သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-18
ရန်ကုန် မင်္ဂလာဒုံစက်မှုဇုန်မှာရှိတဲ့ ဂျပန်အမျိုးသားပိုင် ဖာမိုဆို အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းတာကို မလိုက်လျောတဲ့အတွက်ဒီကနေ့ ရန်ကုန်တိုင်း အလုပ်သမားရေးရာခုံရုံးကို တင်ပြလိုက်ကြောင်း အလုပ်သမားခေါင်းဆောင်တွေက ပြောဆိုပါတယ်။
2012-06-18
အလုပ်သမား ဝန်ကြီးဌာန စက်မှုဇုန် စက်ရုံအလုပ်သမားတွေရဲ့အနိမ့်ဆုံးယာယီလစာကို ကျပ် ငါးသောင်း ခြောက်ထောင် ခုနှစ်ရာ (၅၆၇၀၀) သတ်မှတ်လိုက်ကြောင်းနဲ့ လုပ်ငန်းရှင်တွေဘက်ကလည်း ဒီသတ်မှတ်ချက်ကို အမြန်ဆုံးအကောင်ထည်ဖော် ဆောင်ရွက်ပေးဖို့ အလုပ်သမားဝန်ကြီးဌာနက မေတ္တာရပ်ခံလိုက်ကြောင်း သိရပါတယ်။
2012-06-17
နော်ဝေနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဒုက္ခသည် တိုင်းရင်းသားပေါင်းစုံကို လက်ခံစောင့်ရှောက်ထားတဲ့ နော်ဝေနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေဟာ လေးစား အတုယူစရာကောင်းတဲ့ စံနမူနာအဖြစ် မနေ့က ချီးကျူးပြောကြားလိုက်ပါတယ်။
2012-06-17
ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း(အသက် ၇၁ နှစ်) ဟာ ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးရုံမှာ မနေ့ ည ၁၁ နာရီခွဲလောက်က အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
2012-06-17
ရခိုင်ပြည်နယ်ကျောက်တော်မြို့က သံခါးတောင်ရွာမှာ မနေ့က ဖြစ်ပွားတဲ့ မီးရှို့မှုနဲ့ ဒီမနက်က တခြားရွာတရွာ မီးရှို့မှုမှာ ပါဝင် ပတ်သက်တယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရတဲ့သူ ၁၂ ဦး ပြန်လွှတ်ပေးဖို့ မြို့လူထုက ဒီနေ့ ဆန္ဒပြကြပါတယ်။
2012-06-17
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းက ဆာဇန် ကျေးရွာမှာ ၂၀၀၉ ခုနှစ်က ကျေးရွာ လျှပ်စစ်မီး ရရှိတဲ့ အထိမ်းအမှတ် ဖွင့်ပွဲ ပြုလုပ်ပြီးပေမဲ့ အမှန်တကယ် မီးမရတာကြောင့် ဖြစ်စဉ်အမှန်ကို ထပ်ပြီးတင်ပြဖို့ အခက်အခဲတွေ့နေရတယ်လို့ ချင်းတိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး (၂) ဦးရှိန်းထွန်းက ပြောဆိုပါတယ်။
2012-06-16
မြန်မာနိုင်ငံမှာ ခိုင်မာတဲ့အပြောင်းအလဲတွေဖြစ်လာဖို့ဆိုရင် သမ္မတ ဦးသိန်းစိန်အစိုးရ စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးမှာ ပြည်တွင်း အင်အားစု အားလုံး အမြော်အမြင်ရှိရှိ ပူးပေါင်းဆောင်ရွက်မှဖြစ်မယ်လို့ မနေ့က နော်ဝေးနိုင်ငံ အော်စလိုမြို့တော်မှာကျင်းပတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု အခမ်းအနားမိန့်ခွန်းမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-06-16
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး အားမာန်နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး သတ္တိတို့အပေါ် ဥရောပသမဂ္ဂ ( EU ) က ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။
2012-06-16
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့တော်ခန်းမမှာ မနေ့က နိုဘယ်လ် ငြိမ်းချမ်းရေးဆု လက်ခံတဲ့ မိန့်ခွန်းပြော ကြားအပြီးနော်ဝေနိုင်ငံကိုရောက်ရှိနေတ မြန်မာတွေနဲ့ သီးသန့်တွေ့ဆုံပွဲကိုတက်ရောက်ခဲ့ပါတယ်။
2012-06-16
အခုတစ်ပတ် ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တဲ့ တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ဒုက္ခရောက်ခဲ့ကြရသူတွေရဲ့ ဘဝတွေ ပြန်လည်ထူထောင်ရေးနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အရှိန်ရဖို့ လိုအပ်ပုံတွေကို အခြေပြုဆွေးနွေး တင်ပြထားပါတယ်။
2012-06-16
နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံက လူမျိုးရေး ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် အာရုံစိုက် ကြိုးပမ်းကြဖို့ လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dipu Moni က ဒီကနေ့ ဘင်္ဂလားဒေ့ရ်ှ ပါလီမန် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
2012-06-16
ရန်ကုန်တိုင်း ဗဟန်း မြို့နယ် ကုက္ကိုင်းလမ်းဆုံ နှင့် တက္ကသိုလ်ရိပ်သာ လမ်းမီးပွိုင့် အနီးက ကုက္ကိုင်း အစ္စလာမ် ဝတ်ကျောင်းဗလီကို ဒီကနေ့ မနက် ၂ နာရီ ၃၀ ခန့်က လူ ၃၀ လောက်က ဗလီကို အုတ်ခဲနဲ့ ပစ်ပေါက်ခဲ့ပြီး ဝတ်ကျောင်းရှေ့က ရှေးဟောင်းပစ္စည်းဆိုင် တစ်ဆိုင်ကို ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
2012-06-16
ရခိုင်ပြည်နယ်မှာ မေ ၂၈ ရက်က ဇွန် ၁၄ ရက်အတွင်းဖြစ်ပွားသွားတဲ့ ပဋိပက္ခအတွင်း လူ ၅၀ သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ အစိုးရ သတင်းစာတွေမှာ ဒီနေ့ဖော်ပြပါတယ်။
2012-06-16
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ကူညီဖို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က စီစဉ်နေပြီး ဒုက္ခသည် စခန်းတွေ အတွက် ရေသန့်၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အပြင် အမိုးအကာ စသဖြင့် အရေးပေါ် အကူအညီတွေ အထူး လိုအပ်နေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။
2012-06-16
ကမ္ဘာ့နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံလိုက်ရတယ်လို့ ကြားသိခဲ့ရတဲ့အချိန်မှာ မိမိခံစားလိုက်ရတာက အချုပ်နှောင်ခံထားရတဲ့ မိမိဘဝကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု က တခြားလူသားတွေရဲ့ ကမ္ဘာနဲ့ ပြန်လည်ချိတ်ဆက်ပေး လိုက်တာပဲလို့ ခံစားမိကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်လ်ဆု ချီးမြှင့်တဲ့ အခမ်းအနားမှာ ထည့်သွင်းပြောခဲ့ပါတယ်။