သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-13
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယအာဏာရပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီရဲ့ ဖိတ်ကြားချက်နဲ့ အလည်အပတ်ခရီးအဖြစ် နယူးဒေလီမြို့ အင်ဒီရာဂန္ဒီ နိုင်ငံတကာလေဆိပ်ကို ဒီနေ့နေ့လည် ၁၂ နာရီလောက်မှာ India Airline နဲ့ ရောက်ရှိသွားပါတယ်။
2012-11-13
မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရအနေနဲ့ အကောင်းမြင်လွန်းတာမျိုး မဖြစ်စေသင့်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်ပါတယ်။
2012-11-12
မြန်မာအစိုးရဟာ အဓမ္မလုပ်အား ယူခိုင်းစေတဲ့အလေ့နဲ့ ကလေးစစ်သား စုဆောင်းသုံးစွဲတဲ့အလေ့တွေ အမြန်လျော့ကျသွားအောင် အာဏာသုံးပြီး တားဆီးထားပုံရတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က မနေ့က ပြောဆိုပါတယ်။
2012-11-12
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မြန်မာဟေးဝေး (Myanmar Hae Wae) အထည်ချုပ်စက်ရုံက အလုပ်သမား ၇၀ ကျော်ကို စက်ရုံဘက်ကနေ အလုပ်ထုတ်လိုက်တာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ဒီကနေ့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။
2012-11-12
စစ်ကိုင်းတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ထဲက ငလျင်ဒဏ်သင့်ဒေသတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ အများအပြားရှိနေပြီး အဲဒီဒေသတွေက အိုးအိမ်တွေ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
2012-11-12
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မြန်မာဟေးဝေး (Myanmar Hae Wae) အထည်ချုပ်စက်ရုံက အလုပ်သမား (၇၀)ကျော်ကို စက်ရုံဘက်ကနေ အလုပ်ထုတ်လိုက်တာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ဒီကနေ့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။
2012-11-12
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေ အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ဒီကနေ့ ငွေကျပ်သိန်း တစ်ရာ လှူဒါန်းလိုက်ပါတယ်။
2012-11-11
နိုဝင်ဘာလ ၁၁ ရက် မြန်မာစံတော်ချိန် ၇နာရီ ၄၃မိနစ်က ရွှေဘို ငလျင်တိုင်းတာရေးစခန်းရဲ့ အရှေ့မြောက်ဘက် ၃၅ မိုင် အကွာနေရာကို ဗဟိုပြုပြီး၊ အင်အား ၆.၈ ရစ်ချ်တာ စကေးရှိတဲ့ ငလျင် တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။
2012-11-11
တိုင်းရင်းသား (၁၃) ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့က နိုဝင်ဘာလ ၁၉ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမယ့် အမေရိကန်ပြည်ထောင်စုရဲ့သမ္မတ အိုဘားမား နဲ့ တွေ့ဆုံလိုကြောင်း ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
2012-11-11
ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရဆဲ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေး အပါအဝင် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်မြောက်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီကနေ့ နေ့လည်(၁)နာရီက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2012-11-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အိန္ဒိယခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2012-11-11
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင် သစ်အချောထည် စက်ရုံက အလုပ်သမား ၂၀၀ကျော်ရဲ့ ၂ ပတ်ကျော်ကြာ တောင်းဆိုချက်တွေကို အလုပ်ရှင်ဘက်က သဘောတူဆောင်ရွက်ပေးဖို့ ခုံသမာဓိရုံးက မနေ့က ကြားဝင်ဆုံးဖြတ်ချက် ချမှတ်ပေးလိုက်ပါတယ်။
2012-11-10
ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေး ပြီးတဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲ စစ်ဘေးရှောင်သူတွေ နေထိုင်ကြတဲ့ ဒုက္ခသည်စခန်းတွေလဲ မရှိတော့ဘူးလို့ သိရပါတယ်။
2012-11-10
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခများ ထပ်ပြီး မပြန့်ပွားဖို့နဲ့ ရပ်တန့်သွားစေဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများဖြေရှင်းရေးအဖွဲ့ ICG က ဒီကနေ့ ထုတ်ဖေါ်ကြေညာလိုက်ပါတယ်။
2012-11-10
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်ထဲက ကယ်ဆယ်ရေးစခန်း ၃ ခုနဲ့ ပူတာအိုက ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းကို ဝါးရှောင်ဆရာတော် အရှင်ဝိဇယနဲ့ အလှူရှင်တွေ စုပေါင်းပြီး ဆန်အိတ် ၇၀ နဲ့ အလှူငွေ ကျပ် ၂၁ သိန်း အပါအဝင် စုစုပေါင်း ကျပ်သိန်း ၄၀ နီးပါးဖိုး ဒီကနေ့ ညနေပိုင်းမှာ လှူဒါန်းခဲ့ပါတယ်။