သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-04-14
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာမှာ သိုဝှက်ထားခဲ့တဲ့ တိုက်လေယာဉ်တွေကို ဗြိတိန်နိုင်ငံကို ပြန်လည်ပေးပို့ဖို့ အစိုးရချင်း သဘောတူညီခဲ့ကြပါတယ်။
2012-04-14
ဧပြီလ (၉) ရက်နေ့က မြိတ်လေတပ်စခန်းက လေတပ်အရာရှိသုံးဦးကို စစ်အကျဉ်းထောင် တရားရုံးချုပ်ကနေ စစ်ခုံရုံးဖွဲ့ပြီး အီလက်ထရောနစ်ပုဒ်မနဲ့ ထောင်ဒဏ်အနှစ် (၂၀) နဲ့ (၇) နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
2012-04-14
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း ဒီနှစ်ကျရောက်တဲ့ သြင်္ကန်ပွဲတော်ကာလမှာ တရားနာပွဲများ၊ ရဟန်းခံရှင်ပြုအလှူများ၊ သက်ကြီးပူဇော်ပွဲများနဲ့ နှစ်သစ်ကူး ရေကစားပွဲတော်တွေကို မိမိတို့ ဒေသအလိုက် ပြုလုပ်ကြတယ်လို့ သိရပါတယ်။
2012-04-14
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရေးတဲ့ သြင်္ကန်သံချပ်တွေကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ရန်ကုန်မြို့ နေရာ ၃ ခုမှာ ဒီနေ့ လိုက်လံဖျော်ဖြေခဲ့ပါတယ်။
2012-04-13
မြန်မာအပေါ် ဥရောပသမဂ္ဂ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူထားတာတွေထဲက လက်နက် အရောင်းအဝယ်ကိစ္စကလွဲပြီး ပိတ်ဆို့မှု အများစုကို ယာယီ ဆိုင်းငံ့ထားဖို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က မနေ့က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်ပါတယ်။
2012-04-13
အာရှဒေသကို ခရီးထွက်လာတဲ့ ဗြိတိန် ဝန်ကြီးချုပ် David Cameron ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2012-04-13
ဗြိတိသျှ ဝန်ကြီးချုပ် Mr David Cameron ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ရောက်ရှိသွားပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2012-04-13
အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စက်မှု ထိပ်သီး ၈ နိုင်ငံ အစည်းအဝေးက မြန်မာအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်ချက်တွေကို ကြိုဆိုလိုက်ပါတယ်။
2012-04-12
မြန်မာနိုင်ငံက အစိုးရကိုယ်စားလှယ်တွေနဲ့ အစိုးရမဟုတ်တဲ့ NGO ကိုယ်စားလှယ်အဖွဲ့တချို့ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။
2012-04-12
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ပြည်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရကို အလေးပေးပြောဆိုဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK က မနေ့က တောင်းဆိုလိုက်ပါတယ်။
2012-04-12
မလေးရှားကို မြန်မာအိမ်ဖော် အလုပ်သမားတွေ စေလွှတ်မယ်ဆိုရင် မြန်မာအလုပ်သမားတွေရဲ့အခွင့်အရေးကို အကာကွယ်ပေးနိုင်မဲ့ အခြေခံ သဘောတူညီချက်တွေကို မလေးရှားအစိုးရနဲ့ ဦးစွာကတိကဝတ် ပြုထားဖို့လိုကြောင်း မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ Burma Campaign Malaysia အဖွဲ့က သမ္မတ ဦးသိန်းစိန်အစိုးရကို ပေးတဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။
2012-04-12
မြန်မာနိုင်ငံက ပြောင်းလဲတိုးတက်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အချိန်နှောင့်နှေးမနေဘဲ အားပေးထောက်ခံဖို့ လိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် David Cameron က ဒီကနေ့ ပြောလိုက်ပါတယ်။
2012-04-12
ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်စတင်မယ့် လွှတ်တော်အစည်းအဝေးတွေကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နိုင်မှာ မဟုတ်သေးဘူးလို့ သတင်းရရှိပါတယ်။
2012-04-11
မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ရဲ့ အရေးကြီးတဲ့ တိုးတက်မှု တစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2012-04-11
၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှုကြီးအတွင်း မိမိရဲ့လူတွေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်ဆယ်ခဲ့တယ်လို့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ပြောဆိုခဲ့ကြောင်း ဧပြီလ ၉ ရက်နေ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားတာဟာ မဟုတ်မှန်ကြောင်း မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။