သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-10-04
ဧရာဝတီ မြစ်ဆုံစီမံကိန်းကို အကောင်အထည် ဖော်ခဲ့တဲ့ တရုတ်နိုင်ငံ CPI ကုမ္ပဏီကို မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကနေ အမြန်ဆုံး ထွက်ခွာပြီး မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းဖို့ ဒေသခံပြည်သူတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2012-10-04
မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူတွေဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ယင်းမာပင်မြို့ မဂ္ဂင်ကျောင်းတိုက်ရှေ့မှာ ဒီကနေ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းများ ဖော်ဆောင်ရေး လူထုတွေ့ဆုံပွဲမှာ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
2012-10-04
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် ပန်းဝါ ခေါ် ရာမူးမြို့က ဗုဒ္ဓရုပ်ပွားတော်မြတ်တွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ် အရှေ့ပိုင်းက မကွေးပရိယတ္တိ စာသင်တိုက်မှာ သံဃာအပါး ၂၀၀ ကျော်တို့က အာဏာပိုင်တွေ တားဆီးထားတဲ့ကြားက ဒီကနေ့ နေ့လည်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
2012-10-04
KNU ကရင်အမျိုးသား အစည်းအရုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအဝင် KNU ထိပ်တန်းခေါင်းဆောင် ၃ ဦးကို အဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ် ဖောက်ဖျက်မှုနဲ့ မနေ့က စပြီး တာဝန်က ရပ်စဲလိုက်တယ်လို့ သိရပါတယ်။
2012-10-04
စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ ရှိတဲ့ ဂရိတ်ဝေါ သကြားစက်က စွန့်ပစ်တဲ့ ပစ္စည်းတွေနဲ့ အနံ့ဆိုးတွေကြောင့် ဒေသခံ လူပေါင်း ကိုးရာကျော်ဟာ အရေပြား ကူးစက်ရောဂါတွေ ခံစားနေကြရတယ်လို့ သိရပါတယ်။
2012-10-03
အဓမ္မ စစ်တပ်တွင်း သွတ်သွင်းခံရတဲ့ ကလေးစစ်သား တစ်ဦး ပြန်လည်ထွက်ပြေး လွတ်မြောက်လာကြောင်း သိရပါတယ်။
2012-10-03
လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ပြည်လုံးကျွတ် ပါတီညီလာခံကို အောက်တိုဘာ (၁၄) ရက်နေ့မှာ ကျင်းပသွားဖို့ ရှိကြောင်း သိရပါတယ်။
2012-10-03
ဆယ်စုနှစ်ပေါင်း များစွာက ပြည်ရွှေဆံတော် ဘုရားမှာ လှူဒါန်းထားတဲ့ ငွေပန်းအိုးကြီး သုံးလုံး ဌာပနာ တိုက်ကနေ ပျောက်ဆုံးနေကြောင်း သိရပါတယ်။
2012-10-03
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Andrew Heyn ဦးဆောင်တဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး လူမျိုးနှစ်ခု အကြား အမြင်တွေကို လေ့လာဖို့အတွက် မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာခဲ့ပါတယ်။
2012-10-03
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ ပတ်ကျော်ကြာ အမေရိကန်နိုင်ငံ ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ကနေ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
2012-10-03
ကယားပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်မှာ ရွာသစ် ရေကာတာ စီမံကိန်း တည်ဆောက်နေမှုနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု လိုအပ်နေတဲ့အတွက် ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ယက် အနေနဲ့ သမ္မတထံ အိပ်ဖွင့်ပေးစာ ပေးပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2012-10-03
ထိုင်းနိုင်ငံကို တင်ပို့နေတဲ့ မြန်မာ့သဘာဝဓါတ်ငွေ့ ပမာဏကို လျှော့ချဖို့ ထိုင်းအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ စွမ်းအင် ဝန်ကြီး ဦးသန်းဌေးက ပြောဆိုကြောင်း၊ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖေါ်ပြပါတယ်။
2012-10-03
မြန်မာနိုင်ငံဟာ နှစ် ၅၀ ကျော် စစ်အာဏာရှင် စနစ်အောက်မှာ နေခဲ့ရတဲ့အတွက် တခြားနိုင်ငံတွေ နဲ့ရင်ပေါင်တန်းနိုင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းရတော့မယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လော့စ်အိန်ဂျလိစ်မြို့မှာ ပြုလုပ်တဲ့ အမေရိကန် ပြည်ထောင်စု အနောက်ဖက်ခြမ်းက မြန်မာတွေနဲ့ တွေ့ဆုံပွဲ မှာ ပြောကြားလိုက်ပါတယ်။
2012-10-02
ဘင်္ဂလားဒေချ့် နိုင်ငံ ကော့စ်ဘဇား ခရိုင် ပန်းဝါ ခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံ သံရုံးရှေ့မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေက ဒီကနေ့မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
2012-10-02
ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်ကာလတွေ အတွင်း ပုဏ္ဏားကျွန်းမြို့ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြတဲ့ ဒုက္ခသည်တွေ အတွက် စေတနာရှင်တွေ စုပေါင်းလှူဒါန်းထားတဲ့ ဆန်အိတ်ပေါင်း ၃၀၀ ကျော်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ခဲ့ခြင်း မရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကာဒီကျေးရွာကို ပေးအပ်ဖို့ စီစဉ်နေတဲ့အတွက် ပုဏ္ဏားကျွန်းမြို့ခံ လူထုတစ်ရပ်လုံးက မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။