သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-15
ဆွစ်ဇာလန်နိုင်ငံကနေ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို မနေ့ကရောက်ရှိလာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လေဆိပ်မှာ နိုဘယ်လ်ဆုကော်မတီ ဥက္ကဋ္ဌ Thorbjoern Jagland နဲ့အတူ နိုဘယ်လ်ဆုကော်မတီက တာဝန်ရှိသူတွေ လာရောက်ကြိုဆိုခဲ့ကြပါတယ်။
2012-06-15
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က ထင်ရှားတဲ့ ဒီမိုကရက်တစ်အမတ်တစ်ဦးဖြစ်သူ မစ္စတာ Joseph Crowley က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
2012-06-15
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှှုများနဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှှုတွေကို ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်အောင် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ဝိုင်းဝန်း ကူညီကြဖို့ လိုအပ်ကြောင်း အမေရိကန်နဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-06-15
ဒီကနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကအရေးအတွက် လူ သုံးထောင်ကျော်လောက် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိပါတယ်။
2012-06-15
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အမေရိကန်နိုင်ငံကလည်း အကူအညီပေးမယ်လို့ သိရပါတယ်။
2012-06-15
RFA TV အစီအစဉ်တွေကို ပရိသတ်တွေ ပိုပြီး ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် ကြည့်ရှုနိုင်ကြဖို့ အတွက် Apstar 2R ဂြိုဟ်တုက ထုတ်လွှင့်ပေးနေရာကနေပြီး အခုအခါ နောက်ဆုံးထွက်ပေါ်လာတဲ့ Apstar-7 ဂြိုဟ်တု အသစ်ကနေ ပြောင်းလဲ ထုတ်လွှင့်နေပါပြီ။ ဇွန်လ ၂၁-ရက်နေ့ နောက်ပိုင်းမှာတော့ လက်ရှိသုံးနေတဲ့ Apstar 2R ဂြိုဟ်တုကနေ ကြည့်လို့ ရတော့မှာ မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။
2012-06-15
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်မှာ ဒီကနေ့မနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားပါတယ်။ ဒီမီးဟာ ရှို့မီးဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
2012-06-15
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဆွစ်ဇာလန်နိုင်ငံ မြို့တော် ဘန်း (Bern) မှာ ကျင်းပနေတဲ့ ဆွစ်ပါလီမန်ကို တက်ရောက်ခဲ့ပြီး ဆွစ်ပါလီမန်အမတ်တွေရဲ့ မူဝါဒရေးရာဆွေးနွေးနေတာကို တက်ရောက် နားထောင်ခဲ့ပါတယ်။
2012-06-14
မြန်မာနိင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အများစုကို ဆွစ်ဇာလန်နိင်ငံက ရုပ်သိမ်းလိုက်ကြောင်း မနေ့က Swiss နိုင်ငံခြားရေးဌာနက ပြောကြား လိုက်ပါတယ်။
2012-06-14
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး မစ္စတာ Vijay Nambia ဟာ မနေ့က မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။
2012-06-14
မြန်မာဘက်က ခိုလှုံလာသူ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ပေးဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးတောင်းဆိုနေပေမဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ မနေ့က လက်မခံဘဲ ငြင်းဆိုလိုက်ပါတယ်။
2012-06-14
မြန်မာနိုင်ငံ ငြိမ်းချမ်းနိုင်ရေးအတွက် တရားဥပဒေစိုးမိုးမှုရှိဖို့ အရေး ကြီးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပါတယ်။
2012-06-14
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ခင်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ညီလာခံကို တက်ရောက်ပြီး မြန်မာနိုင်ငံက အလုပ်သမားအခွင့်အရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အခြေခံတဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ ILO အဖွဲ့ကြီးကို ပန်ကြား လိုက်ပါတယ်။
2012-06-14
အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘေးလွတ်ရာ ထွက်ပြေးရသူတွေ နဲ့ ရွှေ့ပြောင်းရသူ သောင်းနဲ့ချီတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
2012-06-14
နေပြည်တော်ကို ချီတက်ဆန္ဒပြနေတဲ့ ရမည်းသင်းခရိုင်က ရွှေတွင်းလုပ်သားတွေ လမ်းခုလတ်မှာပဲ သူတို့ တောင်းဆိုတာတွေကို ကုမ္ပဏီဘက်က ဒီနေ့ လိုက်လျောလိုက်တယ်လို့ သိရပါတယ်။