သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-03-19
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်က စက်မှု(၁)ရပ်ကွက် ပုဂ္ဂလိကသံရည်ကျိုစက်ရုံမှာ ဒီကနေ့မနက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် လူ (၂)ဦးသေဆုံးပြီး၊ (၂)ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
2012-03-19
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ပြည်တွင်းစစ် ရပ်စဲဖို့ ဆန္ဒဖော်ထုတ်လို့ ဖမ်းဆီးခံရပြီး ရန်ကုန် စိတ်ရောဂါကုဆေးရုံကို ပို့ဆောင်ခံထားရတဲ့ ဧရာဝတီတိုင်း ဘိုကလေးဇာတိသား ဦးအောင်မြင့်ကို ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
2012-03-19
ပြီးခဲ့တဲ့ အင်္ဂါနေ့က ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ဟာ ဒီနေ့ (မတ်လ ၁၉ ရက်) မနက် ၇ နာရီ မိနစ် ၅၀ မှာ အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပါတယ်။
2012-03-19
နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးမင်းသူဟာ မနေ့က မဲဆွယ်စည်းရုံးရေး ဆင်းနေတုန်း သစ်သားချွန်တပ်ထားတဲ့ လောက်လေးဂွနဲ့အပစ်ခံခဲ့ရပါတယ်။
2012-03-19
မြန်မာစာနယ်ဇင်းသမဂ္ဂ (ယာယီ) ကို အဖွဲ့ ၅ ခုနဲ့ ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။ မူဝါဒရေးဆွဲရေးအဖွဲ့၊ သတင်းပြန်ကြားရေးအဖွဲ့၊ စည်းရုံးရေးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့ ရုံးအဖွဲ့စတဲ့ အဖွဲ့ ၅ ဖွဲ့နဲ့ ရန်ကုန်က ယုဇန ဟိုတယ်မှာ ဖွဲ့စည်းလိုက်တာပါ။
2012-03-18
အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ထားတဲ့ KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ကရင်အဖွဲ့အစည်းတွေနဲ့ တနင်္ဂနွေနေ့က တွေ့ဆုံစဉ် အာမခံသွားပါတယ်။
2012-03-18
အမျိုးသား သတင်းဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်းဆုံး(၅)ဆု ချီးမြှင့်ကြောင်း သိရပါတယ်။
2012-03-18
၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ဖူးတဲ့ မွန်အမျိုးသား ဒီမိုကရေစီပါတီ(MNDF)ဟာ မတ်လအကုန်ပိုင်းမှာ ပါတီကို ပြန်လည် မှတ်ပုံတင်တော့မှာ ဖြစ်ကြောင်း RFA ကို ပြောကြားပါတယ်။
2012-03-18
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီက ဌာနဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေနဲ့ ပူးပေါင်းပြီး ဒေသခံတွေနဲ့ ဝန်ထမ်းတွေဆီက ကြိုတင်မဲတွေ အဓမ္မကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2012-03-18
ရှမ်းပြည်မြောက်ပိုင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ သိန္နီမြို့ကို သွားရောက်ခဲ့ပြီး ကမ္ဘောဇ ကျောင်းဆိုင်ဘုန်းတော်ကြီးကျောင်းက သံဃာတော်တွေကို သွားရောက်ဖူးမျှော်ပြီး ဒေသခံပြည်သူတွေကို ပင်လုံစိတ်ဓါတ်အကြောင်း ဟောပြောခဲ့တယ်လို့ သိရပါတယ်။
2012-03-18
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ ၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ စကားကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2012-03-18
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးနဲ့အတူ ရွေးကောက်ပွဲ မဲပေးပုံ ပညာပေး အချက်အလက်တွေ ပါဝင်ပြီး၊ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ “ဒီလိုလေး ခြစ်တတ်ရင် ရပြီ” ဆိုတဲ့ ဗီဒီယိုဇာတ်လမ်းတိုကို မနေ့က လူမှုကွန်ရက် အင်တာနက်မှာ စတင် ဖြန့်ချိလိုက်ပါတယ်။
2012-03-18
မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်နေကြတဲ့ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေအတွက် နှစ်ဦးနှစ်ဘက် နစ်နာဆုံးရှုံးမှု မရှိစေတဲ့ မူဝါဒကို NLD အနေနဲ့ ချမှတ်ဆောင်ရွက်မှာ ဖြစ်ကြောင်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-03-17
နေပြည်တော် စီမံကိန်းဒေသအတွက် အကြောင်းပြပြီး စည်ပင်သာယာ အဖွဲ့ က ကျေးရွာပြောင်းရွှေ့ခိုင်းတဲ့ အမိန့်ကို မနာခံတဲ့ မီးသွေးဖို ရွာသားတွေကို တရားစွဲ ထောင်ချနေတာ စုစုပေါင်း ၆ ယောက် ရှိသွားပြီလို့ သတင်း ရရှိပါတယ်။
2012-03-17
ထားဝယ်မြို့နယ် အညာဖျား ရေအားလျှပ်စစ် စီမံကိန်းကို လက်မှတ်ရေးထိုး ကန့်ကွက်ထားတဲ့ ဒေသခံ ပြည်သူတွေနဲ့ ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ် တာဝန်ရှိသူတွေ ဒီနေ့ တွေဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။