သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-15
မြန်မာသမ္မတဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ်အတွက် အာရှတိုက်သား Asian of the Year အဖြစ် စင်္ကာပူ နိုင်ငံထုတ် The Straits Times သတင်းစာက ဒီကနေ့မှာ ရွေးခြယ်ဖော်ပြလိုက်ပါတယ်။
2012-12-15
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Heyn နဲ့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Hugo Lwire တို့အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပြည်နယ်အတွင်းမှာ ကျူးကျော်နေထိုင်သူ တွေရဲ့အရေးနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာရှိတဲ့ နိုင်ငံရေးပါတီ ၃ ခုက တာဝန်ရှိသူတွေနဲ့ စစ်တွေမြို့ နိုဗယ်ဟိုတယ်မှာ ဒီကနေ့ မနက် ၁၁ နာရီက သီးသန့်တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။
2012-12-15
မြန်မာစစ်အစိုးရနဲ့ အိန္ဒိယထိတွေ့ဆက်ဆံခဲ့ရတာဟာ အရေးကြီးတဲ့နယ်စပ်လုံခြုံရေး မဟာဗျူဟာတွေကြောင့်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီး Salman Kharshid က ပြောဆိုလိုက်ပါတယ်။
2012-12-15
ထိုင်းနိုင်ငံအတွင်း အထောက်အထား မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို မနေ့က ယာယီပတ်စပို့စ်ပြုလုပ်ရေးလုပ်ငန်းစဉ် အဆုံးသတ်ပြီး ဒီကနေ့ကစလို့ စတင်ဖမ်းဆီး ပြန်ပို့မယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ ကတည်းက တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။
2012-12-14
ပဋိပက္ခတွေကြောင့် လူထောင်နဲ့ချီ နေရပ်ကရွှေ့ပြောင်းရတဲ့ ရခိုင်ပြည်နယ်အတွက် ဒေါ်လာ ၁ သန်းကူညီမယ်လို့ အိန္ဒိယနိုင်ငံက မနေ့က ပြောကြားလိုက်ပါတယ်။
2012-12-14
မြန်မာအများစုပါဝင်တဲ့ ထိုင်းနိင်ငံ ရှိ ရွေ့ပြောင်းအလုပ်သမားတွေ ဟာ သောကြာနေ့ ကို နောက်ဆုံးရက် အဖြစ် မှတ်ပုံတင်ဖို့ တိုင်းအစိုးရက သတ်မှတ်ထားလို့ Samut Sakhon အလယ်ပိုင်း ခရိုင်ရှိ ထိုင်းအလုပ်သမားရုံးမှာ ကြိတ်ကြိတ်တိုး အလုအယက်မှတ်ပုံတင်ခဲ့ကြကြောင်း TNA ထိုင်းသတင်းစဉ်မှာ ဖေါ်ပြထားပါတယ်။
2012-12-14
မန္တလေးမြို့မှာ မနေ့ကအဖမ်းဆီးခံလိုက်ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ သူတို့ကို တရားသေလွှတ်တာမဟုတ်ပဲ အာမခံနဲ့ တရားရင်ဆိုင်ရမယ်ဆိုတဲ့စနစ်ကို လက်မခံဘူး ဆိုပြီး ပယ်ချလိုက်ကြောင်း RFA ကို ပြောပါတယ်။
2012-12-14
လက်ပန်းတောင်းတောင်အရေးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေအတွက် ရည်ရွယ်ပြီး၊ ပြည်မြို့မှာ လူ့အခွင့်အရေးအဖွဲ့ဝင် ၁ဝ ဦးလောက်ဟာ ဒီကနေ့ နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
2012-12-14
ရန်ကုန်မြို့၊ လသာမြို့နယ်က ဝါဝါဝင်း ကုမ္ပဏီရုံးရှေ့မှာ ၄၄ ရက်ကြာ ဆန္ဒ ထုတ်ဖော်နေခဲ့ကြတဲ့ လှိုင်သာယာ မြို့နယ်၊ အနော်ရထာစက်မှုဇုန် လယ်သမားတွေဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် ရဲ့ ခေါ်ယူစုံစမ်း မေတ္တာရပ်ခံချက်ကြောင့် ပြီးခဲ့တဲ့ည က ဆန္ဒထုတ်ဖော်မှုရပ်တန့်ပြီး နေရပ်ပြန်သွားကြပြီလို့ သိရပါတယ်။
2012-12-14
မြန်မာအစိုးရစစ်တပ် လက်ထဲရောက်ရှိသုံးစွဲနေတဲ့ ဆွီဒင်နိုင်ငံလုပ် တင့်ကားဖျက် ရိုင်ဖယ်တွေဟာ အိန္ဒိယ စစ်တပ်ကို မိမိတို့ရောင်းချလိုက်တဲ့ လက်နက်တွေဖြစ်ကြောင်း ဆွီဒင်နိုင်ငံက မနေ့က ပြောလိုက်ပါတယ်။
2012-12-14
မန္တလေးမြို့မှာ ဗကသများအဖွဲ့ချုပ်နဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က လူ ၄ ဦး မနေ့ညဦးပိုင်းက ဖမ်းဆီးခံခဲ့ ရပါတယ်။
2012-12-13
နည်းသစ်နည်းဟောင်း အပြောင်းအလဲ မှာ အနှစ်သာရကိုပြနိုင်ရင် အဖိုး တန်တယ်လို့ ကဗျာဆရာမကြီးနဲ့ စာရေးဆရာမကြီး ဒေါ်ကြည်အေးက မနေ့က ကျရောက်တဲ့ ၈၃ နှစ်မြောက် မွေးနေ့ မှာ ပြောကြားလိုက်ပါတယ်။
2012-12-13
လက်ပံတောင်းတောင်သပိတ်စခန်း ဖြိုခွင်းမှုမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြတဲ့ သံဃာတော်တွေထဲက ဆရာတော်ဦးသိက္ခဉာဏဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဒီကနေ့ ညနေ ၄ နာရီခွဲက ဆေးဝါး ကုသဖို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။
2012-12-13
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်က ရှမ်းပြည်နယ် ဖယ်ခုံမြို့မှာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်တာကို ဒေသခံအာဏာပိုင်တွေက တားမြစ်ပိတ်ပင်နေတယ် လို့သိရပါတယ်။
2012-12-13
အာရှဒေသတွင်း မူးယစ်ဆေးဝါး ပြသနာ ကြီးထွားလာနေတာကို တိုက်ဖျက်နိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ အဓိကကျတဲ့ နိုင်ငံတခုဖြစ်တယ်လို့ ကုလသမဂ္ဂက မနေ့က ပြောဆိုလိုက်ပြီး ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းတွေမှာလည်း ပူပေါင်းပါဝင်ဖို့ကို မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။