သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-06
လက်ပန်းတောင်းတောင် အရေးအခင်း မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက မီးလောင်ဗုံးသုံးခဲ့ခြင်း ရှိ မရှိ ကို မိမိတို့စုံစမ်းရေးကော်မရှင်က စုံစမ်းဖေါ်ထုတ်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်နဲ့ မုံရွာကြေးနီတောင် စုံစမ်း စစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။
2012-12-05
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး မစ္စတာ Mr.Ike Reed နဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့နေ့လည်ပိုင်းက မန္တလေးကဆရာတော် ၅ ပါးထံ ရောက်ရှိခဲ့ပြီး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယ စာကြည့်တိုက် ကျောင်းဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2012-12-05
မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု ဥပဒေသစ် ပေါ်ပေါက်လာပြီဖြစ်ပေမဲ့ သတ္တုတူးဖေါ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ရင်နှီးမြှပ်နှံလိုသူတွေအတွက် အခက်အခဲတွေရှိနေသေးတယ်လို့ သတ္တုမိုင်းကုမ္ပဏီတွေက ပြောဆိုကြပါတယ်။ စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ မြန်မာနိုင်ငံ သတ္တုတူးဖေါ်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲမှာ ပြောဆိုကြတာဖြစ်ပါတယ်။
2012-12-05
ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း က ဒုက္ခသည်ပြည်သူတွေအတွက် ပန်းခရမ်းပြာ၏ အိပ်မက်များ ဂီတအဖွဲ့က အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ မြောက်ဒဂုံမှာရှိတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ဒီဇင်ဘာလ ၅ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2012-12-05
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်မှာ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့အပေါ် ကန့်ကွက်တဲ့စာသားပါ တီရှပ်အင်္ကျီတွေ ဆင်တူဝတ်ဆင်ထားတဲ့ လူအင်အား ၁ဝဝ ကျော်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းမှာ တစ်ကြိမ် တစ်နေ့ နှစ်ကြိမ် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2012-12-05
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ် မိုးရွာတဲ့အတွက် စပါးစိုက်ဧက ငါးသိန်းကျော်အထိ ပျက်စီးနိုင်ပြီး တောင်သူတွေ အခက်အခဲဖြစ်နေတဲ့ အတွက် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက အစိုးရ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ လွှတ်တော်က သက်ဆိုင်ရာ ကော်မီတီတွေကို အရေးပေါ် အကူအညီပေးဖို့ တင်ပြထားကြောင်း သိရပါတယ်။
2012-12-05
၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေကို လေ့လာရာမှာ မြန်မာ နိုင်ငံဟာ အဆိုးဝါးဆုံးနိုင်ငံထဲမှာ ပါရှိနေတာတွေ့ရပါတယ်။ နိုင်ငံတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အဂတိလိုက်စားမှု အခြေအနေ ကို လေ့လာတဲ့အဖွဲ့Transparency International ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာဖြစ်ပါတယ်။
2012-12-04
ထိုင်းကုန်သွယ်ရေး ဘုတ်အဖွဲ့နဲ့ ထိုင်းကုန်သည်ကြီးများအသင်း TCC တို့ ဦးဆောင်တဲ့ စီပွားရေးအဖွဲ့ တစ်ဖွဲ့ဟာ လာမယ့် သီတင်းပတ် အတွင်း မြန်မာနိုင်ငံကို လာရောက်မှာပါ။
2012-12-04
ရန်ကုန်မြို့မှာ လမ်းဘေးနံရံပန်းချီတွေ မရေးဆွဲဖို့ အာဏာပိုင်တွေက မနေ့က ပိတ်ပင်လိုက်ပါတယ်။ အများပြည်သူဆိုင်ရာ အဆောက်အဦးတွေ၊ လမ်းတွေ၊ တံတားတွေ၊ စာသင်ကျောင်းတွေနဲ့ ပန်းခြံတွေမှာ ရုပ်ပုံတွေ မရေးဆွဲဖို့ တားမြစ်လိုက်ပြီး၊ တားမြစ်ချက် မလိုက်နာသူကို အရေးယူမယ်လို့ ရန်ကုန်မြို့တော် အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
2012-12-04
ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာနဲ့ အနီးတစ်ဝိုက် က ဒေသခံတွေကို အခုရက်ပိုင်းအတွင်း အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
2012-12-04
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၄ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
2012-12-04
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်ရဲ့ နောက်ဆုံး ဈာပနကာလ အတွင်း မြန်မာနိုင်ငံက ရဟန်းရှင်လူတွေ လှုပ်ရှားခဲ့ပုံတွေကို ရေးသားထားတဲ့ "ဦးသန့်အရေး လှုပ်ရှားမှုမှတ်တမ်း" စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ မွန်းလွဲပိုင်းက ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ HOME ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
2012-12-04
ရမည်းသင်းမြို့ မိုးထိမိုးမိ ရွှေလုပ်သားတွေထဲက ထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင် ကိုနေအောင်ထက်၊ ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်းနဲ့ ကိုစောနောင်တို့ ၄ ဦးကို ပဲခူးတိုင်း၊ ရေတာရှည် တရားရုံးမှာ ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ၃ ကြိမ်မြောက် ရုံးတင်စစ်ဆေးခဲ့ပါတယ်။
2012-12-04
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ တနိုင်းဘက်ကို ရိက္ခာသယ်ယူ ပို့ဆောင်နေတဲ့ အစိုးရတပ်ယာဉ်တန်း ကို ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ရွာအဝင် လီဒို လမ်းမပေါ်မှာ ကေအိုင်အေဘက်က ပစ်ခတ်မှုကြောင့် အစိုးရတပ်က ပြန်လည် ပစ်ခတ်ရာမှာ မူလတန်းကျောင်းသား ၂ယောက်နဲ့ အမျိုးသမီး ၁ ဦး ကျည်ထိမှန်ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံး ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
2012-12-04
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တားဆီးကာကွယ်ရေးရုံး UNODC အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ Yury Fedotov ဟာ ပြီးခဲ့တဲ့ စနေနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖေါ်ပြပါတယ်။