သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-04-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေအနေနဲ့ မကြာခင် လွှတ်တော်အစည်းအဝေးကို တက်ရောက်တဲ့အခါ ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် အခက်အခဲ ဖြစ်နေပါတယ်။
2012-04-11
ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်း မနက်ဖြန် သောကြာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မစ္စတာ ဒေးဗစ်ကင်မရွန်းဟာ အင်ဒိုနီးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။
2012-04-11
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထမကာမြို့နယ်မှာရှိတဲ့ Vita food နာနတ်သီးစက်ရုံမှာ မြန်မာအလုပ်သမား ၆၀၀ ခန့်က လုပ်အားခ အပြည့်အဝရရှိရေးအတွက် ဒီကနေ့မနက် ဆန္ဒပြကြရာ တောင်းဆိုတဲ့ လုပ်အားခကို အလုပ်ရှင်ကပေးမယ်လို့ သဘောတူညီလိုက်တဲ့အတွက် ဆန္ဒပြပွဲ ပြီးဆုံးသွားတယ်လို့ သိရပါတယ်၊
2012-04-11
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေ့လည်ပိုင်းက နေပြည်တော် သမ္မတအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2012-04-11
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ထောက်ခံရပ်တည်ပေးကြတဲ့ အဆိုတော်တချို့ကို သြင်္ကန် ရေကစားမဏ္ဌပ်မှာ သီဆိုဖျော်ဖြေဖို့ ပြောဆိုထားပြီးမှ မဏ္ဌပ် စီစဉ်ကြီးကြပ်သူတွေက သက်ဆိုင်ရာက ငြိုငြင်မှာပူပန်ပြီး စတိတ်ရှိုးတွေမှာ သီဆိုခွင့် ပိတ်ပင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
2012-04-11
မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ ပေါကြွယ်ဝတာ၊ အာရှတိုက်မှာ မဟာဗျူဟာကျတဲ့နိုင်ငံ ဖြစ်တာနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်မှု များလာတာတွေကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ဆန်လာမယ့် တိုင်းပြည်ဖြစ်တယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ် အေဒီဘီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-04-11
မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများနှင့် ပတ်သက်ပြီး အမေရိကန် ပေါ်လစီ ပြောင်းလဲရေးအတွက် အမေရိကန် အောက်လွှတ်တော်နဲ့အစိုးရကို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာဂျင်မ်ဝက်ဘ်က ပြောကြားလိုက်ပါတယ်။
2012-04-10
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အဆင်ပြေ ချောမွေ့စေရေးအတွက် ကုမ္ပဏီမှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ကို မြန်ဆန်သွက်လက်အောင် ဆောင်ရွက်ဖို့စီစဉ်နေကြောင်း မြန်မာနိုင်ငံ ကုမ္ပဏီများမှတ်ပုံတင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုက ပြောဆိုတယ်လို့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဥပဒေ စာစောင်က ဖော်ပြပါတယ်။
2012-04-10
ICG ခေါ် အပြည်ပြည်ဆိုင်ရာ အကြပ်အတည်းများ လေ့လာရေး သုခမိန်အဖွဲ့က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို မဆိုင်းမငံ့ ချက်ခြင်း ရုပ်သိမ်းပေးဖို့ အကြံပြုလိုက်ပါတယ်၊
2012-04-10
NLD ပါတီကို ပါတီအသစ် တစ်ရပ်အနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ဒီကနေ့ အကြိုတွေ့ဆုံ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်ပါတယ်။
2012-04-10
မြန်မာနိုင်ငံက အပြောင်းအလဲတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ဖို့ ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့နဲ့ ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-04-10
မြန်မာအစိုးရနဲ့ သဘောတူညီချက် ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်ဖို့ ပဲခူးတိုင်း ဒေသကြီး အစိုးရနဲ့ KNU တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေး ကြတယ်လို့ သိရပါတယ်။
2012-04-10
တိုင်းရင်းသားဒေသတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတွေအပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ ကရင်နီပြည်နယ် လူငယ်အဖွဲ့အစည်းတို့က ဒီကနေ့ သဘောတူ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-04-10
မြန်မာ့ဒီမိုကရေစီအရေးမှာ"လူထုခေါင်းဆောင်" အဖြစ်ကနေ လွှတ်တော်ထဲ ဝင်ရောက်ပြီး "နိုင်ငံရေးသမား" အဖြစ်ရပ်တည်တော့မှာ ဖြစ်တဲ့အတွက် ရှေ့လာမယ့် ခရီးလမ်းဟာ မလွယ်ကူဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြု သတိပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကမနေ့က ပြောကြားလိုက်ပါတယ်။
2012-04-10
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ မနက်ဖြန်မနက်ပိုင်း တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ အာအက်ဖ်အေက စုံစမ်းသိရှိရပါတယ်။