သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-03-15
တပ်မတော်သားတွေရဲ့အကျပ်အတည်းတွေကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့တဲ့အတွက် အချုပ်တစ်လ ချခံခဲ့ရတယ်လို့ သံလျင်ရေတပ်စခန်းက ရေတပ်တပ်သား ကိုသူရိန်က အဖြစ်အပျက်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွင့်ဟဝန်ခံခဲ့ပါတယ်။
2012-03-14
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာဥပဒေဆိုင်ရာ တရားခုံရုံး (ITLOS) က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား အငြင်းပွားနေတဲ့ ရေပိုင်နက်ပြဿနာကို မတ်လ ၁၄ ရက် မနေ့က အပြီးသတ် အမိန့်ချမှတ်ခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အနိုင်ပေးလိုက်ပါတယ်။
2012-03-14
စီးပွားရေး လုပ်ငန်းရှင် ဦးတေဇရဲ့သားအကြီး ကိုပြည့်ဖြိုးတေဇက ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူထားတဲ့စာရင်းထဲက မိမိနာမည်ကို ပယ်ဖျက်ပေးဖို့ လျှောက်ထားတဲ့ အယူခံကို အနိုင်ပေးလိုက်တဲ့အကြောင်း ဥရောပသမဂ္ဂ တရားရုံးက မတ်လ ၁၃ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
2012-03-14
မလိုအပ်တဲ့ ဝန်ကြီးဌာနတချိူ့ကို ဒီမိုကရေစီစနစ်နဲ့ ညီအောင် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းသင့်ကြောင်း အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးခဲ့ကြပါတယ်။
2012-03-14
မစ္စတာ Derek Mitchell ဟာ ဒီကနေ့ မွန်းလွဲပိုင်းက ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားတွေ ဆောင်ရွက်နေတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဆောင်ရွက်ချက်တွေအကြောင်း မေးမြန်းခဲ့သလို ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
2012-03-14
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ဒေသအတွင်း စီးဆင်းနေတဲ့ နမ့်မောချောင်းနဲ့ နမ့်ခါချောင်း တလျှောက် မြန်မာ့မြားဦးကုမ္ပဏီက ဒေသခံ ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီးတော့ သတ္တုတူးဖော်ရေးလုပ်ငန်း စတင်လုပ်ကိုင်မှာ ဖြစ်တဲ့အတွက် နမ့်ဖတ်ကာရွာနဲ့ တစ်မိုင်အကွာ သတ္တုတူးဖော်မယ့်နေရာမှာ ဒေသခံတွေက ဒီကနေ့မနက်ပိုင်းက စုပေါင်းကန့်ကွက်ခဲ့ကြပါတယ်။
2012-03-14
မန္တလေးမြို့အတွင်း မဲပေးပိုင်ခွင့်ရှိသူစာရင်း မှားယွင်းနေမှုနဲ့ ပတ်သက်ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြခဲ့ပြီးတဲ့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်းကို ပြန်လည်ပြင်ဆင်ပြီး ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရပါတယ်။
2012-03-14
ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတချို့ရဲ့ ကျပ်သိန်းပေါင်း ထောင်ချီတဲ့ ငွေကြေးအလွဲသုံးစားမှုတွေနဲ့ ငွေစာရင်း မမှန်ကန်မှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့တဲ့ ပြည်တွင်းထုတ် The Voice Weekly Journal ထုတ်ဝေသူနဲ့ သတင်းရေးသားသူကို ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားမယ့်အကြောင်း သတ္တုတွင်းဝန်ကြီးဌာနက မနေ့က ကြေညာလိုက်ပါတယ်။
2012-03-14
မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ အမေရိကန်အစိုးရ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ချဲက အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီကနေ့ညနေက သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2012-03-14
မြန်မာစစ်သားနှစ်ဦး လက်ချက်ကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရထံ တရားဝင် တိုင်ကြားထားကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီယူ ဝေမင်းက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
2012-03-13
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတချို့ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး ပြန်လည် ဆန်းစစ်ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tomas Quintana က မနေ့က ပန်ကြားလိုက်ပါတယ်။
2012-03-13
မဆလအစိုးရရဲ့ လုံထိမ်းတပ်တွေ အကြမ်းဖက်နှိမ်နင်းမှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် ကျဆုံးခဲ့ရပါတယ်။
2012-03-13
ရွှေဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ဆရာတော် ဦးပဏ္ဏဝံသ ခေါ် ဦးပြည်ကျော် အတွက် ကျောင်းတက်ပွဲနဲ့ သက်တော် ၅၅ နှစ်ပြည့် မွေးနေ့ ဝိဇာတ အခမ်းအနားကို ဒီကနေ့ ရန်ကုန် ပုဇွန်တောင်မြို့နယ်က ရွှေတောင်ကျောင်းမှာ ကျင်းပပါတယ်။
2012-03-13
နိုင်ငံတော်ပုန်ကန်မှု၊ မတရားသင်း ဆက်သွယ်မှုတွေနဲ့ စွဲချက်တင်ခံထားရတဲ့ KNU ဗဟိုကော်မတီဝင် ဖဒို မန်းငြိမ်းမောင်ကို အင်းစိန်ထောင် အထူးတရားရုံးက ဒီကနေ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း စီရင်ချက်ချလိုက်ပါတယ်။
2012-03-13
အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကချင်ဒေသက စစ်ဘေးဒဏ်သင့် ဒုက္ခသည်တွေအတွက် နောက်ထပ်ငွေ ကျပ်သိန်း ၂၀၀ လှူဒါန်းလိုက်ကြောင်း သိရပါတယ်။