သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-04-06
မြသားကွန်ယက်အဖွဲ့ Green Network ဟာ ဧရာဝတီမြစ်ဆုံ အပါအဝင် ကချင်ပြည်နယ် တစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းရမယ့် နေရာအဖြစ် သတ်မှတ်အောင် တင်ပြမယ်လို့ Green Network အဖွဲ့ကို ဦးဆောင်တဲ့ ဆရာကြီး ဦးအုန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2012-04-06
အစိုးရနဲ့ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးတို့ဟာ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ စစ်မက်ဖြစ်ပွားမှု အမြန်ဆုံး ရပ်ဆိုင်းရေး လုပ်ဆောင်သွားဖို့ သဘောတူညီချက် ရရှိသွားကြပြီလို့ သိရပါတယ်။
2012-04-06
အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းရေးအတွက် အခုကြားဖြတ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်အနေနဲ့ ဦးစားပေး ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထင်ရှားတဲ့ မြန်မာ့စီးပွားရေး ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်ပါတယ်။
2012-04-06
လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦးတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များအဖြစ် ပါဝင်လှုပ်ရှားနိုင်ဖို့ လျှောက်လွှာ တင်သွင်းလာတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2012-04-05
အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ILO) သွားရောက် လေ့လာကြည့်ရှုဖို့ မြန်မာအစိုးရဘက်က သဘောတူ လက်မှတ် ရေးထိုးလိုက်ပါတယ်။
2012-04-05
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် လွှတ်တော်တရပ်လုံးက ဂုဏ်ပြုချီးမြှင့်ထားတဲ့ ၂၀၀၈ ခုနှစ် (Congressional Gold Medal) လွှတ်တော်ရဲ့ရွှေတံဆိပ်ဆုကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ အခမ်းအနားနဲ့ ပေးအပ်မှာ ဖြစ်တယ်လို့ အောက်လွှတ်တော် အမတ် Nancy Pelosi ရုံးက ဒီကနေ့ ပြောပါတယ်။
2012-04-05
မြစ်ဆုံစီမံကိန်း ပြန်စဖို့ဆိုတဲ့ စာဟာအတုဖြစ်တယ်လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် အစိုးရအဖွဲ့ရုံးက ပြောဆိုပါတယ်။
2012-04-05
လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး သမိုင်းဝင် စာစောင်တစ်စောင်ဖြစ်ခဲ့တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ အိုးဝေစာစောင်ကို အခုလက်ရှိ တာဝန်ယူနေတဲ့ ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေက ပထမဦးဆုံးအကြိမ် ပြန်လည် ပုံနှိပ်ထုတ်ဝေလိုက်ပါတယ်။
2012-04-05
တစ်ရွာလုံးနီးပါး မီးလောင်သွားတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝင်းကုန်းရွာသားတွေအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေ သိန်း ၁၀၀ လှူဒါန်းလိုက်ပါတယ်။
2012-04-05
နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အရ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP နဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းပေးတဲ့ ရခိုင်ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေဟိုတယ်မှာ ပြည်နယ်အဆင့် အချက်ငါးချက်ပါ အပစ်ရပ် ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပါတယ်။
2012-04-05
အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ အားလုံးကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ တရုတ်အစိုးရက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2012-04-05
ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြောလိုက်ပါတယ်။
2012-04-04
ဥရောပသမဂ္ဂ အီးယူအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ ထိန်းချုပ်ထားတဲ့ သယံဇာတဆိုင်ရာ ကူးသန်းရောင်းဝယ်ခွင့်ကို ဆက်ပြီး ပိတ်ဆို့ထားဖို့ လိုအပ်နေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့က ပြောလိုက်ပါတယ်။
2012-04-04
မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု တချို့ကို အီးယူ ဥရောပသမဂ္ဂက ပြန်လည်ရုပ်သိမ်းမှာ ဖြစ်ပေမဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးအတွက် ဆက်လက် ဖိအားပေးသွားမှာ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောလိုက်ပါတယ်။
2012-04-04
မြန်မာပြည်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေအတွက် အမေရိကန် ပြည်ထောင်စုက စီးပွားရေးတိုးတက်ရေး အကူအညီပေးဖို့ စတင် ပြင်ဆင်နေတဲ့အထဲမှာ အကြွေးကတ်စနစ် ထွန်းကားရေးလည်း ပါဝင်ဖွယ်ရှိတယ်လို့ အမေရိကန် အစိုးရအရာရှိ အသိုင်းအဝိုင်းက ပြောပါတယ်။