သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-05-12
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ တွီဗန်ကျေးရွာ အခြေစိုက် ရှေ့တန်းတပ်ရင်း ခလရ (၂၆၆) မှာ မေလ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲလောက်က တပ်တွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
2012-05-12
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်၊ သုမင်္ဂလာလမ်းမှာရှိတဲ့ အောင်ရွှေဆိုင်မှာ ဒီကနေ့မနက် (၁၂) နာရီဝန်းကျင်က လုယက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
2012-05-12
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အမိနိုင်ငံ တိုးတက်ရေးအတွက် ပြည်ပရောက် တတ်သိပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ဖိတ်ခေါ်လိုက်ပါတယ်။
2012-05-12
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ် သူတာဝန်ရှိတဲ့ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်က ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို ဒီကနေ့ လက်တွေ့ ကွင်းဆင်း လေ့လာခဲ့ပါတယ်။
2012-05-11
ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ပင်ခံထားရတဲ့ အကယ်ဒမီ မင်းသားကျော်သူဟာ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ပြန်လည်သရုပ်ဆောင်ခွင့်၊ ရိုက်ကူးခွင့် ရှိသွားပြီလို့ သိရပါတယ်။
2012-05-11
၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ အဖိနှိပ်ခံခဲ့ရတဲ့ သံဃာတော်တွေနဲ့တကွ ကျောင်းသား ပြည်သူတွေအနေနဲ့ မိမိတို့ ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တိုင်ကြားမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဂျာမနီနိုင်ငံကို လေ့လာရေးခရီးစဉ်အဖြစ် ခေတ္တရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ နိုင်ငံသားများရဲ့မူလအခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မနေ့က RFA ကို အခုလို ပြောကြားလိုက်ပါတယ်။
2012-05-11
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တွေ့ဆုံဆွေးနွေးရတာဟာ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ဆက်လက် ဆွေးနွေးရတဲ့ အခွင့်အလမ်းကောင်း တစ်ခုပါပဲလို့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အကြီးအကဲ Ms Catherine Ashton က ပြောကြားလိုက်ပါတယ်။
2012-05-11
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ဟုမ္မလင်းနယ်မှာရှိတဲ့ စပါးခင်းတွေ အမြောက်အများဟာ အဲဒီအနီးအနားမှာ ရွှေတူးနေတဲ့ ကုမ္ပဏီတွေကြောင့် ပျက်စီးကုန်လို့ ဒီနေ့ မြို့နယ် တရားရုံးမှာ လယ်သမားတွေက တရားစွဲလိုက်တယ်လို့ သိရပါတယ်။
2012-05-11
ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြီးမှူးကျင်းပနေတဲ့ Democracy Lessons Learned အလုပ်ရုံဆွေးနွေးပွဲနဲ့ မြန်မာသတင်းသမားတွေအတွက် ရက်တို သင်တန်းပို့ချပွဲကို ဒီကနေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပနေရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
2012-05-11
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် ၇၊ ရွှေဘိုလမ်းမှာရှိတဲ့ Myth အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ လောက်ဟာ ဒီကနေ့ ညနေပိုင်းက မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးမှာ လုပ်ခလစာ တိုးပေးရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
2012-05-11
ပြည်တွင်းငြိမ်းချမ်းရေးမှာ မျိုးဆက်သစ်လူငယ်တွေ ပူးပေါင်းပါဝင်ရေးနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave အဖွဲ့က လူငယ်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြကြောင်း သိရပါတယ်။
2012-05-11
နိုင်ငံတော် သမ္မတရုံး သတင်းပြန်ကြားရေးဌာန၊ သမ္မတကြီး ဦးသိန်းစိန်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိအောင် အင်တာနက်စာမျက်နှာ ဝက်ဘ်ဆိုက်ကို ဒီကနေ့ တရားဝင် စမ်းသပ် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
2012-05-10
ဒီကေဘီအေ ကလိုထူးဘောအဖွဲ့ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်ချုပ် စောလားပွယ်က မိမိအနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးဖို့ အမေရိကန် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန (DEA) အပါအဝင် ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေကို မိမိတို့နယ်မြေအတွင်း လာရောက်စစ်ဆေးဖို့ စာရေးသား ဖိတ်ကြားထားကြောင်း ပြောဆိုခဲ့ပါတယ်။
2012-05-10
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ တစုံတရာ အကျိုးရှိပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း တိုင်းရင်းသား လူမျိုးစုအဖွဲ့တွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
2012-05-10
ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်မှာ မနေ့က ကျင်းပခဲ့တဲ့ စာနယ်ဇင်းသမားများ ဆွေးနွေးပွဲကို NLD ပါတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး Mr. Radek Sikorski တို့ တက်ရောက်ခဲ့ကြပါတယ်။