သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-14
နှစ်လေးဆယ်ကျော်ကြာအပြီး အိန္ဒိယနိုင်ငံ ကို ရောက်ရှိသွာတဲ့ ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က People to People လူထုချင်းဆက်ဆံရေးကို တိုးမြှင့် လုပ်ကိုင်သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။
2012-11-13
လူ့ခန္ဓာကိုယ်ကို အောက်စီဂျင်ဓာတ် ပို့ဆောင်ပေးနေတဲ့ သွေးနီဥဖြစ် ထွန်းရေးမှာ အရေးပါတဲ့ မျိုးဗီဇအသစ်တခုကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာလူမျိုး ဆေးသိပ္ပံ ပညာရှင်တဦးက လေ့လာတွေ့ရှိခဲ့ပါတယ်။
2012-11-13
နိုင်ငံတကာ မြေမြုပ်မိုင်း အသုံးပြုမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ (ICBL) ရဲ့ (၂၀၁၂) ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2012-11-13
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် Mr. Fredrik Reinfeldt ဟာ ကိုဌေးကြွယ်၊ ကိုအံ့ဘွယ်ကျော်၊ ကိုအောင်သူ တို့ပါဝင်တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒီကနေ့မနက်ပိုင်း က ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ ချက်ထရီယန်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2012-11-13
မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နဲ့ အခွင့်အရေးဆိုင်ရာ ဥပဒေတွေ၊ အလုပ်အကိုင် နှီးနှောဖလှယ်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်မြို့နယ် ပြည်လမ်းမပေါ်မှာရှိတဲ့ IBC (International Business Center) အဆောက်အဦးမှာ ဒီကနေ့ စတင်ကျင်းပပြီး သုံးရက်တိုင်တိုင် နံနက်(၉)နာရီကနေ ညနေ(၅)နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
2012-11-13
အစိမ်းရောင်စီးပွားရေးနဲ့အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် အခမ်းအနားကို ဒီကနေ့ မနက်က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(MICC)မှာ ဒုတိယအကြိမ် ကျင်းပပါတယ်။
2012-11-13
ရွှေဘို၊ စဉ့်ကူး၊ သပိတ်ကျင်းဒေသမှာ ဒီနေ့အသေးစား ငလျင် ၂ ကြိမ်၊ ၃ ကြိမ်လှုပ်နေသေးသလို ဒေသခံတွေအတွက် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ ကြက်ခြေနီအဖွဲ့က ကြေညာရာမှာ အခုရက်ပိုင်း ငလျင်ဒဏ်ကြောင့် သေဆုံးရသူပေါင်း ၃၈ ဦး ရှိပြီလို့ ဖေါ်ပြထားပါတယ်။
2012-11-13
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယအာဏာရပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီရဲ့ ဖိတ်ကြားချက်နဲ့ အလည်အပတ်ခရီးအဖြစ် နယူးဒေလီမြို့ အင်ဒီရာဂန္ဒီ နိုင်ငံတကာလေဆိပ်ကို ဒီနေ့နေ့လည် ၁၂ နာရီလောက်မှာ India Airline နဲ့ ရောက်ရှိသွားပါတယ်။
2012-11-13
မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရအနေနဲ့ အကောင်းမြင်လွန်းတာမျိုး မဖြစ်စေသင့်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်ပါတယ်။
2012-11-12
မြန်မာအစိုးရဟာ အဓမ္မလုပ်အား ယူခိုင်းစေတဲ့အလေ့နဲ့ ကလေးစစ်သား စုဆောင်းသုံးစွဲတဲ့အလေ့တွေ အမြန်လျော့ကျသွားအောင် အာဏာသုံးပြီး တားဆီးထားပုံရတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က မနေ့က ပြောဆိုပါတယ်။
2012-11-12
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မြန်မာဟေးဝေး (Myanmar Hae Wae) အထည်ချုပ်စက်ရုံက အလုပ်သမား ၇၀ ကျော်ကို စက်ရုံဘက်ကနေ အလုပ်ထုတ်လိုက်တာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ဒီကနေ့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။
2012-11-12
စစ်ကိုင်းတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ထဲက ငလျင်ဒဏ်သင့်ဒေသတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ အများအပြားရှိနေပြီး အဲဒီဒေသတွေက အိုးအိမ်တွေ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
2012-11-12
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မြန်မာဟေးဝေး (Myanmar Hae Wae) အထည်ချုပ်စက်ရုံက အလုပ်သမား (၇၀)ကျော်ကို စက်ရုံဘက်ကနေ အလုပ်ထုတ်လိုက်တာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ဒီကနေ့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။
2012-11-12
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေ အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ဒီကနေ့ ငွေကျပ်သိန်း တစ်ရာ လှူဒါန်းလိုက်ပါတယ်။
2012-11-11
နိုဝင်ဘာလ ၁၁ ရက် မြန်မာစံတော်ချိန် ၇နာရီ ၄၃မိနစ်က ရွှေဘို ငလျင်တိုင်းတာရေးစခန်းရဲ့ အရှေ့မြောက်ဘက် ၃၅ မိုင် အကွာနေရာကို ဗဟိုပြုပြီး၊ အင်အား ၆.၈ ရစ်ချ်တာ စကေးရှိတဲ့ ငလျင် တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။