သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-09
ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲ တနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မြစ်ကြီးနားမြို့မှာ ဆုတောင်းပွဲ ကျင်းပကြရာ မြို့ခံလူထု ၂၀၀၀ ကျော်လောက် တက်ရောက်ကြတယ်လို့ သိရပါတယ်။
2012-06-09
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ အ၇င်က သဘောတူညီမှု မရသေးတဲ့ အချက်တွေကို ဒီကနေ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်း အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ပြေလည်မှု မရရှိသေးဘူးလို့ သိရပါတယ်။
2012-06-09
ရခိုင်ပြည်နယ်မှာ လောလောဆယ်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လှုံ့ဆော်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
2012-06-09
ရခိုင်ပြည်နယ် မောင်တောမြို့မှာ မနေ့က ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှု တွေမှာ လူ ၇ ဦး သေဆုံးပြီး ဒီနေ့တော့ အခြေအနေတွေ တည်ငြိမ်အောင် ထိမ်းချုပ်ထားနိုင်ပြီလို့ မြန်မာအာဏာပိုင်တွေ ပြောဆိုကြောင်း သိရပါတယ်။
2012-06-09
မန္တလေးမြို့မှာရှိတဲ့ စိမ်းရောင်စို၊ ဂီတမိတ်နဲ့ နယ်ဒေသ အသီးသီးက သဘာဝ ပတ်ဝန်းကျင်နဲ့ ပရဟိတ လုပ်ကိုင်နေသူတွေ စုပေါင်းပြီး လူအင်အား (၇၀) ခန့်က မြို့တွင်း နေရာ (၅) နေရာကို လှည့်လည်ပြီး ကချင်ပြည်နယ် စစ်ပွဲ တနှစ်ပြည့်နဲ့ စစ်ပြေးဒုက္ခသည်တွေကို ထောက်ပံ့ရေး အတွက် ဂီတလှည့်လည် ဖျော်ဖြေပွဲ တစ်ခု စုပေါင်း ပြုလုပ်ခဲ့ကြရာမှာ အလှူငွေသိန်း (၄၀) လက်ခံရရှိတယ်လို့ သိရပါတယ်။
2012-06-08
အိုင်ယာလန်နိုင်ငံမှာ ဇွန်လ ၁၈ ရက်နေ့ ကျင်းပမဲ့ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုဖျော်ဖြေပွဲမှာ အဆိုတော်ဘိုနိုနဲ့အတူ ပါဝင်ဖျော်ဖြေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် (ခေါ်) Hip Hop အဆိုတော် ဇေယျာသော်ကို ဖိတ်ကြားထားကြောင်း သိရပါတယ်။
2012-06-08
ရခိုင်ပြည်နယ် မောင်းတောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မနေ့က လူ ၅ ဦး သေဆုံးခဲ့ကြောင်း အစိုးရအရာရှိတွေက ပြောပါတယ်။
2012-06-08
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မနေ့က အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
2012-06-08
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုအားလုံး လုံး၀ ရုပ်သိမ်းပေးဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်က စင်္ကာပူနိုင်ငံက ဆွေးနွေးပွဲတစ်ခုမှာ ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2012-06-08
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ်သွားတဲ့ လမ်းဘေးမှာရှိတဲ့ နယူးစတုန်း ကုမ္ပဏီပိုင် အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံက အလုပ်သမား (၆၀၀) လောက် ဒီကနေ့မနက်ပိုင်းမှာ လုပ်ခလစာ တိုးပေးရေး ဆန္ဒပြ တောင်းဆိုတယ်လို့ စုံစမ်းသိရပါတယ်။
2012-06-08
မြန်မာနိုင်ငံက တရားစီရင်ရေးမဏ္ဍိုင်ရဲ့ အဂတိလိုက်စားမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အဓိကအချက် ၃ ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဆွေးနွေးနိုင်ဖို့အတွက် အာရှဥပဒေရေးရာဌာန ALRC အဖွဲ့က လူ့အခွင့်ရေးကောင်စီကို တင်သွင်းပေးပို့ လိုက်ပါတယ်။
2012-06-08
ရခိုင်ပြည်နယ် မောင်းတောမြို့နယ်က ကျေးရွာတစ်ဒါဇင်လောက်မှာ နေအိမ်တချို့ကို ဒေသခံ မူဆလင်တချို့က ဒီနေ့ မီးရှို့ဖျက်ဆီးတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့်ပြီး နှိမ်နင်းခဲ့ရတယ်လို့ သတင်းတွေ ရရှိပါတယ်။
2012-06-07
ဘယ်လ်ဂျီယန်နိုင်ငံ Brussels မြို့မှာ ဇွန်လ(၄) ရက်နေ့ကနေ (၈) ရက်နေ့ထိကျင်းပနေတဲ့ ဥရောပနဲ့ အာရှ ဒီမိုကရက်နဲ့ လစ်ဘရယ် မဟာမိတ်ပါတီတွေရဲ့ ညီလာခံမှာ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေကို စိတ်ဝင်တစား ဆွေးနွေး ပြောဆိုခဲ့ကြတယ်လို့ ညီလာခံကိုတက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ မိတ္ထိလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
2012-06-07
အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်တို့ကြား ပထမဦးဆုံးအကြိမ် သဘောတူညီမှုတချို့ ရရှိခဲ့ပါတယ်။
2012-06-07
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပွားသွားမှုမှာ တောင်ကုတ်မြို့လူထုပါဝင်ပတ်သက်မှု မရှိဘဲ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ဖြစ်ပွားရတာလို့ ဒေသခံတွေက ပြောပါတယ်။