သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-05
သတ္တုတွင်းဝန်ကြီးဌာန အနေနဲ့ The Voice ဂျာနယ် ကို တရားစွဲဆိုသင့်ကြောင်း ဒဂုံမြို့နယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် The Voice ဂျာနယ်ဘက်က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ပြင်ဆင်ချက် အယူခံလျှောက်ထားမှုကို တရားရုံးက ဒီကနေ့ ပလပ်လိုက်ပါတယ်။
2012-11-05
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မြူးနှင့်ဇူး အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀၀ ကျော် ခွင့်ပြုမိန့်မရဘဲ လမ်းလျှောက်ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ခေါင်းဆောင်တဲ့ အလုပ်သမား ၆ ဦးကို ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ မရမ်းကုန်းမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်က တရားရုံးတွေက စတင်စစ်ဆေးခဲ့ပါတယ်။
2012-11-05
တိုင်းရင်းသားများ အရေး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို လေ့လာ ဆန်းစစ်ခြင်းနဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်မှု မြှှှင့်တင်ခြင်းဆိုင်ရာ နှီးနှော ဖလှယ်ပွဲတစ်ခုကို ပြည်တွင်းအမျိုးသမီး ခေါင်းဆောင်တစ်ချို့နဲ့ ပြည်ပအခြေစိုက် အမျိုးသမီးတွေ ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့က စပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးနေပါတယ်။
2012-11-05
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ မိမိအနေနဲ့ ရိုဟင်ဂျာဘက်ကနေ တစ်ဖက်သတ် ရပ်တည်ပြောဆိုပေးမှာ မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပါတယ်။
2012-11-05
သမ္မတ ဦးသိန်းစိန် ဟာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပမယ့် (၉) ကြိမ်မြောက် ASEM ခေါ် အာရှ-ဥရောပ ဆွေးနွေးပွဲကို တက်ရောက်ဖို့ တနင်္ဂနွေနေ့က ထွက်ခွာသွားပါတယ်။
2012-11-04
ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန် က တော်ဝင် သစ်အချောထည် စက်ရုံရှေ့မှာ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် အစာငတ်ခံ ဆန္ဒပြနေကြတဲ့ အလုပ်သမား ၂၀၀ ကျော်ထဲက ၂၅ ဦးဟာ အာဟာရ ပြတ်လပ်ပြီး သတိလစ်မေ့မျော သွားတာကြောင့် မနေ့ညကစလို့ ရွှေပြည်သာ ဆေးရုံနဲ့ အင်းစိန်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။
2012-11-04
လူကြီးမင်းဖုန်းဆိုင်ရဲ့ ဆိုင်ခွဲ ၁၁ ဆိုင်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ ကံစမ်းမဲအစီအစဉ်ကို ဖျက်သိမ်းလိုက်တာကြောင့် အချို့နေရာတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး Park Royal ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။
2012-11-04
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ တည်ဆောက်နေတဲ့ နိုင်ငံတော် ဧည့်ဂေဟာ သံတမန် အိမ်ယာဆောက်လုပ်ရေး စီမံကိန်းတွေနားက တောင်ကြားဈေးဟာ ကျူးကျော်ဈေးဖြစ်တာကြောင့် လာမယ့် နိုဝင်ဘာ ၇ ရက် နောက်ဆုံးထား ဖယ်ရှားပေးရမယ်လို့ သိရပါတယ်။
2012-11-04
၁၉၉၁ ခုနှစ်တုန်းက မတရား အလုပ်ဖြုတ်ခံခဲ့ရတဲ့ သကြားစက်ရုံ ဝန်ထမ်းဟောင်းတစ်ဦးက အလုပ်ဖြုတ်ခံရတာကို မကျေနပ်တဲ့အတွက် လာမယ့် နိုဝင်ဘာ ၁၁ရက်နေ့မှာ ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တစ်ကိုယ်တော် ဆန္ဒပြမယ်လို့သိရှိရပါတယ်
2012-11-04
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကနေ ၂၃ ရက်နေ့ အထိ ချက်ပြည်သူ့ သမ္မတ နိုင်ငံမှာ ကျင်းပတဲ့ လူထုအခြေပြု အဖွဲ့တွေရဲ့ Forum 2000 ပွဲနဲ့ အောက်တိုဘာ ၂၄ ရက်ကနေ ၂၆ ရက်နေ့ အထိ ဘေလာလူ့-မြန်မာဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တဲ့ NLD ပါတီ ပြည်သူ့လွတ်တော် ကိုယ်စာလှယ် ဦးအုန်းကြိုင် မနေ့က ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိပါတယ်။ ဆွေးနွေးပွဲအတွေ့အကြုံများကို ဦးအုန်းကြိုင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2012-11-04
အခု တပတ် ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တဲ့ စကားဝိုင်းမှာ သမ္မတ ဦးသိန်းစိန်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အတည်ပြု ပြဌာန်းလိုက်ပြီး ကမ္ဘာ့ဘဏ်လို အဖွဲ့ကြီးတွေက ချေးငွေ အကူအညီတွေ ပြန်ပေးတော့မယ်ဆိုတာနဲ့ ပတ်သက်ပြီး အခြေပြု ဆွေးနွေး တင်ပြထားပါတယ်။
2012-11-04
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးသစ်ကို မြန်မာနိုင်ငံကိုရောက်နေရှိတဲ့ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးက မနေ့က ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။
2012-11-03
မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ အနီးကပ် လက်တွဲဆောင်ရွက်ဖို့ အီးယူဥရောပသမဂ္ဂနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ တာဝန်ရှိသူတွေဟာ ဒီကနေ့မှာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2012-11-03
ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် ပထမဆုံး အဆင့်အနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း စတင်အကောင်အထည်ဖော် ဆောင်ရွက် သွားတော့မှာဖြစ်တယ်လို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
2012-11-03
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရပ်ချ်ဘူရီခရိုင်၊ ချာအမ်မြို့၊ Holiday Inn ဟော်တယ်မှာ ပညာသင်ဆုထောက်ပံ့ရေး သပြေဖောင်ဒေးရှင်းက ကြီးမှူးကျင်းပတဲ့ ပညာသင်ကျောင်းသားများ ကွန်ယက်တည်ဆောက်ခြင်းနဲ့ အတွေ့အကြုံနှီးနှော ဖလှယ်ပွဲကို ဒီကနေ့ တက်ရောက်ခဲ့ကြပါတယ်။