သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-04-02
အဝေးရောက် တိဘက်အစိုးရ ဝန်ကြီးချုပ် Lobsang Sangay က မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲခံနိုင်ခဲ့တာဟာ မိမိတို့အတွက် မျှော်လင့်ချက် ရောင်ခြည်ပဲ ဖြစ်ကြောင်း မနေ့က ပြောဆိုပါတယ်။
2012-04-02
မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ရာမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေက ဒီဖိအားတွေကို ရုပ်သိမ်းဖို့ရာ အချိန်မကျသေးကြောင်း တနင်္ဂနွေနေ့က ပြောဆိုလိုက်ပါတယ်။
2012-04-02
ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်နီးပါး အနိုင်ရရှိခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။
2012-04-02
မြန်မာလူထုအတွက် ခေတ်မီ သိပ္ပံပညာ၊ နည်းပညာ ဗဟုသုတတွေ ရရှိစေဖို့ RFA ပြင်ပဆောင်းပါးရှင် ဒေါက်တာမောင်ဘချစ်က ယနေ့သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို အပတ်စဉ် တင်ဆက်ခဲ့ပါတယ်။ နားဆင်လိုသူများအတွက် မှတ်တမ်းအဖြစ် ဆက်လက် တင်ဆက်ထားပါတယ်။
2012-04-02
ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်ရဲ့ သဘောထား အမြင်ကို အာအက်ဖ်အေအဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
2012-04-02
နိုင်ငံခြားငွေ လဲလှယ်နှုန်းစနစ်ကို ဈေးကွက်အခြေခံတဲ့ ထိန်းကျောင်းမှုရှိတဲ့ နှုန်းရှင် ငွေလဲနှုန်းစနစ် Managed Floating Exchange Rate Regime ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ဒီနေ့ စတင်ကျင့်သုံးရာမှာ တစ်ဒေါ်လာကို ၈၁၈ ကျပ်နှုန်း သတ်မှတ်လိုက်ပါတယ်။
2012-04-02
မဲရုံ အားလုံးပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းလောက်မှာ မဲစာရင်းအမှားများ တွေ့ရှိရပြီး မဲမပေးလိုက်ရသူတွေ အမြောက်အများ ရှိတယ်လို့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ ပဏာမ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2012-04-02
ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အိန္ဒိယအခြေစိုက် ဟိန္ဒူဘာသာဝင် အဖွဲ့အစည်းကြီးတစ်ခုက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘဂါဝမ် မဟာဗီယာ ကမ္ဘာ့ငြိမ်းချမ်းရေးဆု ဒီကနေ့ ချီးမြှင့်လိုက်ပါတယ်။
2012-04-02
ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်မြို့ရှိ စစ်ပြေးဒုက္ခသည်တွေအတွက် ဧပြီလ ၁ ရက်နေ့က မိုးမောက်မြို့ ကက်သလစ်ဘုရားကျောင်းဝင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်ကို အာဏာပိုင်တွေက ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
2012-04-02
ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲလက်မှတ်တွေပေါ်မှာ အမှတ်ခြစ်လို့ မရအောင် ဖယောင်းသုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေအခိုင်အလုံနဲ့ တိုင်တန်းမယ်ဆိုရင် ဥပဒေအရ ပြစ်မှုကျူးလွန်သူ မည်သူမဆို ထောင်ဒဏ်တစ်နှစ်အထိ အပြစ်ပေး အရေးယူခံရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အကြီးအကဲတစ်ဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-04-02
မနေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အောင်နိုင်မှုဟာ ပြည်သူတွေရဲ့အောင်နိုင်မှုဖြစ်ပြီး တခြားပုဂ္ဂိုလ်တွေ၊ တခြားအဖွဲ့အစည်းတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ကြပါနဲ့လို့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2012-04-02
NLD ပါတီ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်အားလုံး မဲ နိုင်သွားပေမဲ့ မြန်မာနိုင်ငံအနှံ့ နေရာ တော်တော်များများမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး NLD ပါတီ အောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူးက ပြည်ထောင်စုကော်မရှင်ကို မနေ့က နေ့စွဲနဲ့ စာရေးသား ကန့်ကွက်ထားပါတယ်။
2012-04-01
ကျင်းပ ပြီးစီးသွားတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ဆင်နွဲခဲ့ကြတဲ့အတွက် မြန်မာပြည်သူတွေကို ချီးကျူး ဂုဏ်ပြုပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hilary Clinton က တနင်္ဂနွေနေ့မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
2012-04-01
မနေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်နေရာ ၄၅ နေရာအနက် ၄၃ နေရာမှာ အနိုင်ရရှိသွားတယ်လို့ NLD က အတည်ပြု ပြောဆိုပါတယ်။ ကျန်တစ်နေရာမှာတော့ အနိုင်ရရှိတယ်လို့သတင်းများ ရရှိပေမဲ့ ဆက်သွယ်မှု အခက်အခဲကြောင့် အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ဆိုပါတယ်။
2012-04-01
မိတ္ထီလာမြို့မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ NLD ပါတီဝင်ဟောင်း ဒေါ်မြင့်မြင့်အေးက ရွေးကောက်ပွဲ မကျင်းပခင် ၃ ရက်အလိုနဲ့ တစ်ပတ်အတွင်း ကာလတွေမှာ သူ့ကို လောက်လေးခွနဲ့ပစ်တာ၊ ကျောက်ခဲနဲ့ပေါက်ပြီး တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း ပြောပါတယ်။