သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-08
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အတွင်းက ကျေးရွာအုပ်စု ၅ ခုမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အစိုးရက စစ်ဆေးနေရာမှာ အဲဒီကျေးရွာအုပ်စု မှာ နေထိုင်သူတွေက ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုကြတယ်လို့ စစ်ဆေးရေးသွားခဲ့သူတွေထံကတဆင့် သိရှိရပါတယ်။
2012-11-08
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပိုင်ဆိုင်တဲ့ ထိပ်တန်း ကျားဖြူ ကုမ္ပဏီလီမိတက်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်မှာ တရားမဝင် ဂေါဒန်ကျောက် တူးဖော်နေတဲ့ အတွက် ဒေသခံဂေါဒန်တူးဖော်ရေး လုပ်ငန်းရှင်တစ်ဦးက ထိပ်တန်းကျားဖြူ ကုမ္ပဏီလီမိတက်ကို ကန့်ကွက်တဲ့အနေနဲ့ နေပြည်တော်မှာရှိတဲ့ သတ္တုတွင်းဝန်ကြီးဌာနရုံးချုပ်မှာ နိုဝင်ဘာ(၆) ရက်နေ့က ကန့်ကွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။
2012-11-08
ဒုတိယသက်တမ်းအတွက် နောက် တစ်ကြိမ် ပြန်လည်အရွေးခံခဲ့ရတဲ့ အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ ဒီလအတွင်း မြန်မာနိုင်ငံကို လာရောက်မယ်လို့ မြန်မာအစိုးရအရာရှိတစ်ဦးက အတည်ပြု ပြောဆိုကြောင်းသိရပါတယ်။
2012-11-08
ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က မနေ့ကကျင်းပပြီးစီးခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မစ္စတာအိုဘားမား အခုလို ပြန်လည်ရွေးချယ်ခံရလိမ့်မယ်လို့ မူလကပင် မိမိခန့်မှန်းခဲ့ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် ကူညီမယ်လို့ မျှော်လင့်ကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။
2012-11-07
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနဲ့ ကမ်းနားလမ်းက ရှေးဟောင်း သမိုင်းအမွေအနှစ် စာရင်းဝင် တရားရုံးကြီးနှစ်ရုံးကို တရားရုံးတွေအဖြစ်နဲ့ ဆက်လက်ထိန်းသိမ်း အသုံးပြုရေးနဲ့ ပတ်သက်ပြီး ရှေ့နေများကွန်ရက်ရဲ့ သဘောထားကြေညာချက်တစ်ရပ် နိုဝင်ဘာလ ၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
2012-11-07
မြန်မာနိုင်ငံဖွား အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေ စုစည်းတည်ထောင်ထားတဲ့ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် အမေရိကန် - မြန်မာ ကုန်သည်ကြီးများအသင်းရဲ့ပထမဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို နိုဝင်ဘာလ နောက်ဆုံးပတ် မှာသွားရောက်မယ်လို့သိရပါတယ်။
2012-11-07
မန္တလေးမြို့က သံဃာတော်တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဆောင်ရွက်မှုတွေမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်မလဲဆိုတဲ့ အဖြေရှာဆွေးနွေးပွဲကို မန္တလေးတိုင်း၊ အမရပူရမြို့၊ သိမ်ကြီးရပ်ကွက်၊ မန္တလေး - စစ်ကိုင်း လမ်းမပေါ်မှာရှိတဲ့ သိင်္ဂီရွှေဝါခန်းမမှာ နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2012-11-07
ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း - မြန်မာ နယ်စပ်ရှိ တာချီလိတ်မြို့မှာ လူသတ်မှုနဲ့ပတ်သက်ပြီး မသင်္ကာဖြစ်သူ တစ်ယောက်ရဲ့နေအိမ်ကို မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေခဲ့ရာ ရာဘ ခေါ် စိတ်ကြွ ဆေးပြားအလုံးရေ ၅ သိန်းကျော်နဲ့ သေနတ် တစ်လက် အပါအဝင် သိန်းနဲ့ချီတဲ့ နိုင်ငံခြားငွေတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
2012-11-07
ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင် သစ်အချောထည်စက်ရုံရှေ့မှာ နှစ်ပတ်ကြာ နေ့ရောညပါ ဆန္ဒပြနေတဲ့ အလုပ်သမား (၁၅၀)ကျော်ဟာ သူတို့ တောင်းဆိုချက်တွေကို အလုပ်ရှင်ဘက်က လိုက်လျောပေးမှုမရှိတဲ့အတွက် ဒီကနေ့နေ့လည်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသ အလုပ်သမားရုံးရှေ့ကို ပြောင်းရွေ့ ဆန္ဒပြခဲ့ကြပါတယ်။
2012-11-06
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် ပထမဆုံးအဆင့် အနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာ ၅ ရွာကို ဒီကနေ့ စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။
2012-11-06
ရန်ကုန်မြို့၊ လသာမြို့နယ်က အနော်ရထာလမ်းနဲ့ စဉ့်အိုးတန်းလမ်ထောင့်မှာရှိတဲ့ ဝါဝါဝင်းကုမ္ပဏီရှေ့မှာ ဆန္ဒပြနေတဲ့ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဝင်းချို၊ ကိုဝေဠု အပါအဝင် လှိုင်သာယာမြို့နယ်က အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကလေးနဲ့ ကျွန်းကြီးကျေးရွာက ကိုကြည်ရွှင်၊ ကိုပေါက်နဲ့ ဒေါ်ခင်မြင့်ဝေတို့ ငါးဦးကို လသာတရားရုံးက ပုဒ်မ(၃၃၈)နဲ့ ဒီကနေ့ နေ့လယ်က ရုံးတင်စစ်ဆေးခဲ့ပါတယ်။
2012-11-06
ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီနဲ့တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တွေပူးပေါင်းပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်ဖို့ ရှိတယ်လို့ သိရပါတယ်။
2012-11-06
ရှမ်းလူမျိုး ဒုက္ခသည်တွေအကြောင်း အခြေခံရေးသားထားတဲ့ (The Shan: Refugees without a camp) “စခန်းမရှိတဲ့ ရှမ်းဒုက္ခသည်များ” ဆိုတဲ့ စာအုပ်ထုတ်ဝေပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၆ ရက် နေ့လည်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ နိုင်ငံခြားသား သတင်းထောက် များအသင်း ရုံးခန်းမမှာ ကျင်းပခဲ့ပါတယ်။
2012-11-06
ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ရဲ့ ပထမဆုံး ဥက္ကဋ္ဌဖြစ်တဲ့ ဦးရာရှစ် ရာပြည့် အထိမ်းအမှတ် အခမ်းအနားကိုရန်ကုန်မြို့၊ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-11-05
ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အနောက်ပိုင်း မှာ နေရာရွှေ့ပြောင်း ခဲ့ကြရတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူလူထုတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည် နေရာချထားရေးတွေကို ဦးစားပေး ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လာအို နိုင်ငံမှာကျင်းပနေတဲ့ အာရှ ဥရောပ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။