သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-02-06
ရသင့်တဲ့ လစာငွေတွေ မရလို့ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၃ မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား ၂၀၀၀ ကျော်ဟာ ဒီကနေ့ မနက်ပိုင်း အလုပ်ဆင်းချိန်ကစပြီး အလုပ်မဆင်းဘဲ စက်ရုံရှေ့မှာ ဆန္ဒပြတယ်လို့ သိရပါတယ်။
2012-02-06
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းဟာ တိုင်းရင်းသားအဖွဲ့တွေ အပါအဝင် မီဒီယာ အဖွဲ့တွေနဲ့ပါ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
2012-02-06
ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ဒီကနေ့ မေးခွန်းတွေ ဖြေကြားပြီးတဲ့နောက် ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်ခွင့်အတွက် ကော်မရှင်က လူတွေ့ စစ်ဆေး တယ်လို့ သိရပါတယ်။
2012-02-06
မြန်မာနိုင်ငံ ရှေ့ဆက်သွားနိုင်ဖို့ အတိတ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအပေါ် ဝန်ခံသင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား က တိုက်တွန်းခဲ့ပါတယ်။
2012-02-05
အနာဂတ် နိုင်ငံတည်ဆောက်ရေးနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အကြောက်တရားကင်းဝေးပြီး ယုံကြည်ရာ ပြောဝံ့ဆိုဝံ့ လုပ်ကိုင်ဝံ့ရှိလာဖို့၊ ဒီမိုကရေစီ တည်ဆောက်ရာမှာ တက်တက် ကြွကြွ ပါဝင်လိုတဲ့ လူငယ်လူရွယ်တွေ ဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲနဲ့ နှီးနှောဖလှယ်ပွဲ ဒီနေ့ ကျင်းပပါတယ်။
2012-02-05
မန္တလေးမြို့ကို သွားရောက်မယ့် ခရီးစဉ်ရက်ရွှေ့ဆိုင်းပြီး အဆင်ပြေအောင် ပြုလုပ်ခဲ့တဲ့အတွက် အာဏာပိုင်တွေဘက်က နားလည်မှုပိုမိုရရှိလာမယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။
2012-02-05
ပင်လုံစာချုပ်ပါအတိုင်း အမျိုးသား တန်းတူရေးနဲ့ ပြည်ထောင်စု တည်ဆောက်ပြီး ငြိမ်းချမ်းရေး ဖြစ်မြောက်ရေး ဆောင်ရွက်ဖို့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကို ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO က တောင်းဆိုခဲ့တယ်လို့ PNLO က RFA ကို ဒီကနေ့ ပြောကြားပါတယ်။
2012-02-05
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာတာကို ကြိုဆိုပေမယ့် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ အတွက် အရေးတကြီး ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုနေသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒီကနေ့ ညနေပိုင်း ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။
2012-02-03
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်အတွက် ရုံးသစ်တစ်ရုံးကို မနက်ဖြန် တနင်္ဂနွေနေ့မှာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
2012-02-03
မတရားရယူထားတဲ့ ဖြောင့်ချက်တွေပေါ်မူတည်ပြီး အပြစ်ပေးခံထားရသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
2012-02-03
သားသတ်လိုင်စင် လေလံပွဲပြုလုပ်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးရှေ့မှာ မနေ့က မနက်ပိုင်းက အသားဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူတွေထဲက အဖမ်းခံခဲ့ရသူတွေ အခုညနေပိုင်းမှာ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ စုံစမ်းသိရပါတယ်။
2012-02-03
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ဟာ ဒီကနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံပြီး လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
2012-02-02
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း၊ အနုပညာရှင် ကိုဇာဂနာနဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကချင်ပြည်နယ်အရေး လှှုပ်ရှားသူ ဒေါ်ဘောက်ဂျာတို့က ပြောလိုက်ပါတယ်။
2012-02-02
မန္တလေးတိုင်းကို ဖေဖေါ်ဝါရီ ၄ ရက်နဲ့ ၅ ရက် သွားရောက်မယ့် ပါတီစည်းရုံးရေး ခရီးစဉ်မှာ လူထုကို မိန့်ခွန်းပြောဖို့ နေရာအခက်အခဲ ကြုံနေရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်ရက်ကို မနေ့ညက ရွှေ့ဆိုင်းလိုက်တယ်လို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောပါတယ်။
2012-02-02
အဖမ်းခံရသူ မိသားစုဝင်တွေက အကူအညီ တောင်းတဲ့အတွက် ကချင်ပြည်နယ် အတွင်းမှာ မြန်မာအစိုးရတပ်က ဖမ်းဆီးထားတဲ့ အရပ်သားတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားက ရှေ့နေ ဦးမာခါးက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရှေ့တော်သွင်း စာချွန်တော် လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။