံရွာကြေးနီ တူးဖေါ်ရေး လုပ်ငန်းအတွေက် Monywa Trust ဘဏ္ဍာရေးအဖွဲ့က ငွေပေး ကတိစာချုပ်အရ အမေရိကန် ဒေါ်လာ ၁၀၃ သန်း ရရှိခဲ့ကြောင်း ဒီကနေ့ ထုတ်ပြန် ကြေညာလိုက် ပါတယ်။
2011-08-03
စစ်တွေ တက္ကသိုလ်မှာ ကျောင်းနဲ့ မြို့တွင်း ပြေးဆွဲနေတဲ့ ကျောင်း ကားခတွေ နှစ်ဆ တက်လိုက်တဲ့ အတွက် ကျောင်းသူ ကျောင်းသား အယောက် ၃၀၀ လောက် ပြည်နယ် လွှတ်တော်ကို ချီတက်ဆန္ဒပြ ကြတယ် လို့ သတင်းရရှိ ပါတယ်။
2011-08-03
မြန်မာအစိုးရ အနေနဲ့ နယ်စပ် တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အမြန်ရပ်ပြီး အပစ်အခတ် ရပ်စဲရေး ကြေညာပေးဖို့ ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား မဟာမိတ် ၅ ပါတီက ဒီကနေ့ ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။
2011-08-03
သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာဦးမြင့် က အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အကြောင်း ဒီကနေ့ NDF ပါတီရုံးမှာ ပြုလုပ်တဲ့ နိုင်ငံရေး သင်တန်းမှာ ဟောပြောသွား ပါတယ်။
2011-08-03
စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဦးစီးပါဝင် ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေအတွက် စင်တင်ဂီတ ဖျော်ဖြေပွဲ တခုကို အခုလာမယ့် စနေနေ့မှာ ကျင်းပဖို့ ရှိပါတယ်။
2011-08-03
ကချင်ပြည်နယ် မြစ်ကြီးနာမြို့ ဇီးလွန် အထက်တန်းကျောင်းမှာ ပညာ သင်ကြားနေတဲ့ ကျောင်းသား ကလေးငယ် တချို့ ပညာသင်ကြေး မပေးနိုင်တဲ့ အတွက် ပြစ်ဒဏ်ပေး ညှဉ်းပန်း နှိပ်စက် ခံနေရပြီး အဲဒီ ကလေးတွေဟာ ယုဇန ကုမ္ပဏီကြောင့် လယ်မဲ့ယာမဲ့ ဘဝကို ရောက်နေကြတဲ့ မိသားစုတွေရဲ့ ကလေးတွေ ဖြစ်ပါတယ်။
2011-08-03
ပြီးခဲ့တဲ့ မတ်လအတွင်း မြန်မာ့ ပင်လယ်ပြင်မှာ ပေါ်ပေါက်ခဲ့တဲ့ လေပြင်းမုန်တိုင်း ဒဏ်ကြောင့် သေဆုံးနဲ့ ပျောက်ဆုံးနေစဲ ရေလုပ်သား စုစုပေါင်း ၅၀၀ လောက် ရှိတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က RFA ကို ဒီကနေ့ ပြောပါတယ်။
2011-08-03
အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီကနေ နိုင်ငံရေး၊ စီးပွားရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တွေနဲ့ ပတ်သက်တဲ့ သင်တန်းတရပ် ကို သြဂုတ်လ ၁ ရက်နေ့ ကနေ ၅ ရက်နေ့ အထိ ရန်ကုန်မြို့ ပါတီဌာနချုပ်ရုံးမှာ ဖွင့်လှစ် နေပါတယ်။
2011-08-03
စက်မှုလက်မှု ဝန်ကြီးဟောင်း ဦးအောင်သောင်း ရဲ့ သား ဦးနေအောင်ပိုင် IGE International Group of Entrepreneurs လုပ်ငန်းစု ကနေ Myanmar Wall Street လို့ အမည်ပေး ထားတဲ့ အပတ်စဉ်ထုတ် ဂျာနယ် တစောင်ကို အခုနှစ် အတွင်း ထုတ်ဝေဖို့ ပြင်ဆင် နေပြီလို့ ပြည်တွင်း အခြေစိုက် Yangon Press International အင်တာနက် သတင်းမှာ မနေ့က ဖော်ပြ လိုက်ပါတယ်။
2011-08-03
ဖမ်းဆီးခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ကျန်းမာရေးဟာ တော်တော်လေး ဆိုးဝါးနေတဲ့ အတွက် ရောဂါ အတိုင်းအတာကို MRI ဓါတ်မှန်စက်နဲ့ရိုက်ကူးစစ်ဆေးဖို့လိုအပ်တာမို့ သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းခံထားကြောင်း ရှေ့နေကြီး ဦးလှမျိုးမြင့် က RFA ကိုပြော ပါတယ်။
2011-08-02
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည် ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ သံဃာ့ အဖွဲ့အစည်းတွေက ဦးသိန်းစိန် အစိုးရကို ဒီကနေ့ တိုက်တွန်းလိုက်ကြ ပါတယ်။
2011-08-02
ကလေး စစ်သား တစ်ဦးကို မိခင်ဖြစ်သူက သက်ဆိုင်ရာ တပ်ရင်း တာဝန်ရှိသူတွေထံ သွားရောက် တောင်းခံရာမှာ သူ့ရဲ့သား အကြောင်း အိုင်အယ်လ်အိုကို တိုင်ကြားခဲ့မှု အတွက် မိဘတွေကို ဖမ်းဆီး ထောင်ချနိုင်ကြောင်း သားဖြစ်သူကိုလည်း သတ်ဖြတ်ပစ်မှာ ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
2011-08-02
ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO နဲ့ ဆက်သွယ်တယ် ဆိုပြီး သာယာဝတီ ထောင်မှာ ပြစ်ဒဏ် ၈ နှစ် ချမှတ် ခံထားရတဲ့ ဦးလှမြင့်သန်းဟာ မျက်စိ တိမ်ရောဂါကြောင့် မျက်လုံး နှစ်ဘက်လုံး ကွယ်လု နီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။
2011-08-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီးအဖွဲ့နဲ့ ဒီမိုကရေစီကွန်ရက် အဖွဲ့တို့က ရန်ကုန်တိုင်း မရမ်းချောင်ရွာ က အနာကြီးရောဂါ ဝေဒနာသည်တွေ ကို စားသောက်ဖွယ် မုန့်ပဲသရေစာ၊ အဝတ် အထည်နဲ့ ထမင်းတနပ်စာ ဒီနေ့ သွားရောက်လှူဒါန်း ကြတယ်လို့ သတင်းရရှိပါတယ်။
2011-08-02
KIO နဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ အစိုးရက ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေအခံ ဥပဒေအပေါ်မှာ အခြေခံပြီး ပြောဆိုနေတာကြောင့် ဆွေးနွေးပွဲ တိုးတက်မှု မရှိ ဖြစ်နေရတယ်လို့ KIO ကပြောဆိုပါတယ်။