သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-14
ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်းမှာ ဝန်ကြီးဌာန ၁၅ ခုက အလွဲသုံးစားပြုထားတဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ ကျပ်ငွေ ၅၈ ဘီလျံကျော် နဲ့ အမေရိကန်ဒေါ်လာ ၂ သိန်း၊ ၃ သောင်းကျော် ရှိခဲ့တယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ အသေးစိတ် အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
2012-11-14
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ရင်း မြန်မာနိုင်ငံကို သွားလည်ပတ်မယ့် အမေရိကန် သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့အတွက် မြန်မာအစိုးရကို ဖိအားပေးတောင်းဆိုဖို့ အမေရိကန်အခြေစိုက် Freedom House လို့ခေါ်တဲ့ လူ့အခွင့်ရေးအဖွဲ့ကြီးက တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင်ကို မနေ့ကထုတ်ပြန်လိုက်ပါတယ်၊
2012-11-14
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ (OIC) ရဲ့ထိပ်သီးအစည်းအဝေးကို မနက်ဖြန်မှာ အာဖရိကတိုက်က (Djibouti) ဂျီဘူတီ နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးဟာ ဆွေးနွေးမဲ့ ကိစ္စတွေထဲမှာ ထိပ်ဆုံးက ပါဝင်မယ်လို့သိရပါတယ်။
2012-11-14
ကချင်ပြည်နယ်၊ မိုးကောင်း-ဖားကန့်လမ်းပေါ်မှာ ရှစ်မိုင်ရွာဘက်ကနေ စစ်ကြောင်းချီတက်လာတဲ့ အစိုးရစစ်ယာဉ်တန်းတွေထဲက ကား ၅ စီးကို ဒီကနေ့မနက်ပိုင်း ၁၁ နာရီလောက်က မိုးကောင်း-ကာမိုင်းကြား နန့်ဟိုင်နဲ့ လကတ်ယန် ကျေးရွာတွေအနီးမှာ ကေအိုင်အေဘက်က မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
2012-11-14
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှာ ဒေသခံတွေက ကန့်ကွက်နေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ကော့သောင် (၈၈)မျိုးဆက်အဖွဲ့က နိုဝင်ဘာလ(၁၁)ရက်နေ့က သွားရောက် လေ့လာခဲ့ပြီးနောက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိပါဘူးလို့ ပြောကြား လိုက်ပါတယ်၊
2012-11-14
နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ကိုယ်စားလှယ်တွေဟာ မနေ့က အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ ထိပ်တန်းအကြံပေး အရာရှိတွေနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူ့အခွင့်အရေးကိစ္စကို တိတိကျကျ ထည့်သွင်းဆွေးနွေးဖို့ တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။
2012-11-14
ရန်ကုန်မြို့တော် နယ်နမိတ်အတွင်းမှာ အိမ်ရာစီမံကိန်း ၅ ခု အကောင်အထည်ဖော်ပြီး အခြေခံလူတန်းစားတစ်ရပ် လက်လှမ်းမှီဝယ်ယူနိုင်မယ့် တန်ဖိုးနှုန်းထားတွေ နဲ့ ရောင်းချသွားနိုင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2012-11-14
ထိုင်း-မြန်မာနယ်စပ် မဲဆောက် အနောက်ဘက် ဝှေ့မုတ်ကျေးရွာ မှာရှိတဲ့ Jaguar Steel စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တစ်ပတ်မှာ ပုံမှန် အလုပ်လုပ်ရက် ၆ ရက်ရှိတာကို ၄ ရက်သာ အလုပ်လုပ်ခွင့်ရတဲ့အပေါ် မကျေနပ်လို့ ထိုင်း အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးကို ဒီကနေ့ တိုင်ကြားတဲ့အမှုဟာ တစ်ရက်တည်းနဲ့ ပြေလည်မှုရရှိခဲ့တယ်လို့ သိရှိရပါတယ်။
2012-11-14
နှစ်လေးဆယ်ကျော်ကြာအပြီး အိန္ဒိယနိုင်ငံ ကို ရောက်ရှိသွာတဲ့ ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က People to People လူထုချင်းဆက်ဆံရေးကို တိုးမြှင့် လုပ်ကိုင်သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။
2012-11-13
လူ့ခန္ဓာကိုယ်ကို အောက်စီဂျင်ဓာတ် ပို့ဆောင်ပေးနေတဲ့ သွေးနီဥဖြစ် ထွန်းရေးမှာ အရေးပါတဲ့ မျိုးဗီဇအသစ်တခုကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာလူမျိုး ဆေးသိပ္ပံ ပညာရှင်တဦးက လေ့လာတွေ့ရှိခဲ့ပါတယ်။
2012-11-13
နိုင်ငံတကာ မြေမြုပ်မိုင်း အသုံးပြုမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ (ICBL) ရဲ့ (၂၀၁၂) ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2012-11-13
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် Mr. Fredrik Reinfeldt ဟာ ကိုဌေးကြွယ်၊ ကိုအံ့ဘွယ်ကျော်၊ ကိုအောင်သူ တို့ပါဝင်တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒီကနေ့မနက်ပိုင်း က ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ ချက်ထရီယန်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2012-11-13
မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နဲ့ အခွင့်အရေးဆိုင်ရာ ဥပဒေတွေ၊ အလုပ်အကိုင် နှီးနှောဖလှယ်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်မြို့နယ် ပြည်လမ်းမပေါ်မှာရှိတဲ့ IBC (International Business Center) အဆောက်အဦးမှာ ဒီကနေ့ စတင်ကျင်းပပြီး သုံးရက်တိုင်တိုင် နံနက်(၉)နာရီကနေ ညနေ(၅)နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
2012-11-13
အစိမ်းရောင်စီးပွားရေးနဲ့အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် အခမ်းအနားကို ဒီကနေ့ မနက်က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(MICC)မှာ ဒုတိယအကြိမ် ကျင်းပပါတယ်။
2012-11-13
ရွှေဘို၊ စဉ့်ကူး၊ သပိတ်ကျင်းဒေသမှာ ဒီနေ့အသေးစား ငလျင် ၂ ကြိမ်၊ ၃ ကြိမ်လှုပ်နေသေးသလို ဒေသခံတွေအတွက် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ ကြက်ခြေနီအဖွဲ့က ကြေညာရာမှာ အခုရက်ပိုင်း ငလျင်ဒဏ်ကြောင့် သေဆုံးရသူပေါင်း ၃၈ ဦး ရှိပြီလို့ ဖေါ်ပြထားပါတယ်။