သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-02-08
ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့နယ်မှာ စပါးဈေးနဲ့ ပဲဈေးတွေကျလို့ စိုက်ပျိုးစရိတ်ကြွေးတွေ ပြန်မဆပ်နိုင်ဘဲ အကျပ်အတည်း တွေ့နေတဲ့အတွက် လယ်သမားတွေက ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်တောင်းဆိုခွင့် ဒီကနေ့ လျှောက်ထားခဲ့ရာမှာ မြို့နယ် ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
2012-02-08
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ နေပြီဆိုပေမယ့် စီးပွားရေး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို ဥပဒေကြောင်းအရ ကာကွယ် စောင့်ရှောက်မှု အနည်းဆုံး နိုင်ငံအဖြစ် စီးပွားရေးရာ အစီရင်ခံစာ တစ်စောင်က ဖော်ပြလိုက်ပါတယ်။
2012-02-08
လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကစပြီး ခေတ်အဆက်ဆက် ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။
2012-02-07
ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အစိုးရဝန်ထမ်းတွေ လစာတိုးမြှင့်ပေးဖို အဆိုတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်မှာ မနေ့က တင်သွင်း လိုက်ပါတယ်။
2012-02-07
ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နဲ့ ကေအိုင်အေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံထဲကို ဝင်ရောက် ခိုလှုံနေကြတဲ့ ကချင် စစ်ပြေး ဒုက္ခသည်ပေါင်း တစ်သောင်းလောက်ဟာ ကူညီထောက်ပံ့မှုတွေ အလုံအလောက် မရဘဲ နေထိုင်ကြရကြောင်း ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
2012-02-07
အမေရိကန် ဗဟို စုံစမ်း ထောက်လှမ်းရေးအဖွဲ့ CIA ညွှန်ကြားရေးမှူး မစ္စတာ David Petraeus ဟာ ဒီနှစ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖွယ် ရှိတယ်လို့ စီအိုင်အေ အရာရှိပိုင်းက ပြောဆိုကြောင်း နယူးယောက် တိုင်း သတင်းစာက ဖော်ပြလိုက်ပါတယ်။
2012-02-07
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့အရေးယူမှုတွေထဲက စီးပွားရေး အဖွဲ့အစည်းများက ရယူတဲ့ အကူအညီဆိုင်ရာ ပိတ်ဆို့မှု တချို့ကို လျှော့ချပေးခဲ့ပါတယ်။
2012-02-07
ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပတဲ့ နိုင်ငံတော် ရသုံးငွေ ခွဲဝေသုံးစွဲမှုဆိုင်ရာ ပညာရှင်များရဲ့ ဆွေးနွေးပွဲကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဒီကနေ့ တက်ရောက်ခဲ့ပါတယ်။
2012-02-07
ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီနဲ့ KNU ခွဲထွက် အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ဗိုလ်ချုပ်ထိန်မောင် ဦးစီးတဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီတို့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပါတယ်။
2012-02-07
ရွှေညဝါ ဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က မနှစ် ဖေဖော်ဝါရီလကစပြီး တစ်နှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခဲ့တဲ့ အချိန်ကာလ ပြည့်မြောက်သွားပြီ ဖြစ်တဲ့အတွက် ပြန်လည် ဟောပြောခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သံဃာ့ မဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က မနေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
2012-02-07
ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ပုသိမ်မြို့ကို သွားရောက်ခဲ့တဲ့ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတအောင် ပြည်သူအားလုံးက ဝိုင်းဝန်း လုပ်ဆောင်ဖို့ လိုကြောင်း ပုသိမ်မြို့မှာ ဒီကနေ့ ပြောသွားပါတယ်။
2012-02-06
နိုဘဲဆုရ အမေရိကန် စီးပွားရေးပညာရှင် ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ်ဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ တက်ရောက် ဟောပြောဖို့ မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၉ ရက်မှာ ဒုတိယအကြိမ် လာမယ်လို့ သိရပါတယ်။
2012-02-06
မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကို ကြိုဆို အားပေးတဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့ အရေးယူထားတာတွေထဲက တချို့ကို ပြန်လည် ရုပ်သိမ်းတော့မယ်လို့ အေပီသတင်းက ဖော်ပြလိုက်ပါတယ်။
2012-02-06
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေနေ့ စကားဝိုင်းမှာ အကျဉ်းထောင် အသီးသီးက ပြန်လွတ်မြောက်လာခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အနေနဲ့ ကိုယ်စိတ်နှစ်ပါး ဖိစီးမှုဝေဒနာ ခံစားနေရတာကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းက နားလည်မှုရှိရှိနဲ့ ဝိုင်းဝန်းပံပိုးပေးဘို့ လိုအပ်ပုံကို ဆွေးနွေးထားပါတယ်။
2012-02-06
ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားရာမှာ အိမ်ခြေ ၄၀၀ ကျော် မီးလောင် ဆုံးရှုံးသွားပါတယ်။