သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-03
အရှေ့တောင်အာရှက အမျိုးသမီးတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Holiday Inn ဟော်တယ်မှာ ၄ ရက်ကြာကျင်းပခဲ့ရာ နိုဝင်ဘာ ၂ ရက်နေ့က ပြီးဆုံးသွားခဲ့ပြီး မြန်မာနိုင်ငံက အမျိုးသမီး ကိုယ်စားလှယ် ၂ ဦး အပါအဝင် မြန်မာအမျိုးသမီး ၆ ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
2012-11-03
ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရအနေနဲ့ စစ်တပ်တွေတိုးမြှင့် နေရာချ ထားရတာဟာ ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဘက်စလုံးရဲ့ တောင်းဆိုချက်ကြောင့် ဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-11-03
ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ်နဲ့ ၄၂ ကီလိုမီတာမှာရှိတဲ့ အကောင်းဆုံးမိတ်ဆွေ မြန်မာစာသင်ကျောင်းက မူလတန်းအဆင့် ကလေးငယ်တွေအတွက် ထိုင်းပညာရေးဌာနက ခေတ်မီသင်ထောက်ကူ iPad tablet ကွန်ပြူတာ ၉၁ လုံးကို နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက အခမဲ့ ပေးအပ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
2012-11-03
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေအပေါ် ကိုယ်ရဲ့သြဇာကိုသုံးစွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်တဲ့ အဆင့်ရောက်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ဒုတိယအကြိမ်မြောက် စာရေးသားပေးပို့ တောင်းဆိုလိုက်ကြောင်း တိဘက်အဝေးရောက်အစိုးရက ပြောပါတယ်။
2012-11-03
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေကို သမ္မတဦးသိန်းစိန်က မနေ့က လက်မှတ်ရေးထိုးလိုက်တဲ့အတွက် ပြည်တွင်း ပြည်ပက စောင့်စားမျှော်လင့်နေကြတဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေတစ်ရပ် ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။
2012-11-03
အမေရိကန်သမ္မတ အိုဘာမားဟာ ဒီလအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံညီလာခံ ကို တက်ရောက်မယ့် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
2012-11-02
ထိုင်း - မြန်မာနယ်စပ် ရွှေ့ပြောင်းလူထုတွေရဲ့ ကလေးငယ်တွေရရှိသင့်တဲ့ အခြေခံအခွင့်အရေးနဲ့ နိုင်ငံသားဖြစ်ရေး စတဲ့အခွင့်အရေးတွေအတွက် လုပ်ဆောင်နေတဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနဲ့ မြှင့်တင်ရေးကော်မတီ (မြန်မာနိုင်ငံ) Committee for Protection and Promotion of Child Rights (Burma) CPPCR ရဲ့ (၁၀) နှစ်ပြည့် အခမ်းအနားကို မဲဆောက်မြို့က Queen Palace Hotel မှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2012-11-02
ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသဖြစ်တဲ့ နမ့်ဆန်မြို့မှာ နိုဝင်ဘာ ၂ ရက်နေ့ မနက် ၉ နာရီက ကုန်စုံဆိုင်တစ်ခုအတွင်း ခြံရှင်းရာကစပြီး မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် ကျပ်သိန်း ၅၀၀၀ လောက် ဆုံးရှုံးခဲ့တယ်လို့ မီးဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ ပလောင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက အခုလိုပြောပါတယ်။
2012-11-02
သီတဂူဆရာတော် အရှင်ဉာဏိဿရရဲ့ထိုင်းနိုင်ငံမှာ ၅ ရက်တိုင်တိုင် ဟောကြားမယ့် တရားတော်တွေကို အင်တာနက် အွန်လိုင်းပေါ်ကနေ တိုက်ရိုက်နာယူနိုင်ကြမယ်လို့ သိရပါတယ်။
2012-11-02
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဗြိတိန်သံအမတ်ကြီး Andrew Heyn နဲ့ သြစတေးလျသံအမတ်ကြီး Ms. Bronte Moules တို့ဟာ မြေပုံ၊ ရမ်းဗြဲ၊ ကျောက်ဖြူ စတဲ့မြို့တွေက ဒုက္ခသည်စခန်းတွေကို မနေ့က သွားရောက်ခဲ့တဲ့အပြင် ဒီကနေ့မှာလည်း ပေါက်တော၊ မင်းပြား၊ ရသေ့တောင် စတဲ့ မြို့နယ်တွေကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
2012-11-02
ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသဖြစ်တဲ့ နမ့်ဆန်မြို့မှာ ဒီနေ့မနက် ၉ နာရီလောက်က ကုန်စုံဆိုင်တစ်ဆိုင် အတွင်း ခြံရှင်းရာကစပြီး မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် ဆုံးရှုံးမှု တန်ဖိုးဟာ ကျပ်သိန်း ၅၀၀၀ လောက်ရှိမယ်လို့ မီးလောင်ရာမှာ ပါဝင်သူတွေကို ကူညီနေတဲ့ ပလောင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက အခုလိုပြောပါတယ်။
2012-11-02
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်တဲ့ ၇ ဦးပါအဖွဲ့ဟာ Thabyay Education Network က စီစဉ်တဲ့ Myanmar Student Meeting ကိုတက်ရောက်ဖို့ ဒီကနေ့ နေ့လည်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိသွားပါတယ်။
2012-11-02
မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀ ထောက်ပံ့ ကူညီပေးသွားမယ်လို့ ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက ကြေညာလိုက်ပါတယ်။
2012-11-02
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေက လိုင်စင်မရရှိသေးတဲ့ အနှေးယာဉ်လုပ်သား ၃၀၀ ကျော်ဟာ အနှေးယာဉ်ဆိုက်ကားတွေ လိုင်စင်ရရှိရေးအတွက် နိုဝင်ဘာ ၁ ရက်နေ့ကရော ဒီကနေ့ နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းမှာပါ နှစ်ရက်ဆက်တိုက် အနော်ရထာ အဝိုင်းကနေ မြို့နယ် အားကစားကွင်းအထိ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2012-11-02
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာ ယိုယွင်းနေပြီး အဂတိ လိုက်စားမှုတွေ ရှိနေတာကို ပြုပြင်နိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီနဲ့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီတို့ဟာ တိုင်းနဲ့ပြည်နယ်၁၄ခုက တရားသူကြီးချုပ်တွေနဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။