သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-01-23
မိမိတို့ ဗဟိုကိုယ်စားလှယ် အဖွဲ့နဲ့ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ မကြာခင် တွေ့ဆုံ ဆွေးနွေးတော့မယ်လို့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA-မြောက်ပိုင်းတပ်ဖွဲ့က မနေ့က ပြောဆိုလိုက် ပါတယ်။
2012-01-22
မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ်အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိခဲ့ပေမယ့် တိုင်းရင်းသားနယ်မြေတွေ မှာ စစ်ပွဲတွေ ပြင်းထန်ခဲ့ပြီး အစိုးရတပ် က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2012-01-22
၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ သဘောထားထုတ်ပြန်ချက်အပေါ် ကြည့်မြင်တိုင် သာဓုကျောင်းတိုက် ရွှေညဝါဆရာတော်နဲ့တကွ သံဃာတော်တွေက ကြေညာချက်တစောင် ထုတ်ပြန်ပြီး ချီးမွမ်းကြိုဆိုလိုက်ပါတယ်။
2012-01-22
မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အဆင့်တွေ လိုသေးတယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။
2012-01-22
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွက်လာနေပြီမို့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းသင့်ပြီ ဆိုတဲ့သတင်းတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2012-01-22
စင်္ကာပူနိုင်ငံ အခြေစိုက် “ရသအလင်း” အဖွဲ့က စီစဉ်တဲ့ “ရုန်းကန် ရှင်သန်နေ သော အလှတရား- Surviving Beauty” အနုပညာ ဟောပြောပွဲနဲ့ ရုပ်ရှင်ပြပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ညက စင်္ကာပူ နိုင်ငံမှာ ကျင်းပခဲ့ရာမှာ စင်္ကာပူ အာဏာပိုင်တွေက ဆင်ဆာကင်းလွတ်ခွင့် မရှိတဲ့ ရုပ်ရှင်ကားတချို့ကို ပြသခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
2012-01-21
အကျဉ်းထောင်အသီးသီးမှာ ယုံကြည်ချက်ကြောင့် ကျခံနေရတဲ့ အကျဉ်းသားတွေ ကျန်နေသေးပြီး သူတို့အားလုံးကို လွှတ်ပေးဖို့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်း ဆောင်ရွက်သွားဖို့ရှိကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။
2012-01-21
၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု မှာ ပါဝင်ခဲ့လို့ ဖမ်းဆီး ထိန်းသိမ်းခံရပြီး ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတဲ့ သံဃာအပါး ၃ဝ သိမ်ထပ်ပွဲကို ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိ စာသင်တိုက်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2012-01-21
၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံသွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-01-20
မလွတ်မြောက်လာသေးတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းကို NLD က ပြုစုနေသလို ထိုင်းအခြေစိုက် AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက ဆက်လက် ပြုစုနေပါတယ်။
2012-01-20
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီကို ပြန်လည် မှတ်ပုံတင်ဖို့ ဒီကနေ့ ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း မကြာသေးမီက အကျဉ်းထောင်က ပြန်လွတ်လာသူ SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောဆိုလိုက်ပါတယ်။
2012-01-20
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို နောက်ကြောင်း ပြန်လှည့်ဖို့ မရှိကြောင်းနဲ့ တစ်ချိန်ထဲမှာပဲ ပိတ်ဆို့ အရေးယူ ထားတာတွေကို အနောက် နိုင်ငံကြီးတွေက ဖယ်ရှားပေးဖို့ တိုက်တွန်းတဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု အထင်ကရ ဝါရှင်တန်ပို့စ် သတင်းစာက တွေ့ဆုံ မေးမြန်းရာမှာ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
2012-01-20
လာမယ့် ဧပြီ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတပြီး ပွင့်လင်းမှု ရှိမယ်ဆိုရင် မြန်မာနိုင်ငံ အပေါ် အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့ အရေးယူမှု အဆင့်တွေ ပြန်လည် စဉ်းစားနိုင်တယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် Mr. John McCain က ဇန်နဝါရီ ၁၉ ရက်က ပြောပါတယ်။
2012-01-19
ထိုင်းနိုင်ငံ စမုတ်ဆာခွန်ခရိုင် မဟာချိုင်ဒေသ နေဝစ်မှာရှိတဲ့ TYC ပုဇွန်စက်ရုံက ဂျပန်ပြည်ကို တင်ပို့တဲ့ ပုဇွန်ထဲမှာ အပ်တွေ့တယ် ဆိုတဲ့အတွက် မြန်မာ အလုပ်သမား ၂၀၀ နီးပါးကို အလုပ်က ထုတ်ပယ် လိုက်ပါတယ်။
2012-01-19
မြန်မာအစိုးရ ငြိမ်းချမ်းရေး ကော်မတီက FDB မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုနဲ့ DPNS လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တို့ကို တွေ့ဆုံ ဆွေးနွေးဖို့ မနေ့က ကမ်းလှမ်း လိုက်တယ်လို့ သိရပါတယ်။