သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-10
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းမှာ ပုဂ္ဂလိကဟိုတယ်တွေ တည်ဆောက်နေတာတွေ ကို ဒေသခံတွေ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပေမယ့် အာဏာပိုင်တွေဘက်က တစုံတရာ အရေးယူဆောင်ရွက်တာမရှိတဲ့အတွက် အခုလ ၂၂ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ထပ်မံဆန္ဒပြသွားမယ်လို့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းရေးအဖွဲ့က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားလိုက်ပါတယ်။
2012-11-10
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဒေသရှိ ပလောင်တပ်ဖွဲ့စခန်းချထား တဲ့ တောင်ကုန်းကို အစိုရတပ်က တိုက်ခိုက်တာကြောင့် ဆုတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အခုလို ပလောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်တာဟာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးတာနဲ့ သက်ဆိုင်နေပါတယ်။
2012-11-10
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ကိုရောက်ရှိနေတဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းဟာ လက်နက်ကိုင်အဖွဲ့များတင်မက တိုင်းရင်းသားအဖွဲ့များ၊ ပါတီများနဲ့ လူမှုရေးအဖွဲ့များပါ တွေ့ဆုံလျက်ရှိတယ်လို့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က ပြောကြား လိုက်ပါတယ်။
2012-11-09
အမေရိကန်သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးဟာ တရုတ်ပြည်ရဲ့ မြန်မာနဲ့ပတ်သက်တဲ့ အကျိုးစီးပွားအပေါ် ထိခိုက်မှုမရှိပါဘူးလို့ အကြီးတန်း တရုတ်အရာရှိတစ်ယောက်က ပြောပါတယ်။
2012-11-09
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ လာမယ့် သီတင်းပတ်အတွင်း အာရှတိုက်ကို ခရီးလှည့်လည်မှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံကို ဝင်ရောက်လာဦးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။
2012-11-09
ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ဟာ နိုဝင်ဘာလ ၉ရက်နေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဆိုနှစ်ရပ်ကို တင်သွင်းခဲ့ပါတယ်။
2012-11-09
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ တစ်ပတ်ကြာ သွားရောက်မယ့် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး မွန်ပြည်နယ်ခရီးစဉ်ကို ဒီကနေ့မှာ စတင်လိုက်ပါတယ်။
2012-11-09
အမေရိကန် သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ၈၈မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံဖွယ် ရှိတယ်လို့ ၈၈မျိုးဆက်ကျောင်းသားတွေထံမှ သိရှိရပါတယ်။
2012-11-09
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်း တိုက်နယ်၊ ချပ်ကြီးကျေးရွာ ဘူတာမှာ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက လောင်စာဆီတင် ရထားတစ်စီး တိမ်းမှောက်သွားပါတယ်။
2012-11-08
မြန်မာနိုင်ငံကို အမေရိကန် သမ္မတ ဘားရက် အိုဘားမား သွားရောက်မယ်လို့ သမ္မတ အိမ်ဖြူတော်က မနေ့က အတည်ပြုပြောဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ (၁၇)ရက်နေ့ကနေ (၂ဝ)ရက်နေ့အထိ ကျင်းပမယ့် အာဆီယံညီလာခံကို တက်ရောက်ဖို့အသွားမှာ ထိုင်းနဲ့ မြန်မာနိုင်ငံကို ဝင်ရောက်မှာ ဖြစ်ပါတယ်။
2012-11-08
ပြည်ပမှာခိုလှုံနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ဟာ မနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း The Nation နဲ့ Bangkok Post သတင်းစာတွေက ဖေါ်ပြခဲ့ကြပါတယ်။
2012-11-08
ဆွီဒင် ဝန်ကြီးချုပ် Fredrik Reinfeldt ဟာ လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ဆွီဒင်ဝန်ကြီးချုပ်ရုံးက မနေ့က ပြောပါတယ်။
2012-11-08
ကနေဒါနိုင်ငံကို ခေတ္တ ရောက်ရှိနေ တဲ့ ရွှေညဝါဆရာတော်ဟာ ကနေဒါ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဆိုင်ရာ ဝန်ကြီး Jason Kenney နဲ့ တွေ့ဆုံခဲ့ပါတယ်။
2012-11-08
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် အစိုးရရဲ့တိကျပြတ်သားတဲ့ မူဝါဒကို ထင်သာမြင်သာရှိအောင် ပြည်သူလူထုကို ချပြရမှာဖြစ်တယ်လို့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့က မနေ့က နေ့စွဲနဲ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
2012-11-08
မန္တလေးတိုင်း၊ အမရပူရမြို့နယ်က ရွှေကြက်ယက် ဆိပ်ကမ်းမှာ တည်ဆောက်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာပုံတံတား တည်ဆောက်စဉ်က ယာယီ အသုံးပြုဖို့ သိမ်းယူခဲ့တဲ့ မြေတွေကို ပြန်လည် ရရှိဖို့ တောင်းဆိုခဲ့ကြတဲ့ ဒေသခံရွာသား ၈၄ဦးထဲက ၃ဦးကို နိုဝင်ဘာလ ၈ရက်နေ့ကစပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ စတင်ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။