သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-04-04
ကြားဖြတ် ရွေးကောက်ပွဲ အပါအဝင် သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတချို့သမ္မတ ဦးသိန်းစိန် အစိုးရဘက်က ဆောင်ရွက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေကို တဖြည်းဖြည်း လျော့ချသွားဖို့ အမေရိကန် ပြည်ထောင်စုက စတင်ပြင်ဆင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မနေ့က အထူး ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
2012-04-04
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်သံရုံး တာဝန်ခံနဲ့ ဗြိတိန်၊ ပြင်သစ်၊ သြစတေးလျ သံအမတ်တွေက ဒီကနေ့ အသီးသီးသွားရောက် တွေ့ဆုံခဲ့ကြပါတယ်။
2012-04-04
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြင်ဆင်ရေးကိစ္စတွေကို UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက NLD ပါတီနဲ့အတူ တတ်စွမ်းသလောက် ဝိုင်းဝန်း လုပ်ဆောင်သွားမယ်လို့ UNFC က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-04-04
ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလာမယ့် စနေနေ့ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံပြီး လွှတ်တော်အတွင်း လုပ်ဆောင်သွားမယ့် ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
2012-04-04
အခုကျင်းပ ပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အကြီးအကဲ ဦးဌေးဦးက ပြောဆိုပါတယ်။
2012-04-04
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က တစ်ရွာလုံးနီးပါး မီးလောင်သွားတဲ့ စစ်ကိုင်းတိုင်း၊ ဝင်းကုန်းရွာက မီးဘေးဒုက္ခသည်တွေကို နာရေးကူညီမှုအသင်း(ရန်ကုန်) က တစ်အိမ်ထောင် ကျပ်ငွေ ၃ သောင်းနှုန်းနဲ့ စုစုပေါင်း သိန်း ၅၀ သွားရောက် လှူဒါန်းခဲ့ပါတယ်။
2012-04-04
မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ ဒုတိယအကြိမ် ဆွေးနွေးဖို့အတွက် KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော် ဇီဖိုးရာစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း၊ မြန်မာနယ်စပ်ကနေ ကရင်ပြည်နယ် ဘားအံမြို့ကို ဒီကနေ့ ရောက်ရှိသွားပြီး အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2012-04-03
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ အားလုံးကို ပြန်လည်ရုပ်သိမ်းဖို့ အနောက်နိုင်ငံတွေကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက တောင်းဆိုခဲ့ကြပါတယ်။
2012-04-03
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံဖို့ ခြေလှမ်းပြင်နေကြောင်း အရိပ်လက္ခဏာ ပြသလိုက်ပါတယ်။
2012-04-03
မြန်မာနိုင်ငံ လက်ရှိ သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေ၊ အနာဂတ် အလားအလာတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးဟောင်း ဦးရဲထွဋ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က နေပြည်တော်မှာ သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။
2012-04-03
ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာမောင်ဝံသက ဒီတစ်ပတ်ထုတ် ဂျာနယ်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်က ပုဂ္ဂိုလ်တွေအနေနဲ့ ဥပဒေပြုရေးမဏ္ဍိုင်က လွှတ်တော်အမတ်တွေကို လေးလေးစားစား ဆက်ဆံသင့်တယ်ဆိုတဲ့ အယူအဆနဲ့ အမတ်တွေကလည်း ရေပေါ်ဆီမဖြစ်ဖို့ လိုတယ်ဆိုပြီး ထောက်ပြထားတဲ့ ဆောင်းပါးတစ်စောင် ရေးသားလိုက်ပါတယ်။
2012-04-03
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ရဲစခန်းရှိ အချုပ်ခန်းထဲက တရားခံတွေဟာ မနေ့ မနက်ပိုင်းက ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဟန့်တားခဲ့ရာ ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိတယ်လို့ သတင်းရရှိပါတယ်။
2012-04-03
ဧပြီလ ၁ ရက်နေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် လစ်လပ်နေရာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီ SNDP က အနိုင်ရရှိကြောင်း လာရှိုးရှိ ကျားဖြူ ပါတီဝင်များကို ကိုးကားပြီး ရှမ်းသတင်းဌာနက ဖော်ပြထားပါတယ်။
2012-04-03
ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီးက တောင်သူလယ်သမား အယောက် ၈၀ ကျော် ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ ဒီကနေ့ကျင်းပပြီး သူတို့လယ်မြေတွေ အသိမ်းခံရတာတွေ နစ်နာချက်တွေကို စုစည်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ILO တို့ကို တင်ပြ တိုင်တန်းသွားမယ်လို့ သဘောတူလိုက်ကြပါတယ်။
2012-04-03
မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သလို တိုင်းရင်သား လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်တိုင်းပြည်လုံး အတိုင်းအတာအရ အပစ်ခတ်ရပ်စဲရေးကို လုပ်ဆောင်ဖို့လိုကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)က သမ္မတဦးသိန်းစိန်ကို ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။