သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-03
ရခိုင်ပြည်နယ် စစ်တွေမြို့ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရုံး မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ကနေ ၂ ရက်နေ့ အထိ ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲကနေ အတည်ပြု ရရှိ လာတဲ့ အချက်အလက်တွေကို အစိုးရထံ တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။
2012-12-03
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကင်းမြို့နယ်ထဲက မြန်မာနိုင်ငံဘဏ်များအသင်းမှာ မနေ့ကကျင်းပခဲ့ပါတယ်။
2012-12-03
လက်ပန်းတောင် ကြေးနီ စီမံကန်းအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အပြောင်းအလဲ အတော်များများနဲ့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြင်ဆင်ဖွဲ့စည်း လိုက်တယ်လို့ သိရပါတယ်။
2012-12-03
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းဖို့အတွက် ရန်ကုန်မြို့မှာ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင် ကိုဝေဠု အပါအဝင် ဆန္ဒပြခေါင်းဆောင် (၆)ဦးကို ကျောက်တံတား တရားရုံးနဲ့ ပန်းပဲတန်း တရားရုံးမှာ ဒီဇင်ဘာလ ၃ ရက်နေ့က ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေး ခဲ့ပါတယ်။
2012-12-03
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုံ့ချတဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့လည်က မိုးကုတ်မြို့ ဖောင်တော်ဦးဘုရား ရင်ပြင်တော်မှာ ဒေသခံ သံဃာတော်အပါး (၄၀) နီးပါးလောက်က ထိုင်သပိတ်မှောက်ခဲ့ ကြပါတယ်။
2012-12-03
လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြတဲ့ ရဟန်းသံဃာနဲ့ ဒေသခံပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နှင်းခဲ့တာကို ရှုတ်ချကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့စွဲနဲ့ ကြေငြာချက် တစ်စောင်ထုတ်ပြန်ပါတယ်။
2012-12-03
လက်ပန်တောင်းတောင် ကြေနီ စီမံကိန်းကို ဖျက်သိမ်းဖို့ သပိတ်စခန်း ဖွင့် ဆန္ဒပြနေသူတွေကို ဖြိုခွဲခံရမှုမှာ ထိခိုက်ဒဏ်ရာ ရခဲ့ကြတဲ့ သံဃာတော်တွေထဲက ၅ ပါးလောက်ဟာ ဒဏ်ရာအခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။
2012-12-02
လက်ပန်းတောင်းတောင်အရေးမှာ အစိုးရတာဝန်ရှိသူတွေက ကိုင်တွယ်ဖြေရှင်းခဲ့တာကို မကျေနပ်တဲ့ အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ဗဟန်းမြို့နယ်မှာ စုပေါင်း ဆန္ဒပြခဲ့ရာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ဒုရဲမှူးကြီး ဦးသက်လွင်ကိုယ်တိုင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
2012-12-02
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေ နဲ့ ဒေသခံတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ရခိုင်ပြည်နယ် အမျိုးသမီး ကွန်ရက်(ယာယီ)အဖွဲ့ ဥက္ကဌ ဒေါ်ညိုအေးက စစ်တွေမြို့မှာ မနေ့နေ့လည်ပိုင်းက တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
2012-12-02
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြရာမှာ အကြမ်းဖက် ဖြိုခွင်းတာကနေ လွတ်မြောက်လာကြတဲ့ သံဃာတော်အပါး ၂ဝဝ လောက်ဟာ ဒီကနေ့နေ့လည် ၁နာရီမှာ မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားကြီး အရှေ့မုခ်ကနေ မြို့ကိုတစ်ပတ်ပတ်ပြီး ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2012-12-02
မနေ့ကညနေပိုင်းမှာ သင်္ဃန်းကျွန်း ရဲစခန်းကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဦးညီညီလွင်(ခေါ်)ဦးဂမ္ဘီရကို သန်လျှင်ရဲစခန်းက ထပ်မံခေါ်ဆောင်သွားပြီး ဒီဇင်ဘာလ ၁ရက်နေ့ ညတွင်းချင်းမှာပဲ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
2012-12-02
လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်းမှုမှာ ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရတဲ့ သံဃာတော်တွေကို ကူညီပေးဖို့ မုံရွာမြို့ကို ရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့မှာ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့တဲ့နေရာကိုသွားရောက်ရာ လက်ပန်းတောင်းတောင်ခြေမှာရှိတဲ့ ကျော်ရွာအရောက်မှာ အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင်ခံခဲ့ရတယ်လို့ သိရပါတယ်။
2012-12-01
သမ္မတရုံးက မနေ့က အမိန့်ထုတ်ပြန်ခဲ့တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါဝင်လိုတဲ့ ဆန္ဒမရှိကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ က ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပါဝင်လိုတဲ့ဆန္ဒမရှိရတာရဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ ဖေါ်ပြမထားပါဘူး။
2012-12-01
စနေနေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သံဃာတော်များရဲ့ သြဝါဒခံယူပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်း တင်ဝင်းထွန်း ဓမ္မဗိမာန်မှာ မွန်းလွဲ နှစ်နာရီခွဲလောက်က ကျင်းပခဲ့တာဖြစ်ပါတယ်။
2012-12-01
နိုဝင်ဘာလ ၂၉ရက်နေ့ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို အစိုးရတာဝန်ရှိသူတွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးဆန်းအောင် က မနေ့က ကန့်ကွက်လိုက်ပါတယ်။